အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရ ဘဏ်များ၊ အစိုးရလုပ်ငန်းများနှင့် တပ်မတော်ပိုင် ဘဏ် ၂ ခုအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖြေလေ ျှာ့ပြီး စီးပွားရေးပိတ်ဆို့မှု ၁ နှစ် ထပ်မံသက်တမ်းတိုးလိုက် သော်လည်း ယင်းသက်တမ်းတိုးမှုသည် နိုင်ငံကို ထိခိုက်မည်မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို နောက်ထပ် တနှစ်တိုးလိုက်သော်လည်း အစိုးရပိုင် စီးပွားရေးလုပ်ငန်း အချို့ကို နာမည် ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ပုဂ္ဂလိက စီးပွားရေးကုမ္ဗဏီများအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ဆက်လက်ထားနေဆဲဖြစ်သည့်အပြင် ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော အေးရှား ဝေါလ် ကုမ္ဗဏီလက်အောက်ခံ ကုမ္ဗဏီ ၆ ခုကို စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထပ်မံ ထည့်သွင်းခဲ့ကြောင်း သိရှိရ သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီ အရေးယူပိတ်ဆို့မှုတွေက တိကျတဲ့ အကြောင်းပြချက်တခုနဲ့ ချမှတ် ခဲ့တာ ဖြစ်ပါ တယ်။ ဒီ အကြောင်း ပြချက်တွေကလည်း တချိန်မှာ ဖယ်ရှားသွားပါလိမ့်မယ်။ အရေးယူ ပိတ်ဆို့မှုတွေက ကြီးမား တဲ့ပြဿနာတခု မဟုတ်ပါဘူး။ ကျမတို့ကိုလည်း ထိခိုက်နစ်နာစေမှာ မဟုတ်ပါဘူး။ ကျမတို့မှာ အင်အားရှိပါ တယ်။ ဒါကြောင့် ခုချိန်မှာ ရှိလာနိုင်မယ့် အခက်အခဲ မှန်သမျှကို ကျော်လွှားသွားနိုင်ပါတယ်” ဟု ပြောသည်။
အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းတဦး ဖြစ်ပြီး ဆက်လက်၍လည်း မိတ်ဆွေအဖြစ် ဆက်ရှိ သွားလိမ့် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
စီးပွားရေးပိတ်ဆို့မှုတွင် အဓိကကျန်ရှိနေသူများမှာ ယခင်စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ကြီး များနှင့်ပူးပေါင်း ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ ကြီးပွားချမ်းသာလာသော ခရိုနီများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့် ကုမ္ဗဏီကြီးများ၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်သည်။