မန္တလေး ယာဉ်ထိန်းရဲမှုးသို့ အိတ်ဖွင့်ပေးစာ

ရန်ပုံငွေရှာဖွေရာတွင် ထိုမျှ တာဝန်ကျေပွန်လှသည့်အတွက် အဆိုပါ ယာဉ်မှုစစ်အဖွဲ့ကြီးကို တိုင်းဒေသကြီး ဘတ်ဂျက်ရှာဖွေသည့် အဖွဲ့ဟု နာမည်ပြောင်းလဲခေါ်စေလိုပါသည်ခင်ဗျား။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွက် မန္တလေး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းအရ လိုငွေ ကျပ်ဘီလီယံ ၁၂၀ ကျော် ရှိကြောင်း

နေရာထိုင်ခင်းသာ စီစဉ်ထားပါတော့ ကိုပုရစ်ကြီး

ဒီတခါ မကျေနပ်သည့် ပုရစ်အုပ်စုက များလေသည့်အခါ အသံပူညံပူညံ ထွက်လာသည်ကို ဆင်ကြီး များက ရိပ်မိသည့်အလျောက် သူတို့ဆင်များကို အလစ် ဝင်ဝင်တုပ်လေ့ရှိသည့် ပုရွက်ပျံများနှင့် သေသွားသည့် ပုရစ် တွဲရိုက်ထားသည့် ဓာတ်ပုံကို ပုရစ်အုပ်ကြားထဲ ပြန့်အောင်ဖြန့်လိုက် လေသည်

ဒေါ်အောင်ဆန်းစုကြည် ဝတ္ထု

နိုင်ငံ့ခေါင်းဆောင် တွေရဲ့ ဥစ္စာဓနကြွယ်ဝမှု အတိအကျကို စာရင်းကောက်မယ်လို့ ကိုရင် လေသံပစ်ကြည့်ပါလား။ တိုင်းပြည်ကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူကြီး လူကောင်းအမည်ခံတွေ စကားမေး မရတော့ဘဲ၊ ပါးစပ် ပိတ်ကုန်ကြပါလိမ့်မယ်ဗျာ။

“သြော်…၊ အဘတို့က ခေတ်သစ်ကို ထူထောင်ကြအုံး မတဲ့လား”

မိုးကျရွှေကိုယ် စစ်ဗိုလ်ဟောင်း တွေဟာ မဆီမဆိုင် မတန်မရာ နေရာတွေရ၊ ပြည်သူ့ ဝန်ထမ်းဆိုတဲ့ ရာထူးနဲ့ မတန်မရာ သိန်းထောင်ချီ တန်တဲ့ ကားတွေ၊ သိန်း သောင်းချီတဲ့ နေအိမ်ခြံဝင်း ကြီးတွေနဲ့ နေနိုင်ကြပြီး ထားစရာ မရှိအောင် ကြွယ်ဝနေကြတာ ဘယ်ဘိုးဘွား အမွေတွေ များပါလိမ့်

ဆြာဒင်နှင့် ဦးနှောက်တွင် မုန်တိုင်းဆင်ကြသူများ

ဒီလိုသာ ပြစ်ဒဏ် ထိုက်ရင်ဖြင့်၊ ဘာမှ သုံးစားလို့ မရဘဲ အခြေခံ လူတန်းစားတွေရဲ့ ဘဝမှန်ကို နကန်း တလုံးတောင် မသိတဲ့၊ ပြည်တော်ပြန် ခါတော်မီ အကြံပေးတွေကို နေရာကောင်းပေးပြီး၊ ဒီမိုကရေစီ အရွေ့ မပြနိုင်တဲ့ သမ္မတကြီး ကိုကော ဘယ်လို ပညာပေးဖို့ အစီအစဉ် ရှိပါသလဲ

ခေါင်းလောင်းရယ်၊ ခေါင်းပေါင်းရယ်၊ ဟောင်းလောင်းရယ်

ငမာန်တို့ မြန်မာ သာကီမျိုး ဟူသည်ကား နယ်ချဲ့ကို ပါးစပ်ဖြင့် နိုင်ရာ၌ သူမတူအောင် စွမ်းပါ၏။ လက်တွေ့ တွင်ကား မဟုတ်သေးချေ တကား

ဆြာဒင် တစစီ ရိုက်ချိုး ပစ်ချင်သော သရဖူ

ကာယဗလ လေ့ကျင့်ခန်း များကို စိတ်ပါ လက်ပါ လေ့ကျင့်နေစဉ် အဝတ်အစား သပ်ယပ် ကျော့ရှင်းစွာ ဝတ်ဆင် ထားသည့် အသက် လေးဆယ် ဝန်းကျင် အရွယ် ထိုင်း အမျိုးသမီး မိန်းမရွယ် တစ်ဦး ရောက်ရှိ လာပြီး ဆြာဒင့် တစ်ကိုယ်လုံးကို နွားပွဲစားပမာ ရွှန်းရွှန်း စားစား ကြည့်ရှုရင်း စပ်စုနေခဲ့လေ၏။

သူခိုးရေးတဲ့ သူခိုးဝတ္ထု

“လူပျိုပါ” လို့လည်း သူခိုးက ဖြေလိုက်ရော အပျိုကြီးဟာ “ဒီတစ်ခါတော့ ဟန်ကျပြီဟဲ့” ဆိုတဲ့ အတွေးနဲ့ “ဒါဆိုနင် ငါ့ကို လက်ထပ် ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူး ဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”

ကောင်းလိုက်တဲ့ “Climate Change”

အဲဒီလို ဒုက္ခငရဲတွေ ရောက်သူပေါင်း သိန်းနဲ့ချီ သေနေချိန်မှာ လယ်ကန်သင်းရိုးမှာ ဖားရှာငါးရှာ စားလို့ ပြောခဲ့သူ အခုချိန် ဘယ်ရောက်နေသလဲ။ ဒါမှမဟုတ် သမ္မတရဲ့ အကြံပေးများ ဖြစ်နေပြီလား လို့လည်း တောင်တောင် အီအီ တွေးလိုက် မိပါသေးတယ်။

အသားမည်းမည်း ဗိုက်ရွှဲရွှဲများ အကြောင်း

“ကျနော်တို့ ဘဝက ဒီလိုပါပဲဗျာ”ဟု စကားကို ရပ်သည်။ ပြီးတော့ “ဒီအသားမဲမဲ ဗိုက်ရွှဲရွှဲတွေနဲ့ လွတ်မှာ မဟုတ်ပါဘူး” ဟုလည်း ဆိုကာ သူ၏ မှုန်ကုတ် နေသော မျက်နှာကလည်း လငပုတ် ဖမ်းသလို ဖြစ်သွားသည်။

ဦးဝင်းတင် နောက်ဆက်တွဲ နေပြည်တော် အထူးသတင်း

“ညွန့်ညွန့်တို့ ဘာမှ မသိဘူးနော်၊ ရွှေကြီးခိုင်းလို့ လုပ်ရတာဗျ။ သူ့ကို သွားမေးကြပါဗျာ။ ဒို့တောင်မှ အကျယ်ချုပ်နဲ့ နေပြီး သစ်ခွပန်း ရောင်းစားခဲ့ရတာ”

အလွမ်းမင်းသားကြီးနဲ့ အကယ်ဒမီ ပိုက်ဆံခွာ

မပြောချင်ဘူးဗျာ …။ နှစ်ကုန်ခါနီးလို့ သစ်လုံးတွေကို နင်းကန်ပို့နေတာ။ နောက်နှစ်ကျ သစ်လုံးတွေ ပို့ခွင့် မရှိတော့ဘူးလေ။ အဲဒါကြောင့် လက်ကျန်တွေ အတင်းဖြတ်နေတာ … ပြီးတော့ ရုံးပြန်ချိန်ကြီးကို ဒီကွန်တိန်နာ ကားကြီးတွေက မြို့ထဲမှာ မောင်းစရာလား၊ စည်းကမ်းကို မရှိဘူးကြဘူး … ဗျစ်

ရုက္ခစိုးနဲ့ ယမကာ မင်းသားကြီး၏ ဆန္ဒပြပွဲ

ရှေ့ဆုံးမှ ဝှီးချဲဖြင့် ဆန္ဒပြခေါင်းဆောင်မှာကား မြန်မာ့ နိုင်ငံရေး ပိတ်ကားပေါ်၌ ကာလ အတန်ကြာ ပျောက်ကွယ် နေသဖြင့် မေ့လျော့နေကြသော ယမကာ မင်းသားကြီး တပါး ဖြစ်ပေသည်။ သူ့ကို ယခင်က ဒုတိယ ထိပ်တင် ဗိုလ်ချုပ်မူးကြီး ဟုလည်း လူသိများသည်

မောင်မေတ္တာတုံးနှင့် အင်တာဗျူးခြင်း

ဒါနဲ့ စာပေဝေဖန်ရေး လိုင်းဘက် ကူးပြီး ကိုယ့်ထက်သက်ကြီး၊ ဝါကြီး … သူများ လေးစားတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေကို ဝေဖန်ရင် လူစိတ်ဝင်စားမှာပဲဆိုပြီး လုပ်လိုက်တာ

ငြိမ်းချမ်းရေးအတွက် အပေါက်စောင့် ရှိနေမယ်

ငြိမ်းချမ်းရေး အဘိုး ဟုတ်လား၊ တခါမှ မကြားဖူးဘူး။ ငြိမ်းချမ်းရေး အဘပဲ ကြားဖူးတယ်။ လူလည်တော့ ကျမယ် မကြံနဲ့နော် … ကျုပ်တို့က အမေရိကန်နိုင်ငံ ၅ ဘတ် တက္ကသိုလ်ကနေ အပေါက်စောင့် ဝါးရင်းတုတ်ကိုင် ပီအိတ်ခ်ျဒီ ဘွဲ့ ယူလာတဲ့ သူတွေ