၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။ ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။
မေး။ ။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Miss Universe တဦး အဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံနေရတဲ့ သူတယောက် ဖြစ်သွားပြီ ဆိုတော့ စောင့်စည်း ထိန်းသိမ်းရမှာတွေများသွားပြီ။ မိုးစက်ရဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမလဲ။
ဖြေ။ ။ တွေးထားပါတယ်၊ ဒီပွဲက တခြားပွဲတွေလို ဆုရရင်ပြီးသွားတာမဟုတ်ပါဘူး၊ တောင်တက်ဖို့အတွက် တောင်တက် ခွင့်ရသွားတဲ့ သဘောပါ၊ ကိုယ်ကတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ အဟြေအဆို၊ အပြုအမူတွေက မြန်မာနိုင်ငံ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့အတွက် စဉ်းစားရတော့မယ်၊ ကိုယ်လုပ်ချင်တာ လုပ်လို့တော့ မရတော့ဘူးပေါ့။
မေး။ ။ ကိုယ့်အလှကို ကိုယ်ယုံကြည်ပြီးတော့ Miss Universe ဝင်ပြိုင်ခဲ့တာလား။
ဖြေ။ ။ မိုးစက်အမြင်မှာ ဒီ Miss Universe Myanmar က အလှတခုတည်းနဲ့ မပြည့်စုံပါဘူး၊ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု နိုင်မယ့်သူကိုရှာတာပါ၊ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု နိုင်မယ် လို့တော့ ထင်ပါတယ်၊၊
မေး။ ။ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ ဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။ ။ မိုးစက်က ဟိုမှာဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေကလာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ။
မေး။ ။ မယ်စကြဝဠာပြိုင်ပွဲဝင်ဖို့ ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
ဖြေ။ ။ မိုးစက်အဲ့လိုမျိုး အဓိကလေ့လာထားတာမရှိပါဘူး၊ ဟြေပြချင်တာက မြန်မာနိုင်ငံအကြောင်းဟြေပြချင်တယ်၊ ယဉ်ကျေးမှု ကတော့ မိုးစက်က မြန်မာနိုင်ငံမှာ ကြီးလာတဲ့အတွက်မြန်မာ့ယဉ်ကျေးမှုကတော့ ကိုယ့်ရဲ့အတွင်းပိုင်းမှာ ရှိပြီး သားပါ၊ ဒါကဖယ်ထုတ်လို့လည်းမရတဲ့ အရာပါ၊ ဖုံးလို့လည်းမရတဲ့ အရာပါ၊ အဲ့ဒါကိုတော့ တကူးတက လေကျင့်စရာမလိုဘူးလို့ထင်ပါတယ်။
မေး။ ။ ညီမလေးရဲ့ပညာရေး အကြောင်းပြောပြပါဦး။
ဖြေ။ ။ မိုးစက်က အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလစ်မှာရှိတဲ့ ကယ်လဖိုးနီးယားလူဗန်တက္ကသိုလ်ကနေ Business Marketing နဲ့ဘွဲ့ရခဲ့တာပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဝေးသင် English Major တက်ခဲ့ပါတယ်။ ပြည်ပမှာ ကျောင်းတက်တာက ပြည်ပ အတွေ့အကြုံလိုချင်လို့ပါ၊ အဓိကကတော့ မြန်မာနိုင်ငံမှာ တက်တယ် ဆိုရင် မြန်မာစနစ် ပဲကြုံရမှာလေ၊ ကိုယ်ကပိုပြီးတိုးတက်ချင်တယ်၊ အတွေ့အကြုံလည်းပိုရချင်တယ်၊ ကိုယ့်ကိုယ် ကိုယ် အားကိုးချင် တဲ့စိတ် လည်း ရှိချင်တာကြောင့်လည်းပါပါတယ်၊၊
မေး။ ။ နိုင်ငံခြားမှာနေတော့ အဲ့ဒီမှာလိုလွတ်လွတ်လပ်လပ်နေချင်တဲ့စရိုက်တွေ ကူးစက်လာတာမျိုးရှိလား။
ဖြေ။ ။ မိုးစက်က ကိုယ်ကောင်းတယ်လို့ထင်တဲ့ဟာကိုပဲ ကိုယ်လက်ခံပါတယ်၊ ဥပမာ လူဆိုတာ အရှက်အကြောက် အရမ်းကြီးနေရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးပေါ့နော်၊ ဒါမျိုးတွေတော့ ဟိုရောက်တဲ့အခါမှာ ကိုယ်က ဟြေင်းရမှာပေါ့၊ သူများဟြေရင် ကိုယ် ဟြေရဲရမယ်၊ ဒါမျိုးလေးတွေကတော့ ဟြေင်းသင့်လို့ဟြေင်းတာပါ၊ ဟြေင်းနိုင်အောင်လည်း ကြိုးစား ထားပါတယ်၊၊
မေး။ ။ အနုပညာအလုပ်ကို ဝါသနာပါလား။
ဖြေ။ ။ ဝါသနာပါလားဆိုတော့ မင်းသမီးလုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒီဟာကျတော့ ဘဝမှာတခါကြုံတဲ့ အခွင့် အရေး၊ ပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်စားပြု၊ ကိုယ့်လူမျိုး ကိုယ်စားပြုလို့ရမယ်၊ နိုင့်ငံ့ဝန်တခုကို ထမ်းဆောင်တဲ့ အခွင့်အရေး တခု အနေနဲ့ ကြုံတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
မေး။ ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား။
ဖြေ။ ။ မိုးစက်က နိုင်ငံတကာနဲ့ Compare လုပ်တယ်လို့မမြင်ပါဘူး၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် မြန်မာ့ ယဉ်ကျေးမှု ကိုပဲ သိစေချင်ပါတယ်၊ ကမ္ဘာကကြည့်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာ့ ထုံးတမ်း ဓလေ့တွေ ကိုပဲ မြင်စေချင်ပါတယ်။
မေး။ ။ ဘယ်နိုင်ငံက Miss Universe တွေကိုသဘောကျလဲ။
ဖြေ။ ။ မိုးစက် အမြဲသဘောကျတာကတော့ ဗင်နီဇွဲလားက Miss တွေကို သဘောကျပါတယ်၊ သူတို့ကအရမ်း ချော တယ်၊ သူတို့ရဲ့ Body ကလည်း သေသေချာချာအချိုးကျကျကိုလှပတယ်၊ သူတို့ Work က တကယ့် Professional ပဲ။
မေး။ ။ မယ်စကြဝဠာပြိုင်ပွဲ သွားပြိုင်ပြီး ပြန်လာရင်ရော ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
ဖြေ။ ။ အဓိကကတော့ ညီမလူမှုရေးလုပ်ငန်းတွေပဲ လုပ်ချင်ပါတယ်၊ Miss ရထားတဲ့အချိန်မှာ လူမှုရေး လုပ်ရင် ပိုလွယ်တယ် လို့ထင်ပါတယ်၊ လူတွေကိုပိုစည်းရုံးနိုင်မယ်၊ ကိုယ်ဟြေတာကိုလက်ခံလာမယ်လို့ထင်ပါတယ်၊ မင်းသမီး လုပ်ချင်ရင် ရုပ်ရှိရင်လုပ်လို့ရပါတယ်၊၊
မေး။ ။ ရုရှား မယ်စကြဝဠာပြိုင်ပွဲမှာ ဘယ်လို Talent တွေလုပ်မယ်လို့စဉ်းစားထားလဲ။
ဖြေ။ ။ မိုးစက်ကြည့်ဖူးတဲ့ Miss Universe ကတော့ Talent မပါဘူး၊ တကယ်လို့ Talent ပါရင်တော့ ညီမ မြန်မာ အကနဲ့ ဖျော်ဖြေ တင်ဆက်ကပြမှာပါ။ ကျွမ်းကျွမ်းကျင်ကျင်တော့ မကတတ်ပါဘူး၊ ဒါပေမယ့် ငယ်ငယ်တုန်းက သင်္ကြန်ယိမ်းအက ကိုတော့ အထက်တန်းကျောင်းမှာတုန်းကပါဝင် ကပြဖူးပါတယ်။
မေး။ ။ မိုးစက်မှာ ဘယ်လို အားနည်းချက်တွေရှိလဲ။
ဖြေ။ ။ အားနည်းချက်က မိုးစက်ရှက်တတ်ပါတယ်၊ နောက်တခုက မိုးစက်ရဲ့ Walking Skill သိပ်မကောင်းသေးပါဘူး၊၊
မေး။ ။ ရှက်တတ်တယ်ဆိုတော့ ရေကူးဝတ်စုံ ဝတ်တော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အဲ့ဒါကတော့စိတ်ထဲမှာ Mood တခုသွင်းရပါတယ်၊ ရေကူးဝတ်စုံဝတ်တာ အစကတော့ ရှက်တယ်၊ နောက်ပြန် စဉ်းစားကြည့်တော့ ဒါအားကစား တခု၊ ရေကူးတယ်လို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါတယ်၊ လူတိုင်းရေကူးရင် ရေကူး ဝတ်စုံပဲဝတ်တယ်၊ ဒါကြောင့် အဲ့လိုရေကူးတယ်လို့ စိတ်သွင်းလိုက်တဲ့ အတွက်မိုးစက်အဆင်ပြေသွားပါတယ်ရှင့်။
မေး။ ။ ဘာကိုဝါသနာပါတာလဲ။
ဖြေ။ ။ မိုးစက်သီချင်းဆိုတာ ဝါသနာပါပါတယ်။
မေး။ ။ မြန်မာနိုင်ငံက မီဒီယာတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ အခုမီဒီယာတွေဝိုင်းနေတယ်ဆိုတော့ အကောင်းဖြေရမယ် ထင်တယ်နော်(ရယ်လျှက်)၊ အကောင်း မဖြေရင်အကုန်လုံးဝိုင်းပြီးတော့ ပြဿနာရှာမှာလေ၊ မီဒီယာတွေက အကုန်လုံးအရမ်းကောင်းပါတယ်။
မေး။ ။ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။ ။ ညီမပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ Vote ပေးတာလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံ ကိုယ်စားပြု ဖြစ် အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်။