အဆိုတော် ချောစုခင် အနေနဲ့ Channel 7 မှာ ထုတ်လွှင့်ပြသနေတဲ့ အိမ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲ အစီအစဉ်မှာ ဒိုင် ဝင်လုပ်ဖြစ်တာကတော့ သူ အနုပညာမှာ သိလာတဲ့ အတွေ့အကြုံတွေကို ဝေမျှချင်လို့ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အိမ်မက်ဆုံရာက ချောစုကို ကမ်းလှမ်းတယ်လေ။ ကိုမြင့်မိုးကလည်း ပြောတယ်၊ အဲဒီက မောင်လေးတွေကလည်း ပြောတယ်၊ အဲဒါကြောင့် Judge လုပ်ကြည့်တဲ့ သဘောပါပဲ၊ ဒိုင်လုပ်တယ်ဆိုတာ ချောစု လျှောက်လှမ်းလာတဲ့ အနုပညာလောကမှာ သိလာတဲ့ အတွေ့အကြုံလေးတွေကို မျှဝေတဲ့ သဘောပါပဲ။ ကျန်တာကတော့ ဆရာကြီး လုပ်ချင်လို့လည်း မဟုတ်ပါဘူး၊ သူများကို ဖဲ့ချင်လို့လည်း မဟုတ်ဘူး၊ မနာလိုလို့လည်း မဟုတ်ဘူး” လို့ ချောစုခင်က ဆိုပါတယ်။
သူ သိခဲ့တာကို အကြံဉာဏ် ပေးရာမှာ တချို့က ချောစုခင် “အရမ်းဟြေတာပဲ” လို့ ဝေဖန်ကြတာ ကြားရတဲ့ အကြောင်း၊ ဒါကတော့ တကယ်လာ နားမထောင်ဘဲ ဟြေတာပါလို့ ချောစုခင်က ဆက်ပြောပါတယ်။
“တကယ် လာနားထောင်ရင် ဘယ်လိုလဲဆိုတာ သိမှာပါ။ အဆိုတော် တယောက်ဖြစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး၊ သီချင်း မဆိုတတ်ဘဲနဲ့ ရေရှည် ရပ်တည်ဖို့မလွယ်ဘူး၊ အရှိကို အရှိအတိုင်းတော့ ဟြေရမှာပဲလေ၊ လူတယောက်ကို ဘာရန်ငြိုးမှလည်း မရှိဘူး၊ ဖဲ့တာကို မဟုတ်ဘူး၊ ပြင်ဆင်ပေးတဲ့ သဘောလောက်ပဲရှိတယ်။ တချို့ကလည်း Key ကို ကြောင်နေတော့ ကောင်းပါတယ်လို့ ဟြေရတာ တော်တော် Feeling အောက်တယ်” လို့ ချောစုခင်က ရှင်းပြပါတယ်။
အခုအချိန်မှာ ဂီတပြိုင်ပွဲတွေကို နာမည်မျိုးစုံတပ်ပြီး ကျင်းပနေပြီ ဖြစ်လို့ တကယ် အဆိုကို ဝါသနာ ပါပြီး တတ်ကျွမ်း ထားသူတွေ အတွက်ရော၊ အဆိုတော်ဖြစ်ချင်လို့ ကြိုးစားချင်သူတွေ အတွက်ပါ ကိုယ့်ရဲ့ အရည်အချင်းကို ဝင်ရောက် စစ်ဆေးလို့ လွယ်ကူနေပြီ ဖြစ်ပါတယ်။
ချောစုခင်အပါအဝင် ဂီတကို တကယ်တတ်ကျွမ်း နားလည်ပြီး အောက်ခြေက စခဲ့သူတွေရဲ့ အရည်အချင်း စစ်ဆေးမှု ဒဏ်ကို ကြံ့ကြံ့ခံနိုင်သူတွေ၊ မှတ်ကျောက် အတင်ခံနိုင်သူတွေ၊ ဝေဖန်မှုကို ဝေဖန်တယ်လို့ နားလည်သူတွေ ရှိမှပဲ တကယ်ကို တော်တဲ့၊ တတ်တဲ့ အရည်အချင်းပြည့်မီတဲ့ အဆိုရှင်သစ်တွေကို ဒီပြိုင်ပွဲတွေကနေ မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လည်း သီချင်းဆိုပြိုင်ပွဲတွေကနေ ပေါ်ထွက်လာပြီး ပရိသတ် လက်သင့်ခံတဲ့ အဆိုတော် ဖြစ်လာသူတွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒိုင်လုပ်သူတွေက အရှိကို အရှိအတိုင်း မပြောရဲဘဲ၊ မှားတာကို မှားတယ်လို့ ပြောဖို့ အမုန်းခံရမှာ ကြောက်နေကြ ရင်တော့ အရည်အချင်း ပြည့်မီသူတွေ ထွက်ပေါ်လာဖို့ ခဲယဉ်းမှာပါ။ အိပ်မက်ဆုံရာမှာ ဒိုင်လုပ်တဲ့အချိန် “ဖဲ့တယ်” လို့ နာမည်ကြီးသွားတဲ့ ချောစုခင်က Melody World သီချင်းဆို ပြိုင်ပွဲဝင်သူတွေကိုတော့ ချီးကျူးစကားပြောတာ ကြားရပါတယ်။
“အမှန်တရားအတိုင်း ဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့။ ချောစု တခုချီးကျူးတာက Melody World က ကလေးတွေက အရမ်းတော်တယ်၊ မတော်ဘဲနဲ့လည်း လုံးဝမရဘူး၊ ဒါကြောင့် Melody World က ကလေးတွေကို ချောစု ချီးကျူးတယ်၊ ဂီတကို ဝါသနာပါတဲ့ ကလေးတွေကို ဟြေချင်တာက ကိုယ် ဘာလုပ်ချင်တယ် ဆိုတာ အရင်စဉ်းစားပြီး အကောင်းဆုံး ကြိုးစားသင့်တယ်လို့ အကြံပေးချင်ပါတယ်” လို့ ချောစုခင်က သူ့အမြင်ကို ပြောသွားပါသေးတယ်။