အစိုးရက မော်တော်ယာဉ်ဥပဒေအရ ၂၀၁၆ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ဖြင့် တင်သွင်းသည့် ကားများမှ အပ ပြည်ပမှ တင်သွင်းသည့် ယာဉ်အားလုံးကို ဘယ်မောင်းတမျိုးတည်းသာ တင်သွင်းရမည်ဟု သတ်မှတ် ထားခဲ့ရာမှ ယနေ့တွင် ယင်းသတ်မှတ်ချက်ကို ဖြေလေ ျှာ့ ပေးလိုက်ကြောင်း သိရှိရသည်။
အစိုးရ က အတည်ပြုပြဌာန်းလိုက်သည့် မော်တော်ယာဉ်မူဝါဒ သည် ဝေဖန်မှုများနှင့် ကြုံတွေ့နေရပြီး ကားဈေးကွက် တွင်လည်း လှုပ်ခတ်မှုများဖြစ်ပေါ်နေသည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန စသည့် အစိုးရ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ဘယ်မောင်းတမျိုးတည်းသာ တင်သွင်းရမည်ဆိုသော မူဝါဒကို ပြန်လည် ဖြေေ လ ျှာ့ပေး လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဓိက က ၂၀၁၅ ခုနှစ်မှာ တင်သွင်းခွင့်ပြုခဲ့တဲ့လိုင်စင်တွေ ရှိတယ်။ တဦးချင်းပါမစ်၊ ကုမ္ပဏီပါမစ်၊ Consignment ပါမစ် တွေကို ၂၀၁၆ ခုနှစ်ကုန်အထိ တင်သွင်းခွင့်ပြုမယ်။ အရင်တုန်းကဆိုရင် အဲဒါတွေကို ကညန က ခွင့်မပြုခဲ့ဘူး။ အခုတော့ အဲဒီစနစ်ကို ပယ်ဖျက်လိုက်ပြီ။ ၂၀၁၄၊ ၁၅ မော်ဒယ်လ်အထိက ညာမောင်းတွေလည်း တင်သွင်းခွင့်ရမယ်။ ၂၀၁၆ မှာတော့ ဘယ်မောင်းဖြစ်မယ်။ ကားဈေးနှုန်းတွေလည်း အရင်အတိုင်းပြန်ဖြစ်ဖို့ရှိတယ်။ မူဝါဒ တခု ကို ခဏခဏ ပြောင်းရင် မကောင်းဘူး ပေါ့လေ။ ဝန်ကြီးဌာန တခုကနေ နောက်တခုကို ရုတ်တရက်ပြောင်းလိုက်တဲ့အခါ အရင်လုပ်ခဲ့တာတွေကို အသိအမှတ်မပြုဘူးဆိုတော့ ပြည်တွင်းပြည်ပ က လုပ်ငန်းရှင်တွေရော FDI တွေပါ အခက်အခဲဖြစ်တယ်”ဟု ”မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောသည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ် ဥပဒေသစ်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး တရားဝင် ဥပဒေအဖြစ် အတည် ပြု ထုတ်ပြန်လိုက်သည့် နောက်ပိုင်း ဥပဒေသစ် တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကြောင့် ကားဈေးကွက်အတွင်း ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။