စီးပွားရေး

ဒေါ်လာဈေး ကျပ် ၁၀၀၀ ကျော် ရောက်ရှိ၊ ငွေလဲနှုန်း တည်ငြိမ်ရန်လို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှုနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ယနေ့ ငွေလဲနှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၁ ၀၀၀ ကျော်၍ အပြင်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရသည်။

ဗဟိုဘဏ်က တရားဝင် သတ်မှတ်ပေးသော နှုန်းထားသည်ပင် အောက်တိုဘာ ၂၇ ရက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၀၀ ကျပ် ဖြစ်သည်ကို တွေ့ရသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ ပြီးခဲ့သည့် စက်တင်ဘာ လဝက်ကျော်တွင် ၁ ဒေါ်လာလျှင် ၉၇၀ ကျပ်ဝန်းကျင်မှ စပြီး တရွေ့ရွေ့ မြင့်တက်လာခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် ယခုကဲ့သို့ ဗဟိုဘဏ်က ၁ဒေါ်လာ ၁၀၀၀ ကျပ် သတ်မှတ် အထိ သတ်မှတ်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငွေလဲနှုန်းများ ဆက်တိုက် မြင့်တက်လာရသည်မှာ အမေရိကန် စီးပွားရေး ပြန်လည် ဦးမော့လာမှုနှင့်အတူ နိုင်ငံတကာ တွင် အမေရိကန် ဒေါ်လာဈေး မြင့်တက်လာခြင်း၊ ကမ္ဘာ့ ရွှေဈေးနှုန်းများ ကျဆင်းနေခြင်းတို့နှင့် ဆိုင်နေကြောင်း၊ ပြည်တွင်းအခြေ အနေ တွင်လည်း သွင်းကုန်များပြားခြင်းကြောင့် နိုင်ငံခြားငွေ ဒေါ်လာ လိုအပ်ချက်တိုးလာခြင်းတို့နှင့် သက်ဆိုင်နေကြောင်း စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက ပြောသည်။

“အဓိကတော့ ဒေါ်လာဝယ်အား တက်တာပဲ။ သွင်းကုန်များတော့ ဒေါ်လာလိုတာပေါ့။ အခုကမ္ဘာမှာ ရွှေဈေးဆိုလည်းကျ၊ ရေနံစိမ်း ဈေးကလည်း ကျတယ်ပေါ့။ နိုင်ငံတကာက အရန်ငွေထားတဲ့နေရာမှာ များသောအားဖြင့် ချိန်ညှိလုပ်တာက ရွှေနဲ့ဒေါ်လာပေါ့။ ရွှေက သိပ် ဈေးကျလာတယ်ဆိုရင် အဲ့ဒီအစား ဒေါ်လာကို ပြောင်းကိုင်တာပေါ့။ ဒေါ်လာကိုပြောင်းကိုင်ပြီဆို ဈေးကတက်မှာပေါ့။ ဒီတော့ နိုင်ငံတကာ သက်ရောက်မှုရော ပြည်တွင်း သွင်းကုန်များတာနဲ့ရော ဆိုင်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ဒေါက်တာ မောင်အောင်က ပြောပြသည်။

ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ယခုကဲ့သို့ ဒေါ်လာတန်ဖိုးမြင့်တက်နေခြင်းမှာ ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေပြီး ပို့ကုန် များပြားစွာ တင်ပို့နိုင်ရန် အခွင့်အရေးသဘော သက်ရောက်စေမည်ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် တဖက်တွင်လည်း ဒေါ်လာဈေးမြင့်ခြင်းနှင့်ထပ်တူ ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရသော သွင်းကုန်များ ဈေးနှုန်းမြင့်တက် လာမည်ဖြစ်ပြီး ယင်းပစ္စည်းများကို ဝယ်ယူသုံးစွဲရမည့်သူများ အနေဖြင့် ဈေးနှုန်းမြင့်တက်မှုကို ကြုံရနိုင်သည့် အခြေအနေဖြစ် သည်။

ထိုသို့ နှစ်ဘက် မျှတရန်လိုအပ်သော အခြေအနေတွင် ငွေလဲနှုန်းတည်ငြိမ်ရန်မှာ လွန်စွာအရေးကြီးပြီး အတက်၊အကျ မြန်ဆန် သည့် အခြေအနေမှာ စီးပွားရေးလုပ်ငန်း သေချာစွာလုပ်ကိုင်သူများအတွက် အဆင်မပြေကြောင်း Nibban Electric & Electronics MD ဒေါက်တာ အောင်သိန်းက ပြောသည်။

“ဈေးကစားတဲ့ စီးပွား ရေးသမားအတွက်တော့ ဒီလို မတည်ငြိမ်လေ၊ ကစားလေ၊ ပိုကြိုက်လေပေါ့။ ပုံမှန်စီးပွားရေး လုပ်တဲ့သူကျ တည်ငြိမ်နေတဲ့ ငွေလဲနှုန်းကို သဘောကျတယ်။ တည်ငြိမ်နေမှ ဒီပစ္စည်းကို ဒီအချိန်မှာ ပို့ပြီး ပြန်ဝင်လာမယ့် ဒေါ်လာကို ရောင်းရင် သူဘယ်လောက် ရမယ်ဆိုတာ သူတွက်လို့ အဆင်ပြေတယ်။ Import သမားကလည်း ဒီလိုပဲ သူဒီဈေးနဲ့သွင်းပြီး ပြန်ရောင်းရင် ဘယ်လောက် ရောင်းလို့ရမယ် ဆိုတာ တွက်လို့ အဆင်ပြေတာပါ”ဟုလည်း ပြောဆိုသည်။

ယခုကဲ့သို့ ငွေလဲနှုန်း မြင့်မား၍ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းမှာ ပြည်တွင်း ပို့ကုန် တိုးတက်ရေးကို ဦးတည်စေသော်လည်း လက်ရှိ နိုင်ငံ၏ ပို့ကုန်အမျိုးအစားနှင့် ဆိုပါက အဆင်ပြေလှသည့် အနေအထားမျိုး မဟုတ်သေးကြောင်း ဘဏ်နှင့် ငွေကြေး ဆိုင် ရာ ကျွမ်းကျင်ပညာရှင် ဦးစံသိန်းက ပြောသည်။

၎င်းက“ပု့ိကုန် အားကောင်းလာဖို့ အားပေးသလိုပေါ့၊ ဒါပေမယ့် တခုတော့ ရှိတယ်။ ကျနော်တို့  ပို့ကုန်တွေက စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်တွေပေါ့။ ဒီတော့ ဒါတွေက ဈေးကောင်းတိုင်း များများ ထုတ်နိုင်တာ မဟုတ်ဘူးဗျ။ ဥပမာ စပါးတွေ ဒီနှစ်မှာ ၁သန်း ထုတ် နိုင်ရင် ချက်ချင်းပဲ နောက်နှစ် ၂သန်း ထုတ်လို့ရတာမျိုး မဟုတ်ဘူးပေါ့”ဟုလည်း ပြောဆိုသည်။

ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်မှု များပြားသော အချိန်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အလုပ် လုပ်ကိုင်ရာတွင် အကျပ် အတည်း မဖြစ်ရန် ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းကိုဝင်ရောက်ထိန်းညှိခြင်းဖြင့် ဖြေရှင်းရန်လိုသည့်သဘော ရှိသော်လည်း ယခုအခြေ အနေမှာ အခက်အခဲ ဖြစ်လောက်သည့် အခြေအနေ မဟုတ်သေးကြောင်း စီးပွားရေးပညာရှင် ဦးမော်သန်းက ဆိုသည်။

ဒေါ်လာဝယ်လိုအား များခြင်းကြောင့် ငွေလဲနှုန်းမြင့်သောအခြေအနေတွင် ဗဟိုဘဏ်က ၎င်း၏ နိုင်ငံခြားအရန်ငွေ အတွင်းမှ ဒေါ်လာကို ဈေးကွက်အတွင်း ထုတ်ရောင်း၍ ဈေးနှုန်းမတက်စေရန် ထိန်းညှိဆောင်ရွက်၍ရသည့် အနေအထားမျိုးဖြင့် ဖြေရှင်းခြင်းဖြစ် ကြောင်း သိရသည်။

ဦးမော်သန်းက“ဗဟိုဘဏ်က ဒေါ်လာလိုက်ဝယ်ဖို့ဆိုရင်လည်း သူ့မှာ ငွေကြေးက အကန့်အသတ်တော့ ရှိတာပေါ့၊ ဗဟိုဘဏ်က များလာတယ် အကြီးအကျယ် ထိခိုက်လာရင်တော့ သူလည်း တတ်နိုင်သလာက် အတိုင်းအတာထိ ဝင်ပါလိပ်မယ်။ ဘယ်နှုန်းတခု ဘယ်လောက်ပဲ ဖြစ်ရမယ် ဆိုတာကတော့ ဒီလိုလုပ်နိုင်တဲ့စွမ်းအားက အမေရိကန်စီးပွားရေး အင်အားကောင်းနေတာကို ဆန့်ကျင် လုပ် နိုင်တာမျိုးတော့ မလွယ်ပါဘူး”ဟု ပြောဆိုသည်။

ပြည်တွင်းအနေအထားမှာ ပို့ကုန်ထက် သွင်းကုန်များပြားနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေ ပြလျက်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် က ကုန်သွယ်ရေးလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၃ဘီလီယံကျော် ရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ် အနေအထားမှာ လက်ရှိအထိ အမေရိကန် ဒေါ်လာ ၃ဘီလီယံ ဝန်းကျင် ရှိနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading