လတ်တလော စစ်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်မှ ထွက်ပြေးလာမည့် ဒုက္ခသည်များအား လက်ခံနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် စခန်း ၄ ခုကို ပြင်ဆင်ထားကြောင်း The Global Times သတင်းစာက ဖော်ပြသည်။ အရေးပေါ် ကူညီရေး ပစ္စည်းများကိုလည်း စခန်းများတွင် ပြင်ဆင်ပေးထားကြောင်း၊ အဆိုပါ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၁ သောင်း ကျော်ကို လက်ခံနိုင်ကြောင်း သိရသည်။ ယနေ့နံနက် ၈ နာရီက လိုင်ဇာမြို့ရှိ ခကျန် ရပ်ကွက်အတွင်း အစိုးရတပ်ဘက်မှ လက်နက်ကြီး ကျည်ဆန် ၂ လုံး ကျရောက်ရာ ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူ ၅ ဦးအနက် ၂ ဦး ထပ်မံသေဆုံးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။