Admin & HR Assistant Manager

Full Details Yangon Region, Myanmar (Burma) K --
Apply Now

The Irrawaddy Media ၏ ရန်ုကုန်ရုံးချုပ်တွင် တာဝန်ထမ်းရန် အတွေ့အကြုံရှိသည့် Admin & HR လက်ထောက် မန်နေဂျာ တဦး အလိုရှိသည်။

လျှောက်ထားသူသည် Admin ၊ Logistics ၊ လူသားအရင်းအမြစ် (HR) မူဝါဒများနှင့် HR အဖွဲ့ကို ကြီးကြပ်၍ အချိန်နှင့် တပြေးညီ စီမံပူးပေါင်း ဆောင်ရွက်နိုင်သူ၊ ဒါရိုက်တာ(Operations) ၏ ကြီးကြပ်မှု အောက်တွင် စီမံခန့်ခွဲ ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

ရုံးမန်နေဂျာအနေဖြင့် ရုံးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ Admin နှင့် logistics ဝန်ထမ်းများကို စီမံခန့်ခွဲခြင်းများ ပြုလုပ်ရ မည်၊လိုအပ်ပါက အယ်ဒီတာအဖွဲ့ နှင့် စီမံခန့်ခွဲရေး အစည်းအဝေး ပွဲများသို့ တက်ရောက်ပေးရမည်။

ပြည်တွင်း အလုပ်သမား ဥပဒေများ၊ လူမှုဖူလုံရေး ဥပဒေများ၊ လစာနှင့် အခွန်တွက်ချက်ခြင်းများကို နားလည်သူဖြစ်ရမည်၊ ဝန်ထမ်း စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် ဥပဒေ နှင့် စည်းကမ်းများ အပြောင်းအလဲ ရှိပါက ဒါရိုက်တာ(Operations) သို့ အချိန်နှင့် တပြေးညီ အသိပေးတင်ပြရမည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံမှ Admin နှင့် HR နယ်ပယ်တွင် အတွေ့အကြုံ အနည်းဆုံး ၃ နှစ်မှ ၅ နှစ် ရှိသူ၊ ကွန်ပျူ တာ အထူးသဖြင့် MS Office နှင့် လူမူမီဒီယာ ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ အင်္ဂလိပ် နှင့် မြန်မာ ၂ ဘာသာလုံးကို ကျွမ်းကျင်စွာရေသား ပြောဆိုနိုင်သူလည်း ဖြစ်ရပါမည်။

လျှောက်ထားသူ၏ အရည်အချင်းအလိုက် လစာကိုညှိနှိုင်းနိုင်ပြီး၊ ထူးချွန်စွာ စွမ်းဆောင်လုပ်ကိုင်နိုင်ခဲ့လျှင် ၂ နှစ်ကြာ သည့် အချိန်တွင် Admin & HR မန်နေဂျာ အဖြစ်သို့ ရာထူး တိုးမြှင့်ပေးမည် ဖြစ်သည်။

လျှောက်လွှာ နှင့် ကိုယ်ရေး အကျဉ်းချုပ် (၃ မျက်နှာထက်မပိုရ)ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်၊ အကြောင်း အရာ နေရာတွင် “ (မိမိအမည်)၏ Admin & HR လက်ထောက်မန်နေဂျာ လျှောက်လွှာ” ဟု ဖော်ပြရမည်။

သင့်တော်သည့် လျှောက်ထားသူကို တွေ့ရှိသည့် အချိန်အထိ ယခုကြော်ငြာကို ဖွင့်ထားမည် ဖြစ်ပါသည်။ လျှောက်လွှာ များ အားလုံးကို [email protected] သို့ပေးပို့ရမည် ဖြစ်သည်။

Senior Finance Officer

Full Details Yangon Region, Myanmar (Burma) K --
Apply Now

The Irrawaddy Media ၏ ရန်ကုန်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန် Senior Finance Officer တဦး အလိုရှိသည်။

လျှောက်ထားသူသည် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ခြင်း၊ ရုံးတွင်း ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှ လစ်ဟာမှုများ၊ ကွဲလွဲမှုများ ကို လစဉ်လေ့လာဆန်းစစ်ခြင်း၊ ဖြေရှင်းခြင်း၊ လိုအပ်သော အစီရင်ခံစာ နှင့် နောက်ဆုံးအခြေအနေများကို ကြီးကြပ်သူထံ တင်ပြခြင်း၊ ဒါရိုက်တာ (Operation) အတွက် လိုအပ်သော အချက် အလက်များပြုလုပ်ပေးခြင်း၊ ကူညီခြင်းများ ပြုလုပ်ရမည်။

ငွေစာရင်း ဝန်ထမ်းများက ထည့်သွင်းသော ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များက အချိန်နှင့် တပြေးညီ ရှိစေရန်နှင့် မှန်ကန်သေချာစေရေး ကြီးကြပ်ရန်၊ အထွေထွေ လယ်ဂျာ(General Ledger) ကို ပြုစုခြင်း၊ ထိန်းသိမ်းခြင်း နှင့် စာရင်း ကိုက်ညီမှု ရှိစေရန် အပတ်စဉ် စစ်ဆေးခြင်း၊ ငွေစာရင်းရှင်းတမ်းများ ကို စစ်ဆေးခြင်း နှင့် ငွေစာရင်း ခန့်မှန်းမှုကို ကြီးကြပ် သူထံ အပတ်စဉ် အချိန်မီပေးပို့ ခြင်းများ ဆောင်ရွက်ရမည်။ purchase နှင့် logistical စီမံခန့်ခွဲရေး အတွက်တာဝန် များကိုလည်း ထိန်းသိမ်း ဆောင်ရွက်နိုင်ရမည်။

လျှောက်ထားသူသည် ဘဏ္ဍာရေးစီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်း လုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ် ရှိသူ၊ ဘဏ္ဍာရေးဆိုင်ရာ လေ့လာဆန်းစစ်မှု ကောင်းမွန်ပြီး အခက်အခဲများဖြေရှင်းရာတွင် တက်ကြွစွာ ဦးစီး ဆောင်ရွက် နိုင်သူ၊ လုပ်ငန်းလိုအပ်ချက်အလိုက် အလုပ်ချိန်ဇယားကို ပြောင်းလဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းများတွင် အသုံးပြုနေသော ဘဏ္ဍာရေးဆိုင်ရာ software များကို ကျွမ်းကျင်သူ၊ မြန်မာဝန်ထမ်း များ၊ မြန်မာ မဟုတ်သည့် ဝန်ထမ်းများ နှင့် ဆက်ဆံလုပ်ကိုင်ရမည်ဖြစ်၍ အင်္ဂလိပ် နှင့် မြန်မာ ၂ ဘာသာလုံးကို ကျွမ်းကျင်စွာရေသား ပြောဆိုနိုင်သူလည်း ဖြစ်ရပါမည်။

နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းများတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသူများကို ဦးစားပေးမည်။ အရည်အချင်းအလိုက် လစာ ကိုညှိနှိုင်းနိုင်ပါသည်။ ထူးချွန်စွာ စွမ်းဆောင်လုပ်ကိုင်နိုင်ခဲ့လျှင် ၁ နှစ်ကြာ သည့် အချိန်တွင် Finance လက်ထောက် မန်နေဂျာ အဖြစ်သို့ ရာထူး တိုးမြှင့်ပေးမည် ဖြစ်သည်။

လျှောက်လွှာ နှင့် ကိုယ်ရေး အကျဉ်းချုပ် (၃ မျက်နှာထက်မပိုရ) ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်? အကြောင်းအရာနေရာတွင် “ (မိမိအမည်)၏ Senior Finance Officer လျှောက်လွှာ” ဟု ဖော်ပြ ရမည်။

သင့်တော်သည့် လျှောက်ထားသူကို တွေ့ရှိသည့် အချိန်အထိ ယခုကြော်ငြာကို ဖွင့်ထားမည် ဖြစ်ပါသည်။ လျှောက်လွှာ များ အားလုံးကို [email protected] သို့ပေးပို့ရမည် ဖြစ်သည်။

ရုပ်သံ ဂျာနယ်လစ် ၂ ဦး အလိုရှိသည်

Full Details Yangon Region, Myanmar (Burma) K --
Apply Now

ရန်ကုန်မြို့နှင့် အနီးတဝိုက် ဖြစ်ပွားသော သတင်းများကို ရုပ်သံသတင်းအဖြစ် ရေးသား စီစဉ် တည်းဖြတ်ရန် စိတ်ဝင်စားသူများ ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်ရမည့် လိပ်စာ (အီးမေးလ်၊ ဖုန်းနံပါတ် စသည်)၊ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံတို့နှင့်အတူ နမူနာသတင်း ၂ ပုဒ်ကို [email protected] ထံသို့ ဖြစ်စေ၊ MGW Tower, ၈ လွှာ၊ အခန်း ၈၀၆၊ ဗိုလ်အောင်ကျော်လမ်း (လယ်)၊ ဗိုလ်တထောင်မြို့နယ်သို့ ဖြစ်စေ လာရောက် ပေးပို့နိုင်ပါသည်။

ရွေးချယ်ထားသူများကို ပြန်လည် ဆက်သွယ်ပါမည်။ လူတွေ့မေးမြန်းပါမည်။

ဧရာဝတီ၏ နေပြည်တော် သတင်းထောက် အလိုရှိသည်

Full Details Yangon Region, Myanmar (Burma) K --
Apply Now
နေပြည်တော်ရှိ အစိုးရ၊ လွှတ်တော်နှင့် အထွေထွေသတင်းများ ရေးသားရန် စိတ်ဝင်စားသူများ ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်ရမည့် လိပ်စာ (အီးမေးလ်၊ ဖုန်းနံပါတ် စသည်)၊ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံတို့နှင့်အတူ နမူနာသတင်း ၂ ပုဒ်ကို [email protected] ထံသို့ ဖြစ်စေ၊ MGW Tower, ၈ လွှာ၊ အခန်း ၈၀၆၊ ဗိုလ်အောင်ကျော်လမ်း (လယ်)၊ ဗိုလ်တထောင်မြို့နယ်သို့ ဖြစ်စေ လာရောက် ပေးပို့နိုင်ပါသည်။
ရွေးချယ်ထားသူများကို ပြန်လည် ဆက်သွယ်ပါမည်။ လူတွေ့မေးမြန်းပါမည်။