တချို့တွေအတွက် လိင်ဆက်ဆံခြင်းဆို တာ အချစ်နဲ့ ပတ်သက်တဲ့ အရာတခု ဖြစ်ပြီးတော့ တချို့တွေ အတွက်ကတော့ အချစ်နဲ့ လိင်မှုကိစ္စက ကွဲပြားခြားနားတဲ့ အကြောင်းတခု ဖြစ်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဒီကိစ္စကို လုပ်သည်ဖြစ်စေ ကိုယ့် ရဲ့ စိတ်ကိုပျော်ရွှင် ကျေနပ်စေဖို့နဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့က အရေးကြီးပါတယ်။ လိင်ဆက်ဆံမှု မပြုမီ သိထားသင့်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) လိင်ဆက်ဆံဖို့ အတွက် ကိုယ်က တကယ်အသင့် ဖြစ်နေပြီလား ဒါမှ မဟုတ် ကိုယ်တကယ် ဆန္ဒရှိသလား ဆိုတာ သေချာပါစေ။ ကိုယ့် ဘက်က အဆင်သင့် ဖြစ်တယ်ဆိုတာ သေချာမှသာ ရှေ့ဆက်ပါ။
(၂) လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ(STD) မဖြစ်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ သင်ရော သင့်ရဲ့ အဖော်မှာရော ဒီလိုရောဂါတွေ မရှိဖို့ သေချာအောင်လုပ်ထားရမှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှု ဆိုတာ အဓိက စိုးရိမ်ရမယ့် အကြောင်းတခု ဖြစ်ပေမယ့် တခါတလေ မေ့လျော့တတ်ပါတယ်။
(၃) ကလေးယူဖို့ အစီအစဉ် မရှိဘူးဆိုရင် အကာအကွယ်သုံးဖို့ မမေ့ပါနဲ့။ ကွန်ဒုံးကို အသုံးပြုခြင်းကြောင့် မလိုချင်တဲ့ ကိုယ် ဝန်ကို တားဆီးနိုင်သလို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) လိင်ဆက်ဆံမှုမပြုမိမှာ ကိုယ့်ရဲ့ အဖော်နဲ့ ပဋိသန္ဓေတားဆီးတဲ့ အကြောင်းတွေနဲ့ STD တွေကနေ ကာကွယ်ရေး အ ကြောင်းတွေ ပြောဆိုဆွေးနွေးထားရင် ပိုကောင်းပါတယ်။
(၅) လိင်ဆက်ဆံမှု မပြုမီ စိတ်ခံစားမှု အထွဋ်အထိပ်ကို တကြိမ်ရနိုင်ရင်လည်း ကောင်းပါတယ်။ အဲဒါဆိုရင် ဆက်ဆံရေး ကို ပိုမိုကောင်းမွန်စေနိုင်သလို လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကိုလည်း တားဆီးပေးပါတယ်။
(၆) သင့်ရဲ့ အဖော်နဲ့ လိင်ဆက်ဆံမှု မပြုလုပ်ခင် သင်တို့ ၂ဦးရဲ့ ဆက်ဆံရေး အခြေအနေကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ တချို့တွေက ကတိကဝတ်ရှိတဲ့ ဆက်ဆံရေး (ချစ်သူစုံတွဲလိုမျိုး) မဟုတ်ဘဲ လိင်ဆက် ဆံ မှုပြုတတ်ကြ ပေမယ့် တခြားသူတွေကတော့ ကတိကဝတ် သို့ မဟုတ် အပြန်အလှန်နားလည်မှုတခုကို လိုချင်တတ် ကြပါတယ်။
(၇) ၂ ဦးလုံး လင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါတွေ ရှိမရှိ စစ်ဆေးထားဖို့ အရေးကြီးပါတယ်။ များသောအား ဖြင့် ဆေးစစ်ဖို့ စိုးရိမ်တတ်ကြပေမယ့် ဒါက တကယ်ကို အရေးကြီးပါတယ်။
(၈) သင့်ရဲ့ လူပျို/အပျို ဘဝကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကတိကဝတ်နဲ့ နားလည်မှုရှိတဲ့ လိင်ဆက်ဆံမှုက ဘာ မှန်း မသိဘဲ လူပျိုရည် အပျိုရည်ပျက်ရတာထက်စာရင် ပိုပြီး နှစ်သက်ကျေနပ်စရာ ဖြစ်စေပါလိမ့်မယ်။
(၉) ဖြစ်နိုင်ရင် ကိုယ့် အဖော်ရဲ့ အတိတ်က လိင်မှုကိစ္စတွေ အကြောင်း မမေးသင့်ပါဘူး။ သူ့ရဲ့ အရင်က ချိန်းတွေ့ တဲ့ အတွေ့ အကြုံတွေ၊ လိင်ကိစ္စတွေ အကြောင်း မေးခွန်းတွေ မေးခြင်းကို ရှောင်ကြဉ်ပါ။
(၁၀) မလိုချင်တဲ့ ကိုယ်ဝန်၊ လိင်ဆက်ဆံမှုက ကူးစက်တတ်တတ်တဲ့ ရောဂါတွေ အပြင် တခြားအရေးကြီးတာ တခုက စိတ်ခံစားမှု ကြောင့် ဒုက္ခမရောက်အောင် ဆင်ခြင်ဖို့ပါပဲ။ ကိုယ်ပြုမိတဲ့ကိစ္စ တခုဟာ နောင်တ ရစရာ မဖြစ်တာ သေချာ ပါစေ။