(ရုပ်/သံ)
စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘောတူဖ ဘင်္ဂါလီ ဒုက္ခသည်စခန်း၌ ယနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။ ထို မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က “  မီးလောင် ကျွမ်းမှုဖြစ်တာ ဟုတ်တယ်။ ၈ ခန်းတွဲ အဆောင်တွေကို လောင်သွားတာ။ ၈ နာရီကစပြီး မီးလောင်တာ ၉ နာရီမှာ မီးငြိမ်းသွားတယ်။ အရေအတွက် အတိအကျတော့ လောလောဆယ် ဒါပဲသိရသေးတယ်”ဟု ပြောသည်။ ဘောတူဖ ဘင်္ဂါလီ ဒုက္ခသည်စခန်း မီးလောင်းကျွမ်းမှု ဖြစ်ပွားရခြင်းသည် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါ ဘင်္ဂါလီစခန်းတွင် နေထိုင်သူများကလည်း ပြောပြသည်။ “လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဗျ။ ထမင်းချက်တဲ့နေရာကနေ မီးလောင်တာလို့သိရတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ ” […]

တပ်မတော်စည်းလုံးမှုပျက်ပြားအောင်လုပ်ဆောင်နိုင်သဖြင့် သတိရှိရန် ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုး စုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွား အောင် လုပ်ဆောင်လာနိုင်သဖြင့်

RCSS နှင့် TNLA တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်

မေလ ၁ ရက်နေ့ မနက်ပိုင်းကနေ စပြီးတော့ တိုက်ပါတယ်။ မနေ့ကလည်း တနေကုန်လောက် ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့ မနက်ဆိုရင်လည်း မနက် အစောကြီး ၅ နာရီ ၄၆ မိနစ်လောက်ကတည်းက စတိုက်ပါတယ်

လုပ်အားခတိုးပေးရန် မြန်မာ အလုပ်သမားများ ထိုင်းအစိုးရကို တောင်းဆို

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့အား လုပ်အားခတိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြို့တော်ဝန်ရုံးသို့ ယနေ့ ချီတက် တောင်းဆိုကြသည်

ဈေးကွက်ထဲက တံဆိပ်မျိုးစုံသော သောက်ရေသန့်ဘူးကြီးတွေထဲမှာ တချို့က အနည်အမှုန်တွေ၊ အနံ့အသက်တွေ ပါဝင်နေတာကို မြို့ကြီးမြို့ငယ်တွေမှာ ကြုံနေရပါတယ်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမှုဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။

နေ့စဉ် မိုင်းခွဲပြီး ကျောက်စိမ်းရှာတာတွေ၊ စက်ယန္တရားကြီးတွေက မြေဆီလွှာတွေကို အလယ်ကနေ ကုတ်ထုတ်နေတာတွေကြောင့် မြေကြီးအက်ကွဲကြောင်းတွေကနေ ရွာတခုလုံး ပြိုကျ တော့မယ် အခြေအနေကို စိုးရိမ်နေကြပါတယ်

မူးယစ်ဆေးစွဲ မြန်မာပြည်ကို ဘယ်လိုကုမလဲ

NLD အစိုးရက ပြည်တွင်းပြည်ပ မူးယစ်ဆေးကုန်သွယ်ရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်နည်း။ ဒေါ်အောင်ဆန်းစုကြည် မူးယစ်ဆေးကုန်သွယ်ရေးကို တိုက်ဖျက်နိုင်ပါမည်လား

မန္တလေးရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး ဘာလဲ ဘယ်လဲ

ဘတ်စ်ကားကို အဓိက အားထားကြသူတွေက ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေ ဖြစ်တယ်။ ဈေးဗန်းတွေ ခေါင်မိုးပေါ် တင်ပြီး လူက ကားနောက်ခန်းမှာ ထိုင်လိုက်ကြရတာပါ။ မြို့သစ်မှာ နေထိုင်ကြတဲ့ အမျိုးသမီးကြီးတွေလည်း ဘတ်စ်ကား စီးကြတယ်

နိုင်ငံတော်က စာတကြောင်းနှင့် တရားဝင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းဖြင့် ကွယ်လွန်ဆုံးပါးခဲ့သူများ၏ အသက်ဝိညာဉ်များနှင့် ကျန်ရစ်သူ မိသားစုများကို ဖြေသိမ့်နိုင်ပါသည်

စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး ဆိုတာကို ကြားရင် ငါတို့ကို ပြန်တရားစွဲတော့မှာလား၊ ငါတို့ လက်စားချေခံရတော့မှာလားဆိုပြီး စိုးရိမ်ကြတာတွေရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။

ရပ်တည်ချက်မတူညီသော အသိုင်းအ၀ိုင်းများကြားတွင် အလုပ်ဖြစ်စေမည့် တိုးတက်မှုရစေနိုင်မည့် ဟန်ချက် ညီမျှမှု ရရှိရေးတွင် စေ့စပ်ညှိနှိုင်းခြင်း နှင့် လိုက်လျောခြင်းများ၏ အရေးပါမှုကို ပြသနေသည်

ဒီနှစ်က အယ်နီညို ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူဖြစ်တဲ့နှစ်တွေမှာ မြန်မာပြည်က မုန်တိုင်းအန္တရာယ်ကင်းတတ်တယ်။ နောက် မုန်တိုင်းအန္တရာယ် လျော့နည်းဖွယ်ရာ ရှိတယ်ပေါ့။

၂၁ ရာစု ပင်လုံညီလာခံအပေါ် သဘောထားအမြင်များ

ညီလာခံဖြစ်ဖို့က အဓိကတော့ အပစ်အခတ် ရပ်စဲရေး အရင်လုပ်ရမယ်။ အဲဒါလုပ်ပြီးမှ တခြားလုပ်ရမယ်။ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ အရင်ရပ်အောင် လုပ်ရမယ်

လုပ်ဆောင်စေချင်တာတွေကို Facebook  ကနေလည်း ပြောနိုင်တယ်

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေကို နိုင်လွန် ကတ္တရာခင်းမယ်။ အဓိကလမ်းမကြီးတွေမှာ အများပြည်သူရဲ့ ကားတွေရပ်နားနိုင်တဲ့ ကားပါကင်ရအောင် လုပ်မယ်။ ပုဂ္ဂလိကပိုင် ကားပါကင်တွေလည်း တရားဝင်ခွင့်ပြုမယ်

ထန်းလျက်ကို ဆန်းသစ်စေသူ ဒေါ်ချိုလဲ့အောင်နှင့် တွေ့ဆုံခြင်း

အခုလောလောဆယ်တော့ Local Market ကို သွားမယ်။ ရောင်းချင်ပါတယ်။ ပြည်တွင်းကစပြီး နိုင်ငံခြားသားကို ဒါနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးစေချင်တယ်။ ဒါမှ ကိုယ့်နိုင်ငံမှာ ဒီလိုထုတ်ကုန်တွေ ရှိတယ်။ ထုတ်နိုင်တယ်ဆိုတာ နိုင်ငံခြားသားတွေသိမှာ။ နိုင်ငံခြားကို Export ပို့နိုင်ဖို့လဲ ကြိုးစားနေပါပြီ။

ပတ်ဆိုဂျင်ဟာ ခင်ပွန်းဖြစ်သူ ဘေယောင်ဂျွန်းထက် အသက် (၁၂) နှစ်ခန့် ငယ်သူဖြစ်ပြီး လက်ရှိမှာတော့ အသက် (၃၁) နှစ် ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ ၃ လ ခန့် ချစ်သူတွေဖြစ်ခဲ့ပြီးနောက် လက်ထပ်ခဲ့ကြလို့ သိရပါတယ်။ လက်ထပ်ချိန်မှာ မီဒီယာတွေမှာ အုတ်အော်သောင်းနင်းမဖြစ်ခဲ့ဘဲ တိတ်ဆိတ်စွာနဲ့ လက်ထပ်ပွဲကို ကျင်းပနိုင်ခဲ့ကြပါတယ်

Mini ကြိုက်သူတွေအတွက် Nissan March

Marchရဲ့ အဓိက အားသာချက်ကတော့ ဈေးနှုန်း ချိုသာတာပဲ ဖြစ်ပြီး Toyota Passo, Mazda Demioနဲ့ Suzuki Swiftတွေထက် ဈေးနှုန်း သိသိသာသာ ချိုပါတယ်

“မငြိမ်းမချမ်း ဖြစ်နေတာ မကောင်းပါဘူး။ ပဋိပက္ခတိုင်း နှစ်ဖက်စလုံးအတွက် အရှုံးတွေချည်းပါ။ ပိုပြီး နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေလည်း ရသွားစေနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတွေ အမြန်ရစေချင်ပါတယ်”

လူမှုရေးအပိုင်းတွေ အများကြီးထိခိုက်ပါတယ်။ ညီမဖွင့်တဲ့ Make up Studio ဆိုရင်လည်း မသွားနဲ့ မသင်နဲ့ဆိုပြီး ဖြစ်လာပါတယ်။ ကျန်တဲ့ ညီမနဲ့ရိုက်ဖြစ်တဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း မသုံးနဲ့ပေါ့။ ညီမနဲ့တူတူ လက်တွဲလုပ်တဲ့ နိုင်ငံခြားက အမတွေဆီကိုလည်း ခြိမ်းခြောက်စာတွေပို့တာခံရတယ်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

"အခုဖြစ်နေတာက အချိန်ကြာပြီး ခက်ခဲကျပ်တည်းတဲ့ ကြိုးနီစနစ်ပဲ၊ ကောင်းတဲ့ အုပ်ချုပ်ရေးဆိုတာ အခွင့်အလမ်း ကောင်းကို ဖန်တီးပေးတာ၊ အခုက နှောင့်နှေးမှုကို ပေးနေတာ” ဟု အင်တာဗျူးတခုတွင် ဦးသိမ်းဝေက ဆိုသည်။

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ တိုင်းပြည်က အခြားနေရာက ၀င်ငွေရှာပေးမယ်၊ ထိန်းဆိုရင်လည်း ထိန်း သွားမယ်ပေါ့

မြန်မာ့ဖွံ့ဖြိုးမှု ဆက်ထိန်းထားရန် လုပ်စရာ အများကြီးကျန်နေဟု ကမ္ဘာ့ဘဏ် ဆို

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၂၀၁၅ - ၁၆ တွင် ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သော်လည်း အလယ်အလတ်ကာလအတွင်း တိုးတက်မှုမှာ နှစ်စဉ် ပျမ်းမျှ ၈.၂ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်