မွေးကင်းစ ကလေးစွန့်ပစ်မှုသည် ဆင်းရဲချို့တဲ့ခြင်း၊ ဖခင်ဖြစ်သူက တာဝန်မယူခြင်းတို့ကြောင့် ကလေးကို ကျွေးမွေးပြုစုရန် ခက်ခဲလာသည့် မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် အသင့်မဖြစ်သေးခြင်းများနှင့် ဆက်နွယ်နိုင်ကြောင်း ယူဆချက်များ ရှိလာနေသည်

မင်းကွန်းဆရာတော်ဘုရားကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင်နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။

၂၀၁၂ ခုနှစ် ယခင်အစိုးရနဲ့ KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အကောင်းအဆိုးရလဒ်တွေကို မြင်ခဲ့ ကြားခဲ့ရ ပါတယ်

နိုင်ငံရေး အကျဉ်းသားများ ပြန်လည်ထူထောင်ရေး ကူညီသူ မဲ့နေဆဲ

“အမျိုးသမီးတယောက်ကို စစ်ကြောရေးစစ်တဲ့အချိန်မှာ မျက်နှာကိုစည်းထားတယ်။ သူတို့ကိုမမြင်ရဘူး။ ပိုးစိုးပက်စက် ရစရာမရှိအောင်ပြောတယ်။ ဆီးသွားချင်တယ်။ မျက်နှာကိုစည်းထားတာကို ဖြည်ပေးပါဆိုတော့ မဖြည်ပေး ဘူး။ ဒါဆို သူတို့ ထွက်ပေးပါဆိုတော့လည်း မထွက်ပေးဘူး။ သူတို့ကိုယ့်ကိုယ်ဘယ်လိုကြည့်မနေလဲ

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီ ရခိုင်အရေး ဖြေရှင်းနိုင်မလား

နိုင်ငံသားဖြစ်မှု ပြဿနာ၊ လက်နက်ကိုင် ပြဿနာ၊ ဒုက္ခသည်များ နေရာချထားရေး အစရှိတဲ့ ပြဿနာများစွာ ကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေး ဖြေရှင်းဖို့ ပြည်ထောင်စုအဆင့် ဗဟိုကော်မတီတရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်

ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်ပြီး သူ့ဆီ လာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ် နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်

အန္တရာယ်ကြားက ကျောက်မိုင်းလုပ်သားတွေက သက်စွန့်ဆံဖျားလုပ်နေကြပေမယ့် လူမှုဖူလုံရေးနဲ့ လုပ်ငန်း ခွင်လုံခြုံမှုတွေ ဝေးကွာနေဆဲဖြစ်ပါတယ်။ လူမှုဖူလုံရေးဆိုရာမှာ ကျောက်မိုင်း လုပ်သားတွေ အတွက် သာမက ဇနီး၊သား သမီးတွေရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအထိ တာဝန်ယူခြင်းတွေ ပါဝင်ပါတယ်

ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ်၌ရှိသော “ဝ” ပြည် သွေးစည်းညီညွှတ်ရေး ပါတီ၊ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ် မတော် (UWSP/UWSA) ၏ တောင်ပိုင်း တပ်စခန်းများကို နောက်ဆုတ်ပေးရန် ထိုင်းဘက်က တောင်းဆို လိုက်ပြန်သည်

ဆိုးရွားလာတဲ့ ရာသီဥတုနဲ့ သင့်လျော်အောင် စိုက်ပျိုးနည်းစနစ်တွေ ပြောင်းလဲဖို့နဲ့ စိုက်ပျိုးသီးနှံတွေ ရွေးချယ် နိုင်ဖို့ဟာ လယ်သမားတွေအတွက် သေရေးရှင်ရေးဖြစ်နေပါပြီ။

နယ်စပ်ဒုက္ခသည်စခန်း ၉ ခုမှ ကရင်ဒုက္ခသည် အများစုသည် အိမ်နှင့်အဝေးတွင် ၂၅ နှစ်ကျော်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး ကမ္ဘာ့ အရှည်ကြာဆုံး ဒုက္ခသည် ပြဿနာများ၏ ပျမ်းမျှသက်တမ်းထက် ပိုပါသည်

လူအများ ဂရုမပြုမိသည့် လက်တကမ်းက ကြောက်စရာအန္တရာယ်

ထိုအန္တရာယ်ဖြင့် ကြုံတွေ့လိုက်ရလျှင်လည်း ကြားရသူအပေါင်း စုတ်တသပ်သပ်ဖြစ်လေ့ ရှိသော်လည်း ကြိုတင်ကာကွယ်မှု အလွန် အားနည်းကြသည်မှာ လျှပ်စစ် အန္တရာယ် ဖြစ်ပါသည်

မန္တလေးမြို့မှာ အခြေစိုက်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ၂၀၁၆ခုနှစ် မေလ တတိယပတ်မှာ အထူးအစည်းအဝေး ကျင်းပအပြီး ပြန်လည် ဖွဲ့စည်းလိုက်ကြပါတယ်

အားလုံးကိုပျော်စေချင်သူ (သို့) ဖေ့ဘုတ်ပေါ်က စတီဗင်ဇော်ကြီး

စတီဗင်ဇော်ကြီးလို့ လူသိများစေတဲ့ ဗီဒီယိုဖိုင်တွေ ဖေ့ဘုတ်ပေါ် စပြီးတင်ဖြစ်တာ က၂၀၁၅ခုနှစ် မေလ လောက်ကတည်းကပါ။ ပထမဆုံးစတင်တဲ့ ဗီဒီယိုဖိုင်ကတော့ “ဘီယာဆိုင်အတွင်းပါလာသော အဖော်အား ဓားဖြင့်ထိုး (အသည်းငယ်သူများ တယောက်တည်းမကြည့်သင့်)”ဆိုတဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်

“အလှူရှင်ကြီး မစ္စတာ ဂျွန်”

ရွာသူရွာသားတွေက စတီဗင်အား “အလှူရှင်ကြီး မစ္စတာ ဂျွန်” လို့ တလေးတစား ခေါ်ဝေါ်ကြပါတယ်။ အဲဒီလို ခေါ်ဝေါ်တာကို လက်မခံဘဲ စတီဗင်က “ဂျွန်” လို့ပဲ သုံးနှုန်းခေါ်ဝေါ်ဖို့ ပြောဆိုတယ်