ပြည်တွင်းမှာ လူကြိုက်များလာနေတဲ့ Xiaomi ရဲ့ မော်ဒယ်သစ် Mi 6 ကို ဈေးကွက်မှာ မကြာခင် မိတ်ဆက်လာ တော့မှာ ဖြစ်လို့ ဖုန်း အကြောင်းကို ကြိုပြီး ပြောပြချင်ပါတယ်။ အခုဖုန်းက လက်ရှိ Xiaomi ကို ဈေးကွက် မသိသေးတဲ့ ကနေဒါနဲ့ အမေရိကလို ဈေးကွက်မှာပါ မိတ်ဆက် ရောင်းချဖို့ ရှိနေလို့ အကောင်းဆုံး ပြင်ဆင်လာပုံ ရပါတယ်။
အရင်ဆုံး ပြသမျက်နှာပြင် အကြောင်း ပြောချင်ပါတယ်၊ 4K ရုပ်ထွက်ကို ပြသပေးနိုင်မယ့် ပြသမျက်နှာပြင် စနစ်ကို တွေ့လာရဖို့ ရှိပြီး သူက ၅ ဒသမ ၂ လက်မ အရွယ်ရှိမှာ ပါ။ Pixel သိပ်သည်းနှုန်းက 4096×2160 ရှိလို့ တလက်မ အတွက် Pixel နှုန်းက ၇၀ဝ နီးပါးရှိလာမှာပါ။ ဒါဟာ ဒီနေ့ ဈေးကွက်ဝင် ဖုန်းအများစုရဲ့ Resolution ထက် နှစ်ဆမက ပိုကောင်းနေမယ့် အနေအထားပါ။
Processor ပိုင်းမှာ i6 core ကို သုံးထားဖို့ ရှိပြီး မြန်နှုန်းက 2.5 ကနေ 2.7 GHz အကြား ရှိနိုင်ပါတယ်။ စမတ်ဖုန်း တလုံး အတွက် i6 core ထိုင်လာမယ့် အနေအထားက အသုံးပြုရမှု အရသာသစ်ကို ခံစားရစေနိုင်ပါတယ်။
ကင်မရာပိုင်းက နောက်ဘက် ကင်မရာ အနေနဲ့ 23 MP ရှိဖို့များပြီးတော့ ရှေ့ဘက် ကင်မရာကတော့ 7 MP ရှိနိုင် ပါတယ်။ ရှေ့ဘက်ကင်မရာရဲ့ စွမ်းရည်ဒီလောက် မသိသာပေမယ့် နောက်ဖက် ပင်မ ကင်မရာရဲ့ စွမ်းဆောင်ရည် ကတော့ စိတ်ဝင်စားစရာပါ။
Memory ကတ်စိုက်လို့ ရအောင် ဖန်တီးလာဖို့ ရှိနေပြီး Internal Memory ရဲ့ နှစ်ဆ စိုက်ပြီး သုံးနိုင်အောင် ဖန်တီး ထားဖို့ ရှိတယ် လို့ သိရပါတယ်။ Internal ကိုတော့ 32, 64နဲ့ 128 GB တွေ အဖြစ် ဈေးအမျိုးမျိုးနဲ့ ရောင်းချလာဖို့ ရှိနေတာပါ။
ဘက်ထရီပိုင်းမှာက 4000 mAh စွမ်းအင် ထိန်းနိုင်မယ့် ဘက်ထရီကို ထည့်ထားဖို့ ရှိပြီး သူရဲ့ အသုံးပြုနိုင်မှုကို မိတ်ဆက်တာ မတွေ့ရသေးပေမယ့် တနာရီ အတွင်း အားပြည့်အောင် သွင်းနိုင်ဖို့တော့ ရှိနေတာပါ။ ကြိုးမဲ့ စနစ်နဲ့ အားသွင်းနိုင်ဖို့လည်း ရှိနေပြီး တကယ်လို့ Quick Charge ပုံစံနဲ့ အားသွင်းမယ် ဆိုရင်လည်း မိနစ် ၃၀ နဲ့တင် အား ၅၀ ရာခိုင်နှုန်း သွင်းနိုင်ပါလိမ့်မယ်။
Fingerprint လုံခြုံရေး စနစ်က ခေတ်နောက်ကျနေပြီလို့ Xiaomi က ဆိုပါတယ်၊ အခု Mi 6 မှာ မျက်လုံးကို Scan ဖတ်တဲ့ စနစ်နဲ့ လုံခြုံရေးစနစ်ကို ထည့်ထားမှာပါ။ သင့် မျက်လုံးနဲ့ ဖုန်းရဲ့ Lock ကို အဖွင့်၊ အပိတ် လုပ်နိုင်ပါလိ်မ့်မယ်။
အခုဖုန်းဟာ ဒေါ်လာ ၄၀ဝ လောက်နဲ့ပဲ ရနိုင်လောက်မယ့် ဖုန်းဖြစ်လာနိုင်ပြီး အမှန်က ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ကတည်းက ရောင်းချနိုင်အောင် ပြင်ဆင်နေခဲ့တာ ဖြစ်ပေမယ့် ဖုန်းအတွက် လိုအပ်တဲ့ Chip တွေကို Chip ထုတ်လုပ်မှု ကုမ္ပဏီဘက်က အနည်းငယ် နှောင့်နှေးနေတာကြောင့် ဈေးကွက်တင် မိတ်ဆက်တာ အခုလို နောက်ကျနေတာလည်း ဖြစ်ပါတယ်။ နောက်ဆုံး သတင်းများ အရတော့ Mi 6 ကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်မှာ မိတ်ဆက်လာဖွယ် ရှိနေပါ တယ်။
Ref: www.xiaomimi6.org