အမျိုးသမီးချင်း လိင်တူဆက်ဆံသူတွေဟာလည်း လိင်ဆက်ဆံမှုကြောင့် ကူးစက်တဲ့ရောဂါတွေနဲ့ အခြားသော ကျန်းမာ ရေး ပြဿနာတွေ အတော်များများ တွေ့ရတာမို့ အရမ်းကို အန္တရာယ်များတဲ့ အမူအကျင့်တခုဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီး လိင်တူ ဆက်ဆံသူ တွေရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲနဲ့ ပတ်သက်လို့ စနစ်တကျ လေ့လာ မှတ်တမ်းတင်မှုက နည်းပါးပါတယ်။ ကျန်းမာရေးဆိုင်ရာ ရှုထောင့်မှာလည်း အမျိုးသမီးချင်း လိင်တူ ဆက်ဆံမှုကို ဂရုပြုမှု နည်းပါးကြသလို ဒါကို ကူးစက်ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားနိုင်တဲ့ အမူအကျင့်လို့လည်း မမြင်ကြပါဘူး။ အမျိုးသားလိင်တူ ဆက်ဆံသူတွေထက်တော့ အမျိုးသမီးချင်းလိင်တူဆက်ဆံမှုက အန္တရာယ်မများဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမျိုးသမီး ချင်း လိင်တူ ဆက်ဆံတယ်ဆိုပေမယ့် အဲဒီအမျိုးသမီးတွေက အမျိုးသားတွေနဲ့ မကင်းလွတ်ကြပါဘူး။ ဒီတပတ် လိင်မှုဆိုင်ရာ ပညာပေးမှုအဖြစ် အမျိုးသမီးချင်းလိင်တူ ဆက်ဆံခြင်းနောက်ကွယ်မှ အန္တရာယ်များကို တင်ပြလိုက်ပါတယ်။
အမျိုးသမီးချင်းလိင်တူဆက်ဆံမှုဆိုတာ
အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူ အရေအတွက်က အမျိုးသားချင်း လိင်တူဆက်ဆံသူအရေ အတွက်ထက် နည်းနေ တာကြောင့်လည်း ဖြစ်ပါ တယ်။ ဒါ့အပြင် အမျိုးသမီး လိင်တူဆက်ဆံသူတွေက အမျိုးသားတွေလို လိင်ဆက်ဆံဖက် များတာမျိုး၊ ပြင်းထန် အစွန်း ရောက်တဲ့ ဆက်ဆံမှုမျိုး ရှိကြတယ်လို့ အထောက်အထား မပြသနိုင်ပါဘူး။
အမျိုးသမီးချင်းလိင်တူဆက်ဆံသူ သို့မဟုတ် အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သူ အဖြစ် တိတိကျကျ သတ်မှတ်နိုင်ဖို့ မလွယ်ကူတာပဲဖြစ်ပါတယ်။ လေ့လာမူတွေအရ မိမိကိုယ်မိမိ အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူပါလို့ ဖွင့်ဟဝန်ခံခဲ့သူ အမျိုးသမီးတွေထဲက အများစုက အမျိုးသားတွေနဲ့လည်း လိင်ဆက်ဆံမှုတွေရှိ နေ လို့ ဖြစ်ပါတယ်။ သူတို့ထဲက ၇ ရာခိုင်နှုန်း ကသာ အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှု လုံး၀ မပြုခဲ့ဖူးသူတွေ ဖြစ်တယ် ဆိုတာ ကို လိင်ကြောင့် ကူးစက် တတ်တဲ့ရောဂါတွေကို သုတေသနပြုနေတဲ့ သြစတြေးလျ နိုင်ငံက သုတေသီတွေ က တွေ့ ရှိခဲ့ ရပါတယ်။
သူတို့ရဲ့ လေ့လာမှုအရ အမျိုးသမီးချင်း လိင်တူဆက်ဆံမှုပြုတတ်တဲ့ မိန်းမတွေဟာ အမျိုးသားတွေနဲ့ လည်း လိင်ဆက်ဆံ မှုရှိရုံသာ မက အမျိုးသား အမြောက်အများနဲ့ ပတ်သက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အမျိုးသား အဖော် အရေ အတွက်ဟာ သာမန်အမျိုးသမီး (အမျိုးသားများနဲ့သာလိင်ကွဲဆက်ဆံမှုပြုလေ့ရှိသူ) တွေရဲ့ အမျိုးသား အဖော် အရေ အတွက် ရဲ့ ၂ဆ ရှိတယ် လို့သိရပါတယ်။
ကျန်းမာရေးအန္တရာယ်များ
အမျိုးသမီးချင်းလိင်တူဆက်ဆံသူတွေမှာ အဓိကကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အမျိုးသမီး အင်္ဂါက အရည်ဆင်းခြင်း၊ အသည်းရောင် ဘီပိုးနဲ့ စီပိုးကူးစက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ အမျိုးသမီးလိင်တူဆက်ဆံသူတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း တို့ပဲဖြစ်ပါတယ်။ ပြည့်တန်ဆာ အတော်များများကလည်း အမျိုးသမီးချင်းလိင်တူ ဆက်ဆံတဲ့ အမူအကျင့်ကို ကျင့်သုံးလေ့ရှိကြပါတယ်။
လေ့လာမှုတခုအရ အမျိုးသမီးချင်းသာ လိင်တူဆက်ဆံခဲ့တဲ့ အမျိုးသမီးတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီး အင်္ဂါက အရည်ဆင်းတဲ့ရောဂါ ရနေတယ်လို့ တွေ့ရှိခဲ့ရ ပါ တယ်။ ဒီရောဂါကြောင့် တင်ပါးဆုံတွင်း အင်္ဂါများ ယောင်ရမ်းတဲ့ ရောဂါ ဖြစ်စေနိုင်သလို တခြားလိင်ဆက်ဆံမှုကြောင့် ကူး စက်နိုင်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။
ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူတွေကြားမှာ လိင်အင်္ဂါ အနာဖြစ်တာ၊ ကြွက်နို့ဖြစ်တာ၊ ရေယုန်ဖြစ်ပွားတွေ ဖြစ်ပွားတာတွေ့ရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးချင်းသာ လိင် ဆက်ဆံမှု ပြုလုပ် ဖူးပြီး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှု လုံး၀ မလုပ်ဖူးတဲ့ အမျိုးသမီးတွေမှာလည်း Human Papilloma Virus (HPV)၊ Trichomoniasis နဲ့ စအို နဲ့ လိင်လမ်းကြောင်းမှာ ကြွက်နို့ တွေ တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။