မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အောက်ကင်း ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က လစာသွားထုတ် ရာမှပြန်လာသည့် ကျောင်းဆရာမများ လိုက်ပါလာသော စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်မှူးရုံးက သတင်းရရှိသည်။
အဆိုပါ စက်လှေနစ်မြုပ်မှုတွင် စီးနင်းလိုက်ပါသည့် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ ဦး တို့ ပျောက်ဆုံးနေပြီး ရှာဖွေမှုများ ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း လည်းသိရှိရသည်။