ဆောင်းပါး

UNICEF ရဲ့ အယ်ဒီတာ့ထံ ပေးစာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီမီဒီယာရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထောက် လင်းသန့် ရေးသားတဲ့ “ဗိုလ်ချုပ်ဟောင်း တဦးအိမ် ရုံးခန်းငှားမိတဲ့ ကုလသမဂ္ဂ အဖွဲ့ မေးခွန်းထုတ်ခံရ” ဆိုတဲ့ သတင်းကို မေလ ၁၉ ရက်နေ့ ၂၀၁၄ ရက်စွဲနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်း ဖော်ပြချက်နဲ့ ပတ်သက်ပြီး UNICEF က အယ်ဒီတာ့ထံ ပေးစာအနေနဲ့ အခုလို ပြန်ကြားခဲ့တာကို စာလုံးပေါင်း သတ်ပုံ အနည်းငယ် ပြင်ဆင်သည်မှ လွဲ၍ မည်သည့် ပြင်ဆင် ဖြည့်စွက်ချက်များမှ မပြုလုပ်ဘဲ ပြန်လည် ဖော်ပြလိုက်ပါတယ်။

အကြောင်းအရာ။     ။ ဧရာဝတီ သတင်းဌာနတွင် ဖော်ပြခဲ့သည့် ယူနီဆက်နှင့် ပတ်သက်သည့် သတင်းဆောင်းပါးအပေါ် သဘောထားလွဲမှားမှု ပြင်ဆင်ချက်

သို့
စာတည်းမှူး

မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ဧရာဝတီသတင်းဌာန၌ ဖော်ပြခဲ့သော ဆောင်းပါးနှင့် ပတ်သက်၍ စာဖတ်သူများ နားလည်မှု လွဲမှားစေနိုင်သည့် အတွက် ဖြေရှင်းရန် ကျနော်တို့ အနေနဲ့ ယခုလိုစာရေး အကြောင်းကြားရခြင်း ဖြစ်ပါတယ်။ ယူနီဆက်အနေနဲ့ ရန်ကုန်မြို့တွင် ရုံးခန်းငှားရမ်း ဖွင့်လှစ်ရာမှာ သတိမထားဘဲ (သို့မဟုတ်) ချင့်ချိန်ခြင်းမရှိဘဲ ရွေးချယ်ငှားရမ်းခဲ့ တယ်ဟူသော တလွဲသဘော သက်ရောက်စေသည့် အကြောင်းကို လူကြီးမင်းတို့ သတင်း ဌာနမှ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ ယူနီဆက်ဟာ အခြားသော ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အတူ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ နှစ်ပေါင်းများစွာ ကြာအောင် ရုံးခန်းငှားရမ်း ဖွင့်လှစ်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၃ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကျနော်တို့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေကို ရုံးခန်းပြောင်းရွှေ့ဖို့အတွက် အကြံပေးခဲ့တာကြောင့် ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျွန်ုပ်တို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီရွှေ့ပြောင်းမှုဟာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် ယူနီဆက်ရဲ့ လုပ်ငန်းတွေ ထပ်မံတိုးချဲ့လာတဲ့ အတွက် ရုံးခန်းနေရာ ကျယ်ကျယ်ဝန်းဝန်း ရရှိဖို့ လိုအပ်ချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အကြောင်းမလှချင်တော့ ကုန်သည်ကြီးများ ဟိုတယ်ကနေ ရွှေ့ပြောင်းဖို့ ညွှန်ကြားချက် ကျလာတဲ့ အချိန်ဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်း (တန်ဖိုးနဲ့ငှါးရမ်းခနှုန်း) တွေ ကြောက်ခမန်း လိလိ မြင့်တက်လာတဲ့ အချိန်နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ ဒီလိုမျိုးအခြေအနေ တွေနဲ့ နီးစပ်တဲ့သူ မှန်သမျှကို အတည်ပြုလို့လည်း ရပါတယ်။ ကျနော်တို့ ယူနီဆက်အနေနဲ့လည်း သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့ဈေးနှုန်းနဲ့ ရုံးခန်း ဖွင့်လှစ်နိုင်ဖို့အတွက် ကျောက်တံတား၊ ကမာရွတ်၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်းနဲ့ ဗဟန်းမြို့နယ် တွေမှာ ရှိတဲ့ အိမ်ခြံမြေ အဆောက်အအုံ နေရာ ၂၅ ခုကို ခြောက်လကြာ ဆက်တိုက် ရှာဖွေစုံးစမ်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လက်ရှိ ပေါက်ဈေးအရရော သင့်တော်တဲ့ ဗဟန်းမြို့နယ်က အခု လက်ရှိနေရာ မှာ ရုံးခန်းဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဆောင်းပါးမှာ ဖော်ပြထားသလိုပါပဲ ရန်ကုန်ရဲ့ ရုံးခန်းနေရာနဲ့ ပတ်သတ်လို့ ဈေးကွက် အခြေအနေ တွေဟာ ခက်ခဲပြီး ငှားရမ်းခတွေကလည်း အဆမတန် မြင့်မားပါတယ်။ လက်ရှိ ဈေးကွက်ပေါက်ဈေးနှုန်း တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် ကျနော်တို့ ညှိနှိုင်းခဲ့တဲ့ ဈေးနှုန်းဟာ သင့်တင့်တယ်လို့ ထင်ပါတယ်။ ဒီဈေးနှုန်းကလည်း ကျနော်တို့ ပေးချင်တာထက် ပိုများနေပါတယ်။

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှာ နိုင်ငံတော် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ အခြေခံ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် မူဘောင်အရ ဝန်ထမ်းတွေအတွက် သင့်လျော်တဲ့ နေရာနဲ့ ပိုမို အခွင့်သာတဲ့ ငှားရမ်းခြင်း အခြေအနေတွေအတွက် ဖြစ်နိုင်ခြေတွေကိုရှာဖွေဖို့ ယူနီဆက်ဟာ အစိုးရနဲ့ ပုံမှန် ဆက်သွယ်ခဲ့ပါတယ်။ အဲသလို ဖြစ်နိုင်ခြေတွေ ရှာဖွေခြင်းကိုလည်း ကျနော်တို့ အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အရေးကြီးတဲ့ အလုပ် တွေကို အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းဆိုတဲ့ နေရာမှာ အခွင့်အလမ်း နည်းပါးချို့တဲ့ တဲ့ ကလေးတွေအတွက် အသက်ကယ်ဆယ်ခြင်း လုပ်ငန်းတွေကို ဆိုလိုပါတယ်။ ဒါကလည်း ကျနော်တို့ ဒီနိုင်ငံမှာ အလုပ်လုပ်နေရခြင်းရဲ့ တခုတည်းသော အကြောင်းဖြစ်ပါတယ်။

ဘက်ထရန်းဘိန်းဗဲ(လ်)
ယူနီဆက်မြန်မာ ဌာနေကိုယ်စားလှယ်

Did you find apk for android? You can find new Free Android Games and apps.
Loading