တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အသက် ၆၅ နှစ် အထိ တာဝန်ထမ်းဆောင်နိုင်ပြီး ဗိုလ်ချုပ်ကြီးအဆင့်မှစ၍ ဗိုလ်မှူးချုပ်အဆင့်အထိ ရာထူးများ၏ တာဝန် သက်တမ်း များကို ကန့်သတ်ထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
တပ်မတော်တွင် ဗြိတိသ ျှအုပ်ချုပ်စဉ်ကာလက ရေးဆွဲခဲ့သော ၅၉ ခုနှစ် အက်ဥပဒေကို ပြန်လည် ကူးယူ ရေးဆွဲ ထားသော အက်ဥပဒေကို ကျင့်သုံးပြီး ယင်းဥပဒေအရ တပ်မတော်တွင် တာဝန်ထမ်းနေသော ပြန်တမ်း ဝင် အရာ ရှိ များ ၏ တာဝန်သက်တမ်းကို သတ်မှတ်နိုင်ကြောင်း၊ ၁၉ ၇၃ ခုနှစ်တွင် ကကနကောင်စီက ညွှန်ကြား လွှာ ၁၈/၇၃ ကို ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားလွှာအရ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခံထားရသူများသည် တပ်မတော် က လိုအပ်သည့်အချိန်တိုင်း တာဝန်ထမ်းဆောင်နိုင်သည်ဆိုသော အချက်ပါဝင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
“ကျနော်တို့ တပ်မတော်မှာ ၅၉ ခုနှစ် အက်ဥပဒေဆိုတာ ရှိပါတယ်။ ဒါက အရင်တုန်းက အိန္ဒိယမှာရှိတဲ့ ၅၉ ဥပဒေ ကို Copy လုပ်ပြီးတော့ ကျနော်တို့ တပ်မတော်မှာ ကျင့်သုံးခဲ့တာပါ။ အိန္ဒိယ ၅၉ အက်သည် ဗြိတိသ ျှ အုပ်ချုပ်စဉ်က ရေးဆွဲခဲ့တဲ့ အက်ဥပဒေလို့လည်း သိရပါတယ်။ ဆိုတော့ အဲဒီမှာ အဲဒီအက်အရ ကျင့်သုံးတဲ့ အခါ မှာ ကကန ကောင်စီ ညွှန်ကြားလွှာဆိုတာ အဲဒီဥပဒေအရ ထုတ်လို့ရတယ်။ ၁၉ ၇၃ခုနှစ်တုန်းက ကကန ကောင်စီ ညွှန်ကြားလွှာ ၁၈/ ၇၃ ဆိုတာ ထုတ်ခဲ့တာရှိပါတယ်။ အဲဒီမှာ ဘာဖော်ပြထားလဲဆိုတော့ ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်းခံရတဲ့သူဟာ မိမိကို စစ်ဘက်မှာ ဆက်လက် ထမ်းဆောင်ရန် လိုအပ်တဲ့ ကာလ ပတ်လုံး ထမ်းဆောင်နိုင်သည်ဆိုတဲ့ အချက် ၁ ချက်ပါပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်၍ စစ်ဥပဒေ ၊ ညွှန်ကြားလွှာများအရ ပြန်လည်သုံးသပ်ရန် လိုအပ်သော ကြောင့် စစ်မှုထမ်းသက်ကို ပြန်လည် ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၄/၂၀၁၄ ကကနကောင်စီ ညွှန်ကြားလွှာကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ညွှန်ကြားလွှာအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အသက် ၆၅ နှစ်ထက်မပိုသော ကာလအထိ တာဝန်ထမ်း ဆောင်ခွင့် ပြု လိုက်ကြောင်း သိရှိရသည်။
“အခုလက်ရှိ အစိုးရသည် ဒီမိုကရေစီအစိုးရခေတ်မှာ ခုနတုန်းက ကကန ကောင်စီ ညွှန်ကြားလွှာတွေနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ လေ့လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ထိရောက် မ ျှတတဲ့ သက်တမ်း ကာလ တခု ကန့်သတ်ပေးဖို့ လိုအပ်မယ်လို့ ကျနော်တို့ တွက်ချက်ပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ကကန ကောင်စီ အမိန့်ကို ပြန်လည် ပြင်ဆင် ပြီး ထုတ်ထားပါတယ်။ ၂၀၁၄ ခုနှစ် ၄/၂၀၁၄ ကကနကောင်စီ အမိန့်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ၆၅ နှစ်ထက် မပိုသောကာလအထိ တာဝန် ထမ်း ဆောင် ခွင့်ပြုသည်ဆိုပြီး အမိန့် ညွှန်ကြား ချက်ကို ကျနော်တို့ ပြန်လည် ပြင်ဆင်ပေးလိုက်တာရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီးအဆင့်မှစ၍ ဗိုလ်မှူးချုပ် အဆင့်အထိ ရာထူးသက်တမ်းများကိုလည်း ကန့်သတ်ချက် ထား ရှိပြီး ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ၄ နှစ်တာဝန်ထမ်းဆောင်ပြီးလျှင် အငြိမ်းစားယူရမည်ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး အဖြစ် ၅ နှစ်တာဝန်ထမ်းဆောင်ပြီးလျှင် အငြိမ်းစားယူရမည်ဖြစ်ကာ ဗိုလ်ချုပ်အဆင့်ဖြင့် ၆ နှစ်ပြည့် လျှင် အငြိမ်းစားယူရမည်ဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ်အဆင့် တာဝန်ထမ်းဆောင်ကာလ ၇ နှစ် ပြည့်လျှင် အငြိမ်း စား ယူရမည်ဟု သတ်မှတ်ပြဋ္ဌာန်ထားကြောင်း သိရှိရသည်။
“၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ၁/၂၀၁၆ နဲ့ ကကနကောင်စီ ညွှန်ကြားလွှာ ထပ်ထုတ်ပါတယ်။ ဗိုလ်ချုပ်ကြီး အဆင့် နဲ့ ၄ နှစ် တာဝန်ထမ်းဆောင်ပြီးရင် ပင်စင်ယူရမယ်။ ဒုတိယဗိုလ်ချုပ်ကြီး စမ်းသပ်ကာလ ၁ နှစ်ဆိုတာ ရှိပါတယ်။ အခု တော့ တန်းခန့်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်နဲ့ ၅ နှစ်တာဝန်ထမ်းဆောင်ပြီးရင် ပင်စင်ပေးပါတယ်။ ဗိုလ်ချုပ် ဆိုရင် စမ်းသပ်ကာလ ၁ နှစ်အပေါင်း ၊ နောက်ထပ် ဗိုလ်ချုပ်အဆင့်နဲ့ ၅ နှစ်ပေါင်း ၆ နှစ် ပြည့်ပြီးရင် ပင်စင် ယူရမယ်။ ဗိုလ်မှူးချုပ်အဆင့်ဆိုရင်လည်း စမ်းသပ်ကာလ ၁ နှစ် နောက်ထပ် ဗိုလ်မှူးချုပ်အဆင့်နဲ့ ၆ နှစ် ပေါင်း ၇ နှစ်ဆိုရင် ပင်စင် ယူရမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး က ပြောသည်။
တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း အခြားသော နိုင်ငံ့ဝန်ထမ်းများ ထက်စာလျှင် ထူးခြား သော သဘာဝရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၉ ၁ တွင်လည်း တပ်မတော်သားများနှင့် ပတ်သက်၍ တပ်မတော်ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ရှင်းလင်း ပြောဆိုခဲ့သည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အသက် ၆၀ ပြည့်သွားခဲ့ပြီဖြစ်သည်။