နွေရာသီတွေထဲမှာ ဒီနှစ်နွေကတော့ အယ်လ်နီညိုရာသီဥတုကြောင့် အတော့်ကို ပူပြင်းတဲ့ နွေရာသီဖြစ်ပါတယ်။ ဒီလိုနွေရာသီမှာ ဝတ်ဆင်စရာ အဝတ်အစား ရွေးရတာလည်း ဒုက္ခတစ်မျိုးပါပဲ။ ပေါ့ပါးဖို့၊ အပူဒဏ်ကာကွယ်ဖို့၊ လုံလုံခြုံခြုံရှိဖို့ အကုန်လုံးထည့်စဉ်းစားရပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ ပိုပြီး လိုအပ်ပါတယ်။
နွေရာသီက ကျောင်းတွေပိတ်ထားတဲ့အတွက် ရုံးသွားတာ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ shopping သွားတာ စတဲ့ အချိန်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့စိတ်လွတ်လပ်မှုရှိစေဖို့ ခပ်ပွပွနဲ့ လုံခြုံတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ကြမယ့် လူငယ်တွေအတွက် သင့်တော်မယ့် အကျႌပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ချည်ထည်အကျႌလေးတွေကတော့ ပိုပြီး သင့်တော်ပါတယ်။ အေးလည်းအေး ဒီဇိုင်းလည်း လှတဲ့ အင်းလေး ချည်ထည်အကျႌလေးတွေလည်း ဖော်ပြပေးလိုက်ပါတယ်။ ဂျင်းပန်(န်) အရှည်နဲ့ဖြစ်ဖြစ် အတိုနဲ့ဖြစ်ဖြစ် လိုက်ဖက်မှုရှိပြီး ထဘီနဲ့ တွဲဝတ်ချင်သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။
နွေရာသီရဲ့ပူပြင်းတဲ့နေကို ကာကွယ်တဲ့အထဲမှာ မျက်စိကို နေရောင်ခြည်တိုက်ရိုက်မထိစေဖို့ နေကာ မျက်မှန်လည်း လိုအပ်ပါတယ်။ နေကာမျက်မှန်ကို ဘယ်သွားသွား ကိုယ်နဲ့မကွာ အမြဲတမ်းယူဆောင် သွားသင့်တယ်လို့ အကြံပေးပါရစေ။
ဦးထုပ်၊ ထီးစသည်တို့ကိုလည်း ဆောင်သင့်ပါတယ်။ ဦးထုပ်ကတော့ လူူငယ်တွေရဲ့ဖက်ရှင်တမျိုးဖြစ်လို့ အထူးပြောစရာ မလိုလောက်ပါဘူး။ မိန်းကလေးရော ယောကျာ်လေးရော သင့်တော်တာမို့ လူငယ် အတော်များများ သဘောကျကြပါတယ်။
နွေရာသီရဲ့အပူပြင်းဆုံး လက်ကျန်ရက်တွေမှာ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ပြီး ဖက်ရှင်ကျကျနဲ့ လန်းနိုင်ကြပါစေ။