နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိပြီးနောက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ထားမှုကို ၆ လတိတိ ယာယီ ဖြေလျှော့ပေးလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ အေးရှာဝေါလ် ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်းများနှင့် လေဆိပ်များမှတဆင့် ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ဘဏ်များဖြစ်ကြသော Citigroup ၊ အမေရိကန်ဘဏ်နှင့် PNC ကုမ္ပဏီတို့သည် အမေရိကန်စီးပွားရေး ပိတ်ဆို့ထားသော အေးရှားဝေါလ်ဆိပ်ကမ်းမှ တဆင့် ကုန်သွယ်မှုနှင့် ပတ်သက်၍ ငွေပေးငွေယူ များရှိနေကြောင်း Reuters သတင်းဌာနက ယခင်လက သတင်းရေးသားဖော်ပြပြီးနောက် ငွေကြေးအပေးအယူနှင့် ကုန်သွယ်မှု ဖြတ်တောက်ခဲ့ရာ အမေရိကန်စီးပွားရေးကုမ္ပဏီများ အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။
အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ဆို့မှု ယာယီလျှော့ချလိုက်ခြင်းသည် NLD အစိုးရ ဖွဲ့စည်းပြီးနောက် စီးပွားရေးကျပ်တည်းနေသော မြန်မာနိုင်ငံအတွက် စီးပွားရေး အသက်ရှုပေါက်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
(Ref: Reuters)