ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့ခြင်းခံထားရသော ဒီမိုကရေစီကျောင်းသားပင်မ သပိတ်စစ်ကြောင်းကို ယနေ့တွင် ရန်ကုန်မြို့သို့ ချီတက်ရန် အာဏာပိုင်များက သဘောတူညီလိုက်ကြောင်း သိရှိရသည်။

မြန်မာ- တရုတ် နယ်ခြားဒေသတည်ငြိမ်ရေး နှစ်ဖက်နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲကို ယမန်နေ့နံနက် က ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြုလုပ်ရာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးတင်ဦး လွင်နှင့် ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် တက်ရောက်ကာ နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်များ အမြန်ဆုံးပြန်လာရေး ဆွေးနွေးသည်ဟု အစိုးရသတင်းစာကဖော်ပြသည်

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် အရှုံးမရှိပဲ အမြတ်ထွက်နေ ကြောင်း ၊ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ် တွင် ၀င်ငွေခွန်နှင့် နိုင်ငံတော် ထည့်ဝင်ငွေမပါ အမြတ်ငွေ ၆ဘီလီယံ ကျော် သတင်းစာက ရရှိခဲ့ပြီး၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန်နှင့် နိုင်ငံတော် ထည့်ဝင်ငွေနှုတ်ပြီး အမြတ်ငွေ ၄ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းကြောင်း

ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားသပိတ်ထောက်ခံဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသည့် ၈၈ မျိုးဆက်ကျောင်းသူ ဟောင်း မနီလာသိန်းအပါအ၀င် ၈ဦးကို ယနေ့နံနက် ၇နာရီခန့်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ မနီလာသိန်း၏ အခြေအနေမှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံရမှုကြောင့် အနားယူနေရကြောင်း သိရသည်။

ရန်ကုန်သို့ချီတက်ရန် ပြင်ဆင်နေသည့် ကျောင်းသားများ၊သံဃာများအနေနှင့် ငြိမ်းချမ်းစွာ အောင်မြင်မှု ပြည့်ဝစေရေး၊ တက္ကသိုလ် ၀င်တန်းများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ တည်ငြိမ်မှု မပျက်ပြားရေး၊ သံဃာများ အကြား သဘောထား ကွဲလွဲ မှု မရှိစေရေး အကြောင်းပြချက်များဖြင့် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့က မေတ္တာရပ်ခံလိုက်သည်

မနေ့က ကျရောက်သည့် ကမ္ဘာ့သားရိုင်းတိရိစ္ဆာန်များနေ့ ကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ကျင်းပရာ ဗြိတိန်အခြေစိုက် TRAFFIC အဖွှဲ၏ “သားရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်းကို နှိမ်နင်းခြင်းဖြင့် မြန်မာနိုင်ငံမှ ဇီဝမျိုး ကွဲများနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်ခြင်း”

ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း ရန်ကုန်မြို့သို့ ၀င်ရောက်ခွင့် ရရှိရေးအတွက် ကျောင်းသား ၁၀ ဦးယနေ့ နံနက်ပိုင်းမှ စတင်ကာ အစာငတ်ခံ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ယမန်နေ့ ညနေက တွေ့ဆုံနွေးခဲ့သည်။ ဆွေးနွေးချိန်မှာ မိနစ် ၄၀ ခန့်ကြာမြင့်ပြီး၊ နှစ်ဖက်စလုံးက အသေးစိတ် သတင်းထုတ်ပြန်မှု မရှိပေ။

လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှာ တပ်မတော်ကို သရော်ထားတဲ့ ဖြတ်ညှပ်ကပ် ပြုပြင်ထားတဲ့ ဓာတ်ပုံ တပုံကိုတင်တာကြောင့် အဖမ်းခံခဲ့ရတဲ့ မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုး ယနေ့နေ့လည် ၁နာရီခွဲက ပြန်လည်လွတ်မြောက်လာ

လက်ပံတန်းမြို့တွင် ရောက်ရှိနေသည့် ကျောင်းသားများကို လုံထိန်းအင်အား ၃၀၀ခန့်ဖြင့် ၀ိုင်းထားပြီး ကျောင်းသားများကို လူစုခွဲရန် မီးသတ်ကားများ၊ဖမ်းဆီးခေါ်ဆောင်ရန်အတွက် ကုန်ကားကြီးများကိုလည်း အသင့်ပြင် ထားကြောင်း

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကြားနာမည်ဖြစ်သည့်အတွက် သပိတ်မှောက် ကျောင်းသားများအနေဖြင့် ဆက်လက် ဆန္ဒပြခြင်းမပြုလုပ်ရန် ယနေ့တွင် ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။ လက်ရှိအချိန်တွင် သပိတ်မှောက် ကျောင်းသားများအနေဖြင့် ရန်ကုန်သို့ ဦးတည်ပြီး ချီတက်ဆန္ဒပြရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသောကြောင့် ပညာရေးပြင်ဆင်မှုကို ကြိုးပမ်းရာ မရောက်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဦးတည်ရာရောက်ကြောင်း၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို လာမည့် မတ်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမျိုးသားလွှတ်တော်တွင် စတင်ကာ သပိတ်မှောက်ကျောင်းသားများ၊အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER)၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ထားသောအရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာသို့ အကြံပြုစာများပေးပို့ထားသည့် အဖွဲ့အစည်းများကို […]

အမျိုသားပညာရေး ပြင်ဆင်ဥပဒေကြမ်းကို မဘသ ဟု လူသိများသည့် အမျိုးဘာသာ သာသနာအဖွဲ့ကလည်း ၀င်ရောက်အကြံပြုကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်၍ ကျောင်းသားများ စိတ်ကြိုက် တက္ကသိုလ်ရွေးချယ်ခွင့်ရှိသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ အရည်အချင်း စစ်စာမေးပွဲဖြင့်သာ လက်ခံရမည်ဖြစ်၍ ပြင်ဆင်ဥပဒေကြမ်းပါ ပုဒ်မ ၄ ပုဒ်မခွဲ (ဌ)ကို ပယ်ဖျက်ရန်၊ အောင်မြင် သည့် ကမ္ဘာကျော်တက္ကသိုလ်ကြီးများတွင်ပင် ထင်ရာလုပ်ပိုင်ခွင့်မရှိ၍ ကျောင်းအုပ်ချုပ်ရေးတွင် ကျောင်းသား သမဂ္ဂကိုယ်စားလှယ်ပါဝင်ရမည်ဆိုသည့် အခန်း(၄) ပုဒ်မ ၅ (က) ပုဒ်မခွဲ (ငင)ပယ်ဖျက်ရန်၊ မိခင်ဘာသာစကား မြန်မာဘာသာနှင့် ကမ္ဘာသုံး အင်္ဂလိပ်ဘာသာကို တွဲဖက်သင်ကြားကာ တိုင်းရင်းသားများ အတွက် ဘာသာ စကားသင်ကျောင်းများကို နိုင်ငံတော်မှ ဦးဆောင်စီစဉ်ပေးသင့်ကြောင်း ဖော်ပြထား သည်။ထိုသို့ ဘာသာရေးအဖွဲ့များ လောကီရေးရာများတွင် ၀င်ရောက်ပြောဆိုခြင်းနှင့် […]

ရန်ကုန်မြို့တွင် စီးတီးတက္ကစီများ သီးခြားရပ်နားနိုင်မည့် ဂိတ်နေရာများ သတ်မှတ်ရန် နေရာရွေးချယ်မှုများ ပြုလုပ်နေကြောင်း မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်သိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ(မထသ)မှ သတင်းရရှိသည်။ ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ် ဆို့မှု လျှော့ချရန်နှင့် ယာဉ်သွားလာမှု ရှင်းလင်းစေရန်အတွက် ဖြစ်ကြောင်း၊ ယင်း သီးခြားမှတ်တိုင်များကို အဓိက ယာဉ်ကြောများမှ ကင်း လွတ်နေရာများ၊ ဘတ်စ်ကားမှတ်တိုင်များနှင့် ဝေးသည့်နေရာများတွင် မှတ်တိုင်နေရာရွေးချယ်၍ မြို့တော် စည်ပင်သာယာ ရေး နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသို့ မှတ်တိုင် ဆောက်လုပ်နိုင်ရေးအတွက် တင်ပြသွားမည် ဖြစ်ကြောင်း မထသ တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့က ဧရာဝတီသို့ ပြောသည်။

မြန်မာနှင့် ဂျာမနီနိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ ဂျာမန်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေး မှုများ မြန်မာပြည်သူများပိုမို သိရှိ နားလည်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် Goethe – Institute အကြား ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ရေခဲဆိုင်မှတ်တိုင် အနီးရှိ ပန်းချီပန်းပုကျောင်း အဆောက်အအုံ ဌားရမ်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို နေပြည်တော်ရှိ အေးချမ်းသာဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းများတွင်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများ စုပေါင်း ၍အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီးဆွေးနွေးပွဲများကျင်းပပြီး အကြံပြု စာများပေးပို့ရန် ညွှန်ကြားထားကြောင်းသိရသည်။လတ်တလော အခြေခံ ပညာအဆင့် စာမေးပွဲများ ကျင်းပနေချိန်ဖြစ်သောကြောင့်အထက်တန်းကျောင်းများအနေဖြင့် တချိန်တည်း ဆွေးနွေးပွဲ ကျင်းပ၍အကြံပြုစာပေးပို့ရမည်မဟုတ်သော်လည်း ကျောင်းအားလုံး လုပ်ရမည်ဟုညွန်ကြားထားသည်ဟု အမှတ် (၃) အခြေခံပညာ ဦးစီဌာနမှ တာဝန်ရှိသူတဦးကဧရာဝတီသို့ ပြောသည်။