"အခုဖြစ်နေတာက အချိန်ကြာပြီး ခက်ခဲကျပ်တည်းတဲ့ ကြိုးနီစနစ်ပဲ၊ ကောင်းတဲ့ အုပ်ချုပ်ရေးဆိုတာ အခွင့်အလမ်း ကောင်းကို ဖန်တီးပေးတာ၊ အခုက နှောင့်နှေးမှုကို ပေးနေတာ” ဟု အင်တာဗျူးတခုတွင် ဦးသိမ်းဝေက ဆိုသည်။

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ တိုင်းပြည်က အခြားနေရာက ၀င်ငွေရှာပေးမယ်၊ ထိန်းဆိုရင်လည်း ထိန်း သွားမယ်ပေါ့

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၂၀၁၅ - ၁၆ တွင် ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သော်လည်း အလယ်အလတ်ကာလအတွင်း တိုးတက်မှုမှာ နှစ်စဉ် ပျမ်းမျှ ၈.၂ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်

“မပြင်တာက ၂၃ နှစ် ရှိသွားပါပြီ၊ ကျနော်တို့ ပြင်ဆင်တဲ့အခါမှာ မြန်မာမှုတွေကိုပဲ အဓိကယူသွားမှာပါ” ဟု ဟိုတယ်၏ Operation Manager က ပြောသည်

ပြည်ပသို့တင်ပို့သော ကုန်ပစ္စည်းများတွင် အဓိက သစ်အချောထည်လုပ်ငန်းရှစ်ခုမှ တန်ဖိုးမြှင့်သစ် အချောထည် ပစ္စည်းများ ကို ပြင်သစ်၊ အီတလီ၊ တရုတ်၊ ထိုင်း၊ အင်္ဂလန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံများသို့ တင်ပို့လျက်ရှိ

မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ကုမ္ပဏီ ရှယ်ယာများ မေလအတွင်း စတင်ရောင်းချမည်

စတော့အိတ်ချိန်းတွင် စရင်းဝင် ရောင်းချခွင့်ရထားသည့် မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ(MTSH) ၏ ရှယ်ယာများကို လာမည့် မေလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာ ဉာဏ်သစ်လှိုင် က ပြောသည်။

ကျောက်စိမ်း အပါအဝင် ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်သံ ပတ္တမြားတွေထွက်တဲ့ မြန်မာနိုင်ငံဟာ မိမိရဲ့ တွင်းထွက်တွေကို ဒေသတွင်းနဲ့ နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချပြီး တိုင်းပြည်ဝင်ငွေကို ဖူလုံအောင် တဖက်တလမ်းက ရှာပေးနိုင်မှာဖြစ်ပါတယ်

စက်မှုဇုန်များ မီးလုံလောက်စွာ ရရှိရေး ကြိုးစားဆောင်ရွက်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လျှပ်စစ်နဲ့ ပတ်သက်လို့ စက်မှုဇုန်တွေ လုံလောက်အောင်မရဘူး ဖြစ်နေတာ တွေ့ရတယ်။ မီးရအောင်ဆိုရင် အခက်အခဲက ရှိလာပါတယ်။ ဒါကြောင့် ကျနော်တို့ဆီက ဂတ်စ်ဝယ်ထားတဲ့ နိုင်ငံတွေနဲ့ ညှိရပါမယ်။ ကုန်ကြမ်းတွေကို သယ်သွားမယ့်အတူတူ ကျနော်တို့ဆီမှာ ကုန်ချောပြောင်းပြီး ရောင်းပေးခဲ့ဖို့ ညှိနှိုင်းရမှာ

အစိုးရသစ် သက်တမ်း ၅ နှစ်အတွင်း ပို့ကုန် ၃ဆ တက်ရန်လိုဟု စီးပွား/ကူးသန်း ၀န်ကြီးပြော

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခိုင်ရန်သည် ပြည်ပသို့ ပို့ကုန်တင်ပို့မှု တိုးတက်သည့်အပေါ် မူတည်နေပြီး ၅ နှစ်အတွင်း လက်ရှိ ပို့ကုန်တန်ဖိုးထက် ၃ဆတက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင် စု ၀န်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်

၂၀၁၇ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုက အာရှတွင် အမြင့်ဆုံးတခု အနေဖြင့် ၈.၃ ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေမည်ဟု Asian Development Outlook 2016 အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

မန္တလေး ဈေးကွက်တွင် စားအုန်းဆီဈေး အမြင့်ဆုံးသို့ ရောက်ရှိ

မလေးရှားမှ အ၀င်နည်းခြင်းနှင့် ပြည်တွင်းဆီကန်များက အလုံအလောက် မရောင်းချနိုင်၍ မန္တလေး၌ စားအုန်းဆီဈေးနှုန်း ယခုနှစ် အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသူများက ပြောသည်

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာ

နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုကို FDI promotion plan အရ ၆ ဘီလီယံ ခန့်မှန်းထားပေမယ့် ဌာနတွင်းခန့်မှန်း ထားတာက ၇ ဘီလီယံ ရှိထားတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုကလည်း ကျပ်သန်းပေါင်း ၁၅၆၂၁၆၉ ဒသမ ၈၁၂ ပဲ ခန့်မှန်း ထားတာ။ နှစ်မျိုးလုံး ပိုဝင်ခဲ့ပါတယ်

“နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ထပ်တူ မြန်မာငွေအပေါ် ယုံကြည်မှုက ပိုလာတာပေါ့။ စီးပွားရေးပိတ်ဆို့မှု ကလည်း မကြာခင်လွတ်လာမှာ၊လွတ်လာပြီဆိုတာနဲ့ ငွေကြေး စီးဆင်းမှုရော ကုန်သွယ်မှုရော ရင်းနှီးမြှုပ်နှံမှုရော တက်လာပြီဆို ကျန်တဲ့ ဟာတွေကလိုက်လာမယ်။ ပြောချင် တာက စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အလားအလာ ပိုရှိတဲ့ အခါမှာ တဖက်ကလည်း မြန်မာငွေ မာလာတာ

အစိုးရဟောင်း ခွင့်ပြုချက်ဖြင့် FDI ဒေါ်လာ ၉ ဘီလီယံ ရရှိ

အစိုးရသစ်သို့ အာဏာမလွဲပြောင်းမီ ခွင့်ပြုချက်များ အလျင်အမြန် ချထားပေးခဲ့ပြီး နောက် မတ်လ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် အချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန် ဒေါ်လာ ၉ ဘီလီယံ နီးပါးတိုးမြင့်လာခဲ့သည်။

အဝေးပြေး ကားလက်မှတ် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိနေဆဲဖြစ်

သင်္ကြန် ရုံးပိတ်ရက် ကာလများအတွက် ပြေးဆွဲကြမည့် အဝေးပြေးကား လက်မှတ်ဈေးနှုန်းများကို ဈေးမြှင့် ရောင်းချပါက ရန်ကုန် တိုင်း ဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က အရေးယူမည်ဟု သတိပေး ထားသော်လည်း စည်းကမ်း ဖောက်ဖျက်မှုများ ရှိနေဆဲဖြစ်သည်ဟု ခရီးသည်များက ပြောဆိုကြသည်။




jobless.com.mm
Page 1 of 48123Next ›Last »