ရန်ကုန်မြို့တွင်းမှာ မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားပါတယ်။
ဘာကြောင့်တားမြစ်တယ်ဆိုတာကို အာဏာပိုင်တို့က လူသိရှင်ကြား ကြေညာထားတာတော့ မရှိပါဘူး။
၂၀၀၁ ခုနှစ်မှာ ရန်ကုန်မြို့တွင်း လူဆိုးဂိုဏ်းဝင်တချို့ရဲ့ အမောင်းပြိုင်တဲ့ဆိုင်ကယ်တွေက အဲဒီကာလ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ မော်တော်ယာဉ်တန်းနဲ့ တွေ့ဆုံ၊ ပြဿနာအနည်းငယ်တက်ခဲ့တဲ့အတွက် ပိတ်ပင်တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားတဲ့အကျိုးရလဒ်အဖြစ် ဆိုင်ကယ်ကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေကို မတွေ့မြင်ရတော့ပါဘူး။
ဒီလို ကန့်သတ်ထားတဲ့အတွက် တခြား ဘာအကျိုးတွေ ဖြစ်ထွန်းနေသလဲ။
အိမ်နီးချင်းနိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေမှာတော့ လူလတ်တန်းစားတွေအတွက် ဆိုင်ကယ်ဟာ အဆင်အပြေဆုံး သွားလာရေးယာဉ် ဖြစ်ပါတယ်။ ဆိုင်ကယ်အသုံးပြုခွင့် ပြန်ပေးလိုက်ခြင်းဟာ နှစ်များစွာ ပိတ်ထားပြီး ပြန်ဖွင့်ပေးလိုက်ချိန် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းတာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်နိုင်သလို မြို့နေ လူလတ်တန်းစာတွေအတွက် နေ့စဉ်လူနေမှုဘဝကို အဆင်ပြေစေမယ့် နည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။
ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပြန်ရမယ် ဆိုရင် ဘယ်လို ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ။ ဆက်လက် ကန့်သတ်ထားသင့်သလား၊ မသင့်ဘူးလား ဆိုတာတွေကို ဧရာဝတီ ဖိုရမ်မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။