(ရုပ်/သံ)
ရခိုင်တွင် ပေါ်တာဆွဲမှု ရှိလျှင် တိုင်ကြားနိုင်ဟု နယ်/လုံဝန်ကြီးပြောဆို

ပေါ်တာဆွဲတဲ့ ကိစ္စရပ်တွေ၊ လမ်းပြခေါ်တဲ့ ကိစ္စရပ်တွေ၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း တပ်မတော်အနေနဲ့ကတော့ ဒီလို စစ်ရေး စစ်ရာ ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ပေါ်တာဆွဲတဲ့ ကိစ္စရပ်တွေ မဆောင်ရွက်ဖို့ဆိုတာ လမ်းညွှန် မှာကြား

လျှပ်စစ်မီး ပြတ်တောက်မှု ဖြေရှင်းရန် အတွက် အရန် မဟာဓာတ်အားလိုင်း ရှိရန် လိုအပ်ဟု ဆို

လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရန် အတွက် အရန် ဓာတ်အားလိုင်းစနစ်တခု ထပ်မံ တည်ဆောက်မှသာ ဖြေရှင်း နိုင်မည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ အဆင်မြင့် အရာရှိများက ဧရာဝတီသို့ ပြောသည်

ကြံ့ခိုင်ရေးပါတီ အရေးပေါ် ညီလာခံခေါ်ယူရန် ဦးသိန်းစိန်ထံ တောင်းဆို

ပါတီတွင်း ပြဿနာများ တရားနည်းလမ်းတကျ ဖြေရှင်းနိုင်ရေးအတွက် ပါတီအရေးပေါ်ညီလာခံ ခေါ်ယူပေးရန် ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က လက်မှတ် ရေး ထိုးပြီး ယနေ့ တောင်းဆိုလိုက်ကြောင်း သိရသည်

အာမခံနှင့် ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နုတ်ထွက်

အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ဧပြီလ ၂၈ ရက်နေ့တွင် စံမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံသို့ နုတ်ထွက်စာ တင်ခဲ့သည်။

နေ့စဉ် မိုင်းခွဲပြီး ကျောက်စိမ်းရှာတာတွေ၊ စက်ယန္တရားကြီးတွေက မြေဆီလွှာတွေကို အလယ်ကနေ ကုတ်ထုတ်နေတာတွေကြောင့် မြေကြီးအက်ကွဲကြောင်းတွေကနေ ရွာတခုလုံး ပြိုကျ တော့မယ် အခြေအနေကို စိုးရိမ်နေကြပါတယ်

မူးယစ်ဆေးစွဲ မြန်မာပြည်ကို ဘယ်လိုကုမလဲ

NLD အစိုးရက ပြည်တွင်းပြည်ပ မူးယစ်ဆေးကုန်သွယ်ရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်နည်း။ ဒေါ်အောင်ဆန်းစုကြည် မူးယစ်ဆေးကုန်သွယ်ရေးကို တိုက်ဖျက်နိုင်ပါမည်လား

ဥပဒေတွင် ဈေးဆိုင်များ သို့မဟုတ် စက်ရုံများတွင် အသက် ၁၃ နှစ်အောက်ကလေးများ အလုပ်လုပ်ခြင်းကို တားမြစ်ထားပြီး ဆယ်ကျော်သက်အရွယ် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ကလေးများသည် တနေ့တွင် အလုပ်ချိန် ၄ နာရီထက် မပိုရဟု ဖော်ပြထားသည်

အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

စစ်အာဏာရှင်ခေတ်ဆိုးကြီး တစတစ မှေးမှိန်လာချိန်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဆယ်စုနှစ် ၂ ခုကျော် ဖြတ်သန်းလာသူ NLD လွှတ်တော်အမတ်က အတိတ်ကို ရင်ဝယ်ပိုက်ထားခြင်းမရှိဘဲ အကောင်းမြင်သော ခြေလှမ်းများဖြင့် ရှေ့ဆက်လှမ်းရန် အားသန်နေပြီဖြစ်သည်

စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး ဆိုတာကို ကြားရင် ငါတို့ကို ပြန်တရားစွဲတော့မှာလား၊ ငါတို့ လက်စားချေခံရတော့မှာလားဆိုပြီး စိုးရိမ်ကြတာတွေရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။

ရပ်တည်ချက်မတူညီသော အသိုင်းအ၀ိုင်းများကြားတွင် အလုပ်ဖြစ်စေမည့် တိုးတက်မှုရစေနိုင်မည့် ဟန်ချက် ညီမျှမှု ရရှိရေးတွင် စေ့စပ်ညှိနှိုင်းခြင်း နှင့် လိုက်လျောခြင်းများ၏ အရေးပါမှုကို ပြသနေသည်

ဘားမားလား မြန်မာလား

မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဟု ခေါ်ဝေါ်သုံးစွဲလာခဲ့ရာက ၁၉၈၉ ခုနှစ်က အာဏာသိမ်း နဝတ စစ်အစိုးရက Burma ကို ကိုလိုနီဝေါဟာရဟု ဆိုကာ မြန်မာအသံထွက် ဝေါဟာရ Myanmar ဟု ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့သည်

အငြိမ်းစားယူသွားတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးပြန်ယူကာ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခြင်း ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်းဖြစ်ခဲ့သူ သူရဦးရွှေမန်းအပါအ၀င် ထိပ်တန်းခေါင်းဆောင် ၁၇ ဦးကို ပါတီကနေအနားပေးခြင်းတွေ ပြုလုပ်လာပါတယ်

ဒီနှစ်က အယ်နီညို ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူဖြစ်တဲ့နှစ်တွေမှာ မြန်မာပြည်က မုန်တိုင်းအန္တရာယ်ကင်းတတ်တယ်။ နောက် မုန်တိုင်းအန္တရာယ် လျော့နည်းဖွယ်ရာ ရှိတယ်ပေါ့။

၂၁ ရာစု ပင်လုံညီလာခံအပေါ် သဘောထားအမြင်များ

ညီလာခံဖြစ်ဖို့က အဓိကတော့ အပစ်အခတ် ရပ်စဲရေး အရင်လုပ်ရမယ်။ အဲဒါလုပ်ပြီးမှ တခြားလုပ်ရမယ်။ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ အရင်ရပ်အောင် လုပ်ရမယ်

လုပ်ဆောင်စေချင်တာတွေကို Facebook နေလည်း ပြောနိုင်တယ်

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေကို နိုင်လွန် ကတ္တရာခင်းမယ်။ အဓိကလမ်းမကြီးတွေမှာ အများပြည်သူရဲ့ ကားတွေရပ်နားနိုင်တဲ့ ကားပါကင်ရအောင် လုပ်မယ်။ ပုဂ္ဂလိကပိုင် ကားပါကင်တွေလည်း တရားဝင်ခွင့်ပြုမယ်

ထန်းလျက်ကို ဆန်းသစ်စေသူ ဒေါ်ချိုလဲ့အောင်နှင့် တွေ့ဆုံခြင်း

အခုလောလောဆယ်တော့ Local Market ကို သွားမယ်။ ရောင်းချင်ပါတယ်။ ပြည်တွင်းကစပြီး နိုင်ငံခြားသားကို ဒါနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးစေချင်တယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ ဒီလိုထုတ်ကုန်တွေ ရှိတယ်။ ထုတ်နိုင်တယ်ဆိုတာ နိုင်ငံခြားသားတွေသိမှာ။ နိုင်ငံခြားကို Export ပို့နိုင်ဖို့လဲ ကြိုးစားနေပါပြီ။

မြန်နှုန်းမြင့် Porsche Cayenne GTS

အင်ဂျင်စနစ်မှာ အကြိုက်ဆုံး ကတော့ လည်ပတ်အား နည်းပေမယ့် ရုန်းအား အကောင်းဆုံး ထုတ်ပြနိုင်တာပဲ ဖြစ်ပါတယ်။ SUVမော်ဒယ် အများစုမှာ ပါရှိလေ့ ရှိတဲ့ အင်ဂျင်စနစ်တွေက လည်ပတ်အား မြင့်မားလေ့ရှိပေမယ့် အခု အင်ဂျင်စနစ်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀နဲ့တင် ရုန်း

Miss Myanmar World လျှောက်ထားလိုသူများအနေနဲ့ ဧပြီ ၂၉ ရက်နေ့က စတင်ပြီး မေလ ၃ ရက်နေ့အထိ မနက် ၉နာရီ ကနေ ညနေ ၅ နာရီအတွင်း ကိုယ်လုံးပေါ် အလှဓာတ်ပုံ ၂ ပုံ၊ သန်းခေါင်စာရင်း မိတ္တူတို့နဲ့ Myanmar Event Park (MEP)မှာ လူကိုယ်တိုင် လာရောက် လျှောက်ထားရမှာဖြစ်ပါတယ်

အိမ်ထောင်ရေး ပြဿနာ အဖြေရှာနိုင်စေဖို့

အမျိုးသား၊ အမျိုးသမီးတွေ ဒီလို ဖြစ်ကြရတဲ့ အကြောင်းကတော့ နှစ်ဘက် ဆက်ဆံရေးမှာ ပြဿနာရှိနေလို့၊ အိပ်ခန်းတွင်း အခြေအနေ ကပျင်းရိငြိးငွေ့ဖွယ် ဖြစ်နေလို့၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ်ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု တခု(ဥပမာ မတရား ပြုကျင့်ခံခဲ့ ရဖူးတာမျိုး ဒါမှမဟုတ် အနိုင်ကျင့် နှိပ်စက်ခံရတာမျိုး) ရှိနေလို့၊ အာရုံကြောတွေနဲ့ ဟိုမုန်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ချို့ ယွင်းမှုရှိနေလို့၊ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်နဲ့ ပတ်သက်လို့ ဗဟုသုတ မရှိလို့

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်မျိုးမှာ အေးအေးလူလူနဲ့ ဖတ်နိုင်ဖို့ ဒီရက်သတ္တပတ်အတွင်း ထွက်ရှိလာတဲ့ စာအုပ်စာရင်း တချို့ကို စာဖတ် ပရိသတ်များအတွက် ဧရာဝတီသတင်းဌာနက စုစည်း တင်ဆက်ပေးလိုက်ပါတယ်

ကြိုးနီစနစ်အတွင်း လုပ်ဆောင်ရသော စီးပွားရေး

"အခုဖြစ်နေတာက အချိန်ကြာပြီး ခက်ခဲကျပ်တည်းတဲ့ ကြိုးနီစနစ်ပဲ၊ ကောင်းတဲ့ အုပ်ချုပ်ရေးဆိုတာ အခွင့်အလမ်း ကောင်းကို ဖန်တီးပေးတာ၊ အခုက နှောင့်နှေးမှုကို ပေးနေတာ” ဟု အင်တာဗျူးတခုတွင် ဦးသိမ်းဝေက ဆိုသည်။

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ တိုင်းပြည်က အခြားနေရာက ၀င်ငွေရှာပေးမယ်၊ ထိန်းဆိုရင်လည်း ထိန်း သွားမယ်ပေါ့

မြန်မာ့ဖွံ့ဖြိုးမှု ဆက်ထိန်းထားရန် လုပ်စရာ အများကြီးကျန်နေဟု ကမ္ဘာ့ဘဏ် ဆို

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၂၀၁၅ - ၁၆ တွင် ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သော်လည်း အလယ်အလတ်ကာလအတွင်း တိုးတက်မှုမှာ နှစ်စဉ် ပျမ်းမျှ ၈.၂ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်

ပြင်ဆင် မွမ်းမံမှုများလုပ်ရန် The Strand ဟိုတယ် ၆ လ ပိတ်မည်

“မပြင်တာက ၂၃ နှစ် ရှိသွားပါပြီ၊ ကျနော်တို့ ပြင်ဆင်တဲ့အခါမှာ မြန်မာမှုတွေကိုပဲ အဓိကယူသွားမှာပါ” ဟု ဟိုတယ်၏ Operation Manager က ပြောသည်