ကိုဦးဆွေသည် ၁၉၈၈ခုနှစ်တွင်၅(ည) ပုဒ်မနှင့်ထောင်ကျခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်ထောင်ကလွတ်ကာစာနယ်ဇင်း လောကထဲ ဝင်ရောက် ခဲ့သူ ဖြစ်သည်။ ရနံ့သစ်မဂ္ဂဇင်းတွင်အောက်ခြေသိမ်း အလုပ်မှ စ၍ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉၅ တွင် မဟေသီမှာဆောင်းပါးရှင် အင်တာဗျူးသမားအဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၉၈ခုနှစ်တွင် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် အတူအလင်းတန်း ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ၂၀၀၃ ခုနှစ်အထိ ဆောင်ရွက် ခဲ့ပြီးနောက် အလင်းတန်း ဂျာနယ်မှ ထွက်ကာ၂၀၀၇ခုနှစ်တွင်Middle Line ဂျာနယ်တွင် အယ်ဒီတာချုပ် လုပ်ခဲ့သည်။ မကြာသေးခင်က ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ရာ ဒုတိယမြောက် ညှို့ မဂ္ဂဇင်းမှ စတင်၍ ပြန်ကြားရေး ဝန်ကြီးဌာက ထုတ်ဝေခွင့် တင်သည့်ပုံစံနှင့် ပါဝင်သည့် အကြောင်းအရာ ၁၀၀ ရာခိုင်နှုန်းလွဲနေသည်ဆိုကာ ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်သည်။ ယခု လက်ရှိတွင် ညှို့ မဂ္ဂဇင်းကို ဖက်ရှင် အသားပေး မဂ္ဂဇင်းအဖြစ် ပြန်လည် ထုတ်ဝေခွင့်ရရန် ကြိုးစားနေသော ကိုဦးဆွေကို ဧရာဝတီ မဂ္ဂဇင်းမှ အေးချမ်းမြေ့နှင့် ကျော်ဖြိုးသာတို့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ “ညှို့” ဆိုတဲ့ နာမည်ကို ဘယ်သူရွေးတာလဲ၊ ဘာကြောင့် ဒီနာမည် ပေးလိုက်တာလဲ။
ဖြေ။ ။ ကျနော်ပဲ ပေးတာပါ။ ကြည့်လိုက်ရင် မြန်မာပြည်က မဂ္ဂဇင်း၊ ဂျာနယ် အတော်များများဟာ အင်္ဂလိပ် စာလုံးတွေနဲ့ အင်္ဂလိပ် နာမည်တွေချည်း ဖြစ်နေတာတွေ့တော့ ကျနော် မဂ္ဂဇင်းလုပ်တဲ့အချိန်မှာ စဉ်းစားတယ်၊ မြန်မာလို့ နာမည်လှလှ ပေးလို့မရနိုင်ဘူးလား၊ မဂ္ဂဇင်း အကြောင်းအရာနဲ့လည်း ကိုက်ညီရမယ်ပေါ့။ အဲဒါနဲ့ သွားစဉ်းစားမိတာ၊ ညှို့လို့ ပေးရင် ကောင်းမှာပဲဆိုပြီး ပေးဖြစ်သွားတာပါ။
မေး။ ။ လိင်ပညာပေး မဂ္ဂဇင်း ဆိုပြီးတော့ ကြော်ညာချိန်မှာ ဘာကြောင့် အရွယ်မရောက်သေးသူများ မဖတ်ရ ဆိုတာမျိုး လုပ်တာလဲ။
ဖြေ။ ။ ဒါကတော့ ကြော်ငြာတမျိုးပါပဲ။ အရွယ်ရောက်သူ ဆိုတာ ၁၈ နှစ်ပြည့်တာနဲ့ မဆိုင်ပါဘူး။ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ၁၃၊ ၁၄ နှစ်ဆိုရင် အရွယ်ရောက်ပြီလို့ ပြောလို့ရတယ်။ ဒီအရွယ်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ပညာပေးဖို့ လိုအပ်ပါပြီ။ နောက်တချက်ကတော့ ဒီကြော်ငြာကြောင့်လည်း ကျနော့်မဂ္ဂဇင်းက လူစိတ်ဝင်စားမှုများပြီး ပိုပေါက်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး။။ ဖက်ရှင် မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့တဲ့ ညှို့မဂ္ဂဇင်းကိုSex Education ပုံစံ ဘာကြောင့် လုပ်ဖြစ်သွားတာလဲ။
ဖြေ။။ စလျှောက်တုန်း ကတော့ဖက်ရှင်ပါပဲ လို့စဉ်းစား စီစဉ်ခဲ့ကြတာ ပါပဲ။ ဒါပေမယ့်ဈေးကွက် အနေအထားကို လည်းထည့် တွက်ရ ပြန်ပါတယ် ။မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ရှိတယ်။ ဒါပေမယ့် မဂ္ဂဇင်း တအုပ် ၁၀၀၀လောက် ရိုက်ပြီးအုပ်၂၀၀ –၃၀၀ လောက်ရောင်းရအောင် မနည်း ရောင်းနေရတယ်။ နောက် တခါ လူ ငယ်ထုကြားမှာ လက်ကိုင်ဖုန်းတလုံး ရှိတာနဲ့ Sex Entertainment အကုန်လုံး ၊ ပေါက်က ရကားတွေ အပါအဝင်ပေါ့ …၊ အားလုံး အလွယ် တကူကြည့်လို့ ရတယ်။ လူငယ်တွေမှာ သာမဟုတ်ဘူး၊ လူကြီးတွေရဲ့ဖုန်းတွေမှာ လည်းနည်းပညာ တိုးတက်မှုနဲ့ အတူ ကျယ်ပြန့်နေ တာတွေ့ရတော့ Sex Education လုပ်ရင်ကောင်းမယ်၊ တိုင်းပြည် အတွက်လည်းလို အပ်တယ်ဆိုတဲ့ စိတ်ကလေးတွေးမိပြီးတော့ အခုတွေ့ရတဲ့ “ညှို့” ပုံစံထွက်ရှိလာတာပါ။
မေး။။ မဂ္ဂဇင်းကို ဘာကြောင့်အခုလို အပိတ်ခံလိုက် ရတယ်ဆိုတဲ့ အကြောင်းပြောပြပါဦး။
ဖြေ။။ “ညှို့”ကိုစလျှောက် ထားတုန်း ကဖက်ရှင် ဦးစားပေး မဂ္ဂဇင်း အဖြစ်လျှောက်ခဲ့တာ။ ဒါပေမယ့်နောက်ထွက် လာတော့Sex Education အဖြစ် ရာနှုန်းပြည့်ထွက် လာတယ် ဆိုပြီးပြန်ကြားရေး ကပိတ်လိုက်တာ။
မေး။။ မဂ္ဂဇင်းကိုဆက်လက်ပြီးဘယ်ပုံစံနဲ့ပြန်ထွက်နိုင်မလဲ။
ဖြေ။။ မဂ္ဂဇင်း ၊ဂျာနယ်၊ စာစောင်တွေဆို တာ အယ်ဒီတာတွေမွေးထုတ်ထားတဲ့ သားသမီးပဲလေ။ ကိုယ်မွေးထားတဲ့ သားသမီးအသက် ဆက်လက်ရှင်သန်ဖို့၊ ပြန်လည်ထုတ်ဝေခွင့် ရဖို့အသနား ခံစားတင်ထားတယ်။ မူလကဖက်ရှင် အဖြစ်နဲ့လျှောက်ခဲ့ သလိုဆက်လက်ပြီး ဖက်ရှင်အဖြစ်နဲ့ ထုတ်ဝေခွင့်ပြုဖို့အသနားခံစားတင်ထားတယ်။
မေး။။ ညှို့ ထွက်လာတော့ ပရိသတ်တွေရဲ့တုန့်ပြန်မှုဘယ်လိုရှိလဲ။
ဖြေ။။ ပရိသတ်ရဲ့တုန့်ပြန်မှု ကတော့ လက်ခံတဲ့အပိုင်းရှိ သလို၊ထုံးစံ အတိုင်း ကန့်ကွက်တဲ့ အုပ်စုကိုလည်းရင်ဆိုင် လိုက်ရတယ်။ ဒါကတော့လောကကြီးရဲ့ ဓမ္မတာတခုပဲလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စတီရီယိုခေတ်ဦးတုန်းက ဆိုရင်ကျော်ဟိန်းတို့၊ တက္ကသိုလ်ထွန်းနောင် တို့ဆိုရင်ပျဉ်းမနား ၂ကျိပ်ရှစ်ဆူပွဲမှာလမ်း သရဲလို့ သမုတ်ခံခဲ့ရတယ်၊ ခဲပေါက် ခံခဲ့ရတယ်။ အဲဒါကိုယ်တိုင်ကြုံ တာတော့မဟုတ်ဘူး၊ စာမျက်နှာတွေပေါ်မှာ မှတ်တမ်းကျန်နေတယ်။ ဒါပေမယ့်အဲဒီ ကာလက အာဏာရှင်ဦးနေဝင်းတောင်မှ ဒါတွေကိုတားဆီးလို့ မရခဲ့ဘူး။ ဆိုလိုတာက ကန့်ကွက်သူ၊ လက်ခံသူတွေရှိနေ သေးတာပဲ။စိုင်းထီးဆိုင်ရဲ့ “မောတော့မောတာပေါ့.. ဒါပေမယ့်.. မမောဘူး”ဆိုတဲ့သီချင်း ကိုတောင် ညစ်ညမ်းတယ်ဆိုပြီးနိုင်ငံပိုင် သတင်းစာတွေမှာ အဲဒီကာလတုန်းကရေးခဲ့သေး တာပါပဲလေ။ လက်ခံနိုင် သူကန့်ကွက်သူတွေ မျိုးစုံရှိခဲ့ကြတာပဲ။ ပြီးတော့မြန်မာပြည်မှာက အစွဲကြီးကကြီးတယ်။ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ တီဗီမှာကြော်ငြာတုန်း ကတောင်မှ နာမည်ကြီး စာနယ်ဇင်းသမားတွေ ကိုယ်တိုင်မောင်နဲ့နှမ၊ သားနဲ့ အမိမသင့်တော်ပါဘူး လို့ရေးခဲ့ကြပါတယ်။ အဲဒီလိုပဲ အခုလည်းကန့်ကွက်တဲ့သူ ၊ထောက်ခံတဲ့သူတွေကြုံ ရတာပါ။ ဒါပေမယ့် အဲဒါတွေ ဟာလောကရဲ့ ဓမ္မတာ တခုလို့နှလုံးသွင်း ပါတယ်။
မေး။။ စာနယ်ဇင်းကောင်စီ ကစာနယ်ဇင်းကျင့်ဝတ် ၁၆ချက် ဆိုပြီးချမှတ် ထားတာရှိတယ်။ အဲဒီမှာညှို့ကို စီစဉ်တော့ အဲဒီအချက်တွေကို ထည့်သွင်းပြီး မစဉ်းစားမိဘူးလား၊ မစိုးရိမ်ခဲ့ဘူးလား။
ဖြေ။။ ကျနော့်ကိုနောက် ဆုံးအမှတ်၁၅ နဲ့ငြိတယ် ဆိုပြီးစိစစ်ရေးရုံး ကနေ စာနယ်ဇင်းကောင်စီကို စာပို့ခဲ့တာပါ။ မှတ်မိ သလောက်ပြန်ပြောရရင် အဲဒီထဲမှာမြန်မာ့ ယဉ်ကျေးမှု ဆိုတာ လည်းပါတယ်၊ အများရဲ့ အကျင့်စာရိတ္တကို ထိခိုက် စေတယ်ဆိုတာတွေလည်း ပါတယ်။ စာနယ် ဇင်းကောင်စီ ကပြန်ကြားရေးရဲ့ အကြောင်းကြားမှုနဲ့ အတူကျနော့်ကို ဒီဇင်ဘာ ၃ရက်နေ့ ကခေါ်တွေ့ခဲ့ပါတယ် ။ခေါ်တွေ့တယ်ဆိုရာမှာ လည်း“ညှိနှိုင်း ဆွေးနွေးလိုပါ သဖြင့်”ဆိုပြီးခေါ်တာ ပါ။ အဲဒီမှာအမှတ်၁၅နဲ့ ပတ်သက်ပြီး ကျနော့်ထင်မြင်ယူဆ ချက်တွေပြောခဲ့ပါတယ်။ “အများပြည်သူရဲ့ စာရိတ္တကို ထိခိုက်စေသော..” ဆိုတဲ့ အပိုဒ်ကို တိတိကျကျအဓိပ္ပာယ် ဖွင့်ဆိုပေးဖို့တောင်းဆိုခဲ့တယ်။
အဲဒါကတော့ စနေနေ့ညမှာ မန်ယူနဲ့ပျော်လိုက်ပါ.. တို့၊ ချယ်လ်ဆီးနဲ့ဆိုရင် ပိုပြီးတော့ ရင်ခုန်လို့ကောင်းမှာမို့ .. စတဲ့ ရေးသားဖော်ပြနေ ချက်တွေဆိုရင်လူတွေရဲ့လောင်း ကစားစိတ်ဓာတ်ကို၊ အကျင့်စာရိတ္တကိုပျက်ပြားစေတဲ့ရေးသား ဖော်ပြမှုတွေပဲမဟုတ်လားလို့ .. ပြောခဲ့ပါတယ် ။ပြီးတော့PH7 လို့စာလုံးသေးသေးလေးနဲ့ကြော်ငြာတဲ့ အရက်ကြော်ငြာေ တွ၊ရုပ်သံမှာဘာမှန်းမသိဘဲေ ကြာ်ငြာနေတဲ့ဘီယာေြ ကာ်ငြာတွေကရော .. အ များပြည်သူအကျ င့်စာရိတ္တကိုထိ ခိုက် ပျက်ပြားစေတာတွေ မဟုတ်ဘူးလားလို့မေး ခဲ့တယ်။အဲဒီအချ က်နဲ့ပတ်သက်ြ ပီးကျယ်ကျယ်ပြန့်ြ ပန့်အဓိပ ္ပာယ်ဖွင့်ဆိုပေးဖို့ကျေ နာ်ပြောခဲ့တယ်။ပထမအချ က်ပေါ့။နောက်ဒုတိယနံ ပတ်၂အချက်က“မြ န်မာ့ယဉ်ကျေးမှု”ဆိုတဲ့စ ကားလုံးပေါ့ေ နာ်။
ယဉ်ကျေးမှုဆိုတာစီး ဆင်းနေတာပဲ။ဘ ယ်အရာမှတားဆီးလို့မရခဲ့ဘူး။ စတီရီယိုခေတ်ဦးတုန်းက အကြောင်းပြန်ကောက်ပြောရမှာပဲ။ အာဏာရှင်ဦးနေဝင်း လည်းတားမရခဲ့ဘူး၊ ဒီဘက်ခေတ်၉၅/ ၉၆လောက် မှာမော်ဒယ်လ်တွေေ ပါ်ပြန်တော့လည်းဒီလိုပဲ ကျနော်တို့တားမရခဲ့ဘူး။ ယဉ်ကျေးမှုဆိုတာမှာ လည်းကုန်းဘောင်ခေတ် ယဉ်ကျေးမှုနဲ့အလုပ်လုပ်မှာလား၊ ပုဂံခေတ်ယဉ်ကျေးမှုနဲ့အလုပ်လုပ်မှာလား။ ကျနော်တို့မိဘများခေတ်ကလိုမှန်နိုင်လွန် ဇာတွေယဉ်ကျေးမှုနဲ့ အလုပ်လုပ်ရမှာလား။ ယဉ်ကျေးမှုဆိုတဲ့ အဲဒီအမှတ် ၁၅နဲ့ ပတ်သက်ပြီး တိတိကျကျအဓိပ္ပာယ် သတ်မှတ်ဖော်ဆောင်ပေးဖို့ စာနယ်ဇင်း ကောင်စီက တာဝန်ရှိသူတွေရှေ့မှာကျနော်တင်ပြခဲ့ပါတယ်။
မေး။ ။စောစော ကပြောခဲ့တဲ့ အထဲမှာ လက်ကိုင်ဖုန်း တခုရှိရင်တောင် ကိုယ်ကြည့်ချင် တာတွေကြည့်လို့ ရပြီလို့ပြောထားတယ် ။မြန်မာပြည် အတွက်က လိင်ပညာပေး ကတကယ်ကိုလိုအပ်နေပြီလို့ ထင်ပါသလား။ ဘယ်လောက် အထိလို အပ်နေပြီလို့ထင်ပါသလဲ။
ဖြေ။။ NGO တွေနဲ့မေးမြန်းပြော ဆိုဖြစ်ခဲ့တာတွေရှိ တယ်။ကြားသိရတာေ တွရှိတယ်။ ထိုင်းနိုင်ငံ ဆိုရင်AIDS/ HIV ရောဂါဝေ ဒနာရှင်အရေအတွက်သိသိသာ သာလျော့ကျသွားတယ်လို့ ဆိုပေမယ့်မြန်မာပြည်မှာတော့ေ တာ်တော်မြင့်မားလာတယ်လို့သိ ရတယ်။အဲဒါဟာSex Education အပိုင်း အားနည်းလို့ပေါ့။နောက်လိ င်အလုပ်သမတွေလည်းဘယ်ေ နရာမှာ၊ဘယ် အုပ်စုမှာ ရှိတယ်ဆိုပြီးတိတိကျကျ မသိရဘဲ .. နေရာတိုင်းမှာပျံ့ကျဲနေတော့NGO တွေအနေနဲ့ ပညာပေးရာမှာထိထိရောက်ေ ရာက်မဆောင်ရွက်နိုင်တာေ တွရှိတယ်လို့သိရတ ယ်။အဲဒီအချက်တွေပေါင်းစ ပ်ပြီးSex Education လုံးဝလိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာပါ။
မေး။။ ဒီလိုSex Education လုပ်တဲ့အခါမှာ သုံးစွဲခဲ့တဲ့ပုံတွေနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ဒီပုံတွေသုံးစွဲဖို့ လိုအပ်တယ်လို့ တကယ်ပဲ ယူဆခဲ့သလား။
ဖြေ။။ တကယ်လို့ပညာပေးသီးသန့် သက်သက်ဆိုရင် ကျနော့်စာအုပ်က ရောင်းရမှာမဟုတ်ဘူး ။ဒေါက်တာထွန်းဝင်းဆိုရင် လုံးချင်းထုတ်ပြီးသားပါ။ ဒါပေမယ့်ဘယ် သူမှစိတ်မဝင်စားဘူး။ ဒါနဲ့လူ စိတ်ဝင်စားအောင် ဓာတ်ပုံတွေနဲ့ပေါင်းစပ် လုပ်ထားတာ။ ဒါက ၁အချက်။နောက်တချက် ကဓာတ်ပုံတွေကို လည်းအလင်းအမှောင် အရောင်တွေရအောင် ဓာတ်ပုံဆရာနဲ့ပေါင်း၊ ဒီဇိုင်းဆရာနဲ့ပေါင်းပြီးမူလ အနေအထားပုံ ထွက်အတိုင်းသုံးခဲ့တာပါ။ ပုံတွေနဲ့ဆောင်းပါးတွေကို တွဲစပ်ပြီး ပညာပေးဖို့Sex Education ကိုEntertainment နဲ့ပေါင်းလိုက်တာပါ။ ဒီအတိုင်းသာ ဆိုဘယ်သူမှဝယ်မှာမဟုတ်ဘူး။ မဂ္ဂဇင်းထဲမှာအချစ်ဝတ္ထုတွေ ၊အချစ်ကဗျာတွေလည်း ပါပါတယ်။
မေး။။ စာနယ်ဇင်းလောကမှာ တော်တော်ကြာကြာ လုပ်ခဲ့တာဆိုတော့ စိစစ်ရေးနဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြပေးပါဦး။
ဖြေ။။ စိစစ်ရေးရုံးနဲ့ ထိတွေ့ခဲ့တာ ၁၉၉၅ ခုနှစ်ကနေ ယနေ့ အထိပေါ့။ ဖြတ်သန်းခဲ့ရတဲ့ ကာလတလျှောက်မှာ စိစစ်ရေးက အနုပညာ သတင်းတွေကိုတောင် လွတ်လွတ် လပ်လပ်ရေးသားခွင့် မပေးပါဘူး။ မင်းသား မင်းသမီး ကတားလိုက်ရင် စိစစ်ရေးရုံး ကရေးခွင့်ပိတ်လိုက်တော့ တာပဲ။ မသိဘဲပါသွားပြီ ဆိုတာနဲ့ စိစစ်ရေးရုံးရဲ့ အကြိမ်း အမောင်းနဲ့သတိပေးခြင်းကို ခံရပါတယ်။ မှတ်မှတ်ရရ အဖြစ်တခုက အလင်းတန်း ၁၀စောင်မြောက် ထွက်ပြီးတဲ့ အချိန်မှာပြည်ထဲရေး ဒုဝန်ကြီးရဲ့ခေါ်ယူကြိမ်းမောင်းခြင်းကို ကျနော်ရယ်၊ အယ်ဒီတာချုပ်ဦးဝင်းငြိမ်းရယ်၊ ထုတ်ဝေသူဟင်္သာတမြင့်ငွေရယ် ၃ယောက်ပြည်ထဲရေး ရုံးမှာသွားပြီးငုတ်တုပ်ခံခဲ့ ရသေးတယ်။ အဲဒီတုန်းကပြည်ထဲရေးဒုဝန်ကြီး သူရမြင့်မောင်က “ခင်ဗျားတို့ဂျာနယ်ထုတ်မှာလား ၊နိုင်ငံရေးလုပ်မှာလား”တဲ့။ “နိုင်ငံရေးလုပ်မှာ ဆိုရင်တော့ လာမလုပ်နဲ့။ တပ်ကထုတ်တဲ့ လျှပ်တပြက်ဂျာနယ်ကိုတောင် ပိတ်ပစ်တာ” လို့ခေါ်ယူကြိမ်းမောင်း ခဲ့တယ်။
၂၀၀၇ခုနှစ်ရွှေဝါရောင် အရေးအခင်း မတိုင်ခင်ဖြစ်စလေးကာလမှာ စာပေစိစစ်ရေးရုံးရဲ့မညီမျှမှုတွေကို RFA ကနေ ကျနော် ပြောခဲ့တယ်။ ဂျာနယ်နောက်ကွယ်မှာ အာဏာရှိတဲ့လူပါရင်တမျိုး၊ အာဏာရှိတဲ့ လူမပါရင် တမျိုးစာပေစိစစ်က ဆက်ဆံတဲ့အကြောင်းပြောခဲ့တယ်။ အဲဒါနဲ့ကျနော့်ရဲ့ Middle Line ဂျာနယ်သည် ထုတ်ဝေခွင့် လုံးဝရပ်ဆိုင်း သွားခဲ့တယ်။ သူတို့ကတော့ တရားဝင်ထုတ်ေ ဝခွင့်ပိတ်လို က်တယ်လို့မပြောပေမယ့်ဂျာ နယ်ကိုဘယ်လိုနည်းနဲ့မှဆက်လက်ထုတ်ဝေ လို့မရတော့တာေြ ကာင့်ရပ်လိုက် ရတယ်။အဲဒါကြောင့်ကြုံတုန်းပြောရ ရင်ကျနော့်သားသမီး ၂ယောက်ရှိပြီပေါ့အသတ်ခံရတာ။ Middle Line ဂျာနယ်ရော၊ အခုညှို့မဂ္ဂဇင်းရောအဲဒီလိုဖြစ်ပြန်ပြီပေါ့။
မေး။။ ဒီဘက်ခေတ်မှာရော စာနယ်ဇင်းလောက၊ စာပေလွတ်လပ်ခွင့်ဘယ်လိုတွေပြောင်းလဲလာပြီလို့ဆိုနိုင်မလဲ။
ဖြေ။။ လက်ရှိအချိန်မှာတော့ ဒီမိုကရေစီကူးပြောင်းတဲ့ ကာလလို့တော့ကျနော် မမြင်သေးဘူး။ကူးပြောင်းဖို့ဖြေလျှော့မှုတွေ စတင်ပေးတဲ့ကာလပါပဲ ။ဖြေလျှော့မှု ရဲ့အသီး အပွင့်ကိုတော့စာပေနဲ့ စာနယ်ဇင်းလောက လည်းခံစားရပါတယ်။အ ခုလိုဖြေလျှော့လာတဲ့အရှိတရားကိုတော့ လက်ခံပါတယ်။ အရင်ကထက်အဆပေါင်း များစွာကွာတယ်လို့တော့ေြ ပာရမှာပါ ။ဒါပေမယ့်ချု ပ်ကိုင်မှုကတော့ရှိနေ ဆဲပါပဲ။
မေး။။ ဘယ်လောက် အထိဖြေလျှော့ပေးမှ လွတ်လပ်တဲ့ စာနယ်ဇင်းလောက အနေအထားကိုရောက်ပြီ၊ ရပြီလို့ဆိုနိုင်မှာပါသလဲ။
ဖြေ။။ အဲဒါကိုတော့ အနောက်တိုင်းစံနှုန်းတွေနဲ့တော့ မနှိုင်းချင်ပါဘူး။ အခုအတိုင်းအတာ အပေါ်မှာလည်းပြောရမယ် ဆိုရင်ကျေနပ်တဲ့ အတိုင်း အတာတော့ရှိပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မရသေးဘူးပေါ့ ။ပြောရမယ်ဆိုရင် အခုဖြစ်ရပ်ကိုပဲပြန်ကြည့်ကြည့်ပါ။ တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုဒီစာအုပ်မျိုးသည် ဘာမှမဟုတ်တဲ့ကိစ္စပါ။ ဒါပေမယ့်ဒီမှာတော့ အခုလိုအရေး ယူခံလိုက်ရတယ်ပေါ့။ ဒီစာအုပ်ကို လက်ခံတဲ့သူတွေက စာပေလွတ်လပ်ခွင့်လိုသေးတယ်လို့ပြောမှာဖြစ်သလို လက်မခံနိုင်တဲ့သူတွေ ကလည်းတော်ပြီ လို့ပြောမှာပေါ့။