ငလျင်၊ မုန်တိုင်း၊ ရေကြီးမှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်များကို မြန်မာပြည်မှာ ကြုံတွေ့နေရပါတယ်။
– ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း
– ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း
– ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်၊ တာလေငလျင်
– တနင်္ဂနွေနေ့က ရွှေဘိုမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားတဲ့ငလျင်
စတဲ့ ဖြစ်ရပ်တွေက ဒီနှစ်ပိုင်းတွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကြီးများ ဖြစ်ပါတယ်။ ရေကြီးမှုတွေလည်း မြို့အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေ အပြီးမှာ အစိုးရ၊ နိုင်ငံတကာနဲ့ ပြည်တွင်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ဘေးအန္တရာယ်သင့်တဲ့ဒေသအတွက် အကူအညီတွေ ပေးပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။
ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်မှာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လိုအပ်သလို မဖြစ်ခင် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့လည်း လိုအပ်ပါတယ်။
သဘာဝဘေးအန္တရာယ် မကျရောက်ခင် ဘယ်သူတွေက ဘာတွေ ပြင်ဆင် လုပ်ကိုင်ထားသင့်သလဲ ဆိုတဲ့ အကြောင်းအရာကို ဧရာဝတီဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။