တပတ်အတွင်း သတင်းဓာတ်ပုံ

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ပျော်ပွဲရွှင်ပွဲများကျင်းပရာ ချောတိုင်တက်နေစဉ်

EU က ဧရာဝတီတိုင်း ရဲအရာရှိများကို လူ့အခွင့်အရေးနှင့်အညီ ကျင့်သုံးရေး သင်တန်းပို့ချ

တရားခံများကို ဖမ်းဆီးရာ၌ လူ့အခွင့်အရေးနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းနိုင်သည့် နည်းလမ်းများကို ဥရောပသမဂ္ဂ (EU) က ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရဲအရာရှိများကို ၂ ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားအချို့တွင် ဒေသ၏ရိုးရာယဉ်ကျေးမှုနှင့် မဆီလျော်သည့် အပြုအမူများအား တွေ့ မြင်ရကြောင်း ပုဂံဒေသခံနှင့် ဧည့်လမ်းညွှန်များထံမှ သိရသည်။

ရှမ်းပြည်နယ်တွင်း ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ကော်မတီ ဖွဲ့မည်

ရှမ်းပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ စစ်ရေး စောင့်ကြည့်မှု ကော်မတီ တရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

ရိုးမကုမ္ပဏီအုပ်စုက မီးရထားရုံးချုပ်ဟောင်း မြေနေရာကို ထပ်မံငှားရမ်းခွင့်ရ

ရိုးမကုမ္ပဏီ အုပ်စု(Yoma Strategic Holdings) က လုပ်ကိုင်ခွင့် ရရှိထားသည့် မြန်မာ့မီးရထားရုံးချုပ်ဟောင်း မြေနေရာဝန်းအား ယခင်ငှားရမ်းထား သည့်သက်တမ်း ထပ်မံတိုးရန်အတွက် ရိုးမကုမ္ပဏီ အုပ်စုနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ မီးရထားတို့ သဘောတူမှုစာချုပ် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

တောင်ကြီးတွင် ကလေး ၃ ဦးကို ခေါ်ဆောင်သွားသူအား ဖမ်းဆီး စစ်ဆေးနေ

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာသား ကလေးငယ် ၃ ဦးကို ခိုးယူခေါ်ဆောင်သွားသည် ဆိုသော အာကာဟိန်း(ခ) သီဟနိုင်အား ဖမ်းဆီးရမိထားကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောသည်။

ကမ္ဘာကျော် ကချင် လက်ဝှေ့သမား ONE Championship ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုပြိုင်မည်

လက်ဝှေ့က ကောင်းမွန်တဲ့ အားကစား တခုပါ။ မြန်မာပြည် မှာ ပြန်ကစားရတဲ့ အတွက် ဂုဏ်လည်း ဂုဏ်ယူတယ်။အရမ်းပျော်ပြီး ဝမ်းသာတယ်။ အိပ်မက်တခု လည်းဖြစ် နေတယ်။ ကြိုးစားရင် ဘာမှဆို ဖြစ်နိုင်တယ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည် မဟုတ်ဟု UWSA ပြော

နေပြည်တော်၌ ဇန်န၀ါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် အဓိပ္ပာယ်မရှိသည့် အစည်းအဝေးဟု ယူဆသဖြင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က တက်ရောက်မည် မဟုတ်ကြောင်း ပြောသည်။

ဒုတိယ ကမ္ဘာစစ်ကာလ အရှေ့တောင် အာရှဒေသတွင်း ဂျပန်တပ်ဖွဲ့များ၏ ထောက်ပံ့ရေး လမ်းကြောင်း အနေဖြင့် ထိုင်းနိုင်ငံ ဘန့်ပုံမြို့နှင့် မြန်မာနိုင်ငံ သံဖြူဇရပ်မြို့တို့ကို ဆက်သွယ်မည့် ၄၁၅ ကီလိုမီတာ (၂၅၈ မိုင်) အရှည်ရှိ ရထားလမ်းကို ၁၉၄၂ – ၁၉၄၃ ခုနှစ်က ဆက်သွယ်ဖောက်လုပ်ခဲ့သည်။

ဟားခါးတွင် ဒုက္ခသည် ၁၀၀၀ ကျော် မြေကွက်ပေးရန် တောင်းဆို

ချင်းပြည်နယ် ဟားခါးမြို့နယ်၌ မြေပြိုကျမှုကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူ ၁၃၀၀ ခန့်က နေထိုင် စရာ မြေကွက်များ အမြန်ချထားပေးရန် ဇန်န၀ါရီလ ၅ ရက်နှင့် ၆ ရက်နေ့များက ဟားခါးမြို့တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုကြောင်း သတင်း ရရှိသည်။

ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများ ပဋိပက္ခ လျှော့ချရေး ဆွေးနွေးမည်

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ လျှော့ချရေးနှင့် ထိန်းသိမ်းရေး ကို ဦးတည်ချက်ထား၍ ဆွေးနွေးသွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)က ပြောသည်။

Drones အသုံးပြုသူများ မှတ်ပုံတင်ပြီး စည်းကမ်း သတ်မှတ်ချက်ဖြင့် သုံးစွဲခွင့်ပြုမည်

Drones တွေရဲ့ အလေးချိန်နဲ့ စွမ်းဆောင်နိုင်မှုပေါ် မူတည်ပြီး အတန်းအစားခွဲခြား သတ်မှတ် ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း၊ အသုံးပြုခွင့် လက်မှတ် ထုတ်ပေးခြင်း ၊မြေပြင်မှ ထိန်းချုပ် မောင်း နှင် သူများ အား စီစစ်ခြင်းများအတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို Advisory Circular အ ဖြစ် ထုတ်ပြန်ဖို့ စီမံ ဆောင်ရွက်နေပါတယ်

ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်စီစဉ်ခြင်းသည် ရှမ်းမြောက်နှင့် ကချင် တိုက်ပွဲများကို လျစ်လျူရှုခြင်း ဖြစ်ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူကျင်းပရန် စီစဉ်ခြင်းသည် ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်နေသော တိုက်ပွဲများကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဇန်န၀ါရီ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကုန်ထုတ်လုပ်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားသည့် အကြီးစားစက်ရုံတချို့ကို ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုတွင် အိမ်ရှင်ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်အား သက်သေအဖြစ် စစ်ဆေးနိုင်ရန်အတွက် လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။