စစ်အစိုးရ လက်ထက်တွင် ပေါ်ထွက်လာသော ခရိုနီသူဌေးများအနက် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်သည် အစိုးရ သစ်တက်လာချိန်တွင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်စံညွှန်းမီရန် ပြုပြင် ပြောင်းလဲ၍ နိုင်ငံတကာ ဈေးကွက် ထိ ထိုးဖောက်ရန် ကြံရွယ်လုပ်ဆောင်နေသူ ဖြစ်သည်။ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အဆင့် Novotel Hotel ကို ရန်ကုန်၌ ဖွင့်လှစ်နိုင်ခဲ့သော ဦးဇော်ဇော်က ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ ရဲနည်နှင့် တွေ့ဆုံရာတွင် ဘဝဖြတ်သန်းမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအမြင်များနှင့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတို့ကို ရှင်းလင်းပြောပြပါသည်။
မေး။ ။ ဦးဇော်ဇော်အနေနဲ့ ပြည်တွင်းမှာပဲ စီးပွားရေးတွေ လုပ်ကိုင်နေတဲ့ အနေအထားကနေ Novotel Hotel ကို ကမ္ဘာ့ နာမည်ကျော်ကုမ္ပဏီဖြစ်တဲ့ Accor Group နဲ့ပူးပေါင်းဖွင့်လှစ်ပြီး နိုင်ငံတကာဈေးကွက်ထဲကို ထိုးဖောက်တဲ့ အခြေအနေပေါ့။ အနာဂတ်မှာ Sanction က လွတ်လာနိုင်မယ့် အလားအလာလို့လည်း ပြောနိုင်မှာပေါ့။ ဦးဇော်ဇော်အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲခဲ့ရသလဲဆိုတာ ပြော ပြပေးပါ။
ဖြေ ။ ။ ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့ Novotel ဟိုတယ်ရဲ့Change၊ ပြီးတော့ နောက်တခုက Accor Group ရဲ့ဟိုတယ် brand ပေါ့၊ ဒါကတော့ International World Wide မှာ ဟိုတယ် ၃ထောင် လောက်ရှိပြီးတော့ International မှာလည်း Market ရနေတယ်။ ကျနော့်အနေနဲ့ကတော့ ဟိုတယ်စီးပွားရေးကို အရင်တုန်း ကလည်း လုပ်ခဲ့ဖူးတယ်။ ကျနော့်ဘ၀ အစမှာလည်း ဟိုတယ်တွေထဲမှာ ထမင်း ပန်ကန်ဆေးတာတွေကအစ စားပွဲထိုးတဲ့အထိ အနိမ့်ဆုံးတွေ လုပ်ခဲ့ဖူးပါတယ်။ နောက်တခုက ကိုယ်တိုင် ဟိုတယ်ဆောက်ပြီးတော့လည်း Run ဖူးပါတယ်။
ဒါပေမယ့် ကျနော်တို့အနေနဲ့ နိုင်ငံတကာ အဆင့်ကို သွားမယ်ဆိုရင် ကိုယ်သိတဲ့ အတွေးအခေါ် အယူအဆ နည်းနည်းနဲ့ လုပ်လို့ မရပါဘူး။ ကိုယ်က ဘာအားသာလဲ၊ သူက ဘာအားသာလဲ၊ နိုင်ငံတကာနဲ့ ပူးပေါင်း မယ်ဆိုရင် ဘာ အားသာမလဲ၊ ကိုယ့်လူမျိုး တွေအတွက် ဘာတွေ ပိုကောင်းလာမလဲ ဒါတွေက သုံးသပ်ရမယ်။ ကျနော့် အနေနဲ့ သုံးသပ် မိတာကတော့ ငါတို့ Investment လုပ်မယ်၊ Fund ဘယ်က ရမလဲ၊ ဒါကို ကျနော်တို့ စဉ်းစားရမယ်၊ Fund ဘယ်ကရမလဲ ကျနော်တို့ Fund ကို ဘဏ်ကနေ ချေးလို့ရမယ်ပေါ့။ ကျနော်တို့ စဆောက်ကတည်းကိုက မမှားဖို့ အရေးကြီးတယ်။
ကျနော်တို့ Accor ကို ချိတ်လိုက်တဲ့အခါကျတော့ ကျနော်တို့ စဆောက်ကတည်းက ဒီဟိုတယ်မှာ Reception ဘယ်နား ရှိရမယ်။ Escalator ဘယ်နားထားရမလဲ။ Customer တွေ Guest တွေ relax လုပ်တဲ့အခါမှာ Reliable ဖြစ်အောင် အခန်းက ဘယ်လောက် Square meter ရှိရမယ်။ အဲတော့ စလုပ် ကတည်းက မှန်မှန်ကန်ကန် နည်းမှန် လမ်းမှန်နဲ့ Direction ပေးလိုက်နိုင်တယ်။ Investment က Right Investment ဖြစ်သွားတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေ ဒီထက်ပိုပြီးတော့ Management တွေ ကျွမ်းကျင်လာမယ်။ Capacity တွေ ပိုမြင့်လာမယ်။ သူတို့နဲ့ ပေါင်းလိုက်တဲ့အခါမှာ သူတို့ရဲ့ ကျွမ်းကျင်မှုကိုရရင် ကျနော်တို့က ဒီအချိန်တိုတိုလေးအတွင်းမှာ အရည်အသွေး တွေ တက်လာမယ်။ ဒါကြောင့် သူတို့နဲ့ ကျနော်တို့ ပေါင်းဖြစ်တယ်ပေါ့။ သူတို့ကို ကျနော်တို့ Management ပေးရမှာ သေချာပါတယ်။ ဒါပေမယ့်လည်းပဲ သူတို့ရဲ့နိုင်ငံတကာမှာရှိတဲ့ Network ကြီးတခုလုံးကို ကျနော်တို့ ချိတ်ဆက် လိုက် တဲ့အခါမှာ သူတို့အနေနဲ့ ကျနော်တို့ကို ပူးပေါင်း ဆောင်ရွက်လာတဲ့အခါ ကျနော်တို့က ပိုပြီးဝမ်းသာရမှာက သူတို့ရဲ့ Market ကြီးတခုလုံး ကျနော်တို့နဲ့ ချိတ်ဆက်လို့ ရအောင်ပါပဲ။ အဓိကကတော့ Local ကုမ္ပဏီတခုအနေနဲ့ Global မှာ Branded ဖြစ်တဲ့ ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ခြင်းသည် နှစ်ဖက်စလုံး အတွက် Win-Win Situation မှာ အကျိုးရှိပါတယ်။ ဒါကတော့ Investment လုပ်တဲ့ အပိုင်းပေါ့။
နောက်တပိုင်းကတော့ ကျနော်ပြန်သုံးသပ်တာကတော့ ခုနက Sanction ဆိုတဲ့ ကိစ္စပေါ့။ ဒါကတော့ ကျနော်တို့ အရင် အ စိုးရ လက်ထက်မှာ ကျနော်တို့ လုပ်ငန်းရှင်တွေ Sanction ဖြစ်တယ်ပေါ့။ သို့သော်လည်း သိပ် Isolate ဖြစ်ထားတဲ့အခါ ကျ တော့ ဘယ်သူက ဘာလဲဆိုတာ သေချာမသိတဲ့ အပိုင်းလေးတွေ ရှိတာပေါ့။ အခုဆိုရင် ကျနော်တို့ အနေနဲ့ အရှိအတိုင်း ချပြတယ်။ နောက် ကိုယ်ဘယ်လို ငွေရတယ်။ ဘယ်လိုရှာတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဖြစ်လာတဲ့အခါ ကျတော့ Accor အနေနဲ့လည်း ပေါင်းလို့ရတယ်ဆိုတာ သူတို့ လက်ခံပြီးတော့ အခါကျတော့ သူတို့ ပေါင်းပေးလိုက်တာ အရမ်း ကောင်းပါတယ်။ ကျနော့်အနေနဲ့ကတော့ Sanction ပြုတ်မယ် မပြုတ်ဘူးဆိုတာထက် အဓိကက ကိုယ်လုပ်နေတဲ့ ဟာကို မှန်မှန်ကန်ကန်နဲ့ ရှေ့ဆက်သွားမယ်။ ကိုယ်လုပ်ခဲ့တာတွေကိုလည်း ချပြမယ်။ ရှေ့ဆက်လုပ်မယ့်ဟာ တွေကို လည်း ပြောမယ်။ ဒီအပေါ်မှာ သူတို့အပေါ်မှာရှိတဲ့ ယုံကြည်မှုအပေါ်မှာ မူတည်ပြီးတော့ ဒါတွေအကုန်လုံးက တချိန်ကျရင် ဖြေလျော့မယ်လို့ စိတ်ထဲမှာ ရှိပါတယ်။
မေး။ ။ များသောအားဖြင့် နိုင်ငံခြားသားတွေ နားလည်တာက မြန်မာကုမ္ပဏီတော်တော်များများက မြေယာ အရှုပ် အရှင်းတွေ ရှိတယ်၊ နောက် ငွေကြေး စာရင်းဇယားတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ အဲဒီလိုမျိုး စွပ်စွဲမှု တွေရှိတာ ပေါ့။ ခုနက Accor ကနေ ဦးဇော်ဇော်နဲ့ ပေါင်းလုပ်တဲ့အခါကျတော့ သူတို့အနေနဲ့ ဦးဇော်ဇော်ကို ဘယ်လို မြင်ခဲ့လဲ။ ဦးဇော်ဇော်အနေနဲ့ အဲလိုကိစ္စမျိုးတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရတာတွေ ရှိလဲ။
ဖြေ ။ ။ ကျနော် ထင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုရဲ့ နောက်ပိုင်းမှာပေါ့နော်၊ မြန်မာလုပ်ငန်းရှင်တွေ တော်တော်များများ စီးပွားရေး လုပ်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ သုံးစွဲတဲ့ အသုံးအနှုန်းတွေက ရှိတာပေါ့။ ကျနော့်အနေနဲ့ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အများကြီး ရှိစေချင်တယ်။ အများကြီး ဖြစ်ထွန်းစေချင်တယ်။ အများကြီး အောင်မြင်စေချင်တယ်။ ဘာဖြစ်လို့ လူထုက စီးပွားရေးလုပ်ငန်းရှင်ကို မယုံသလဲဆိုတဲ့ကိစ္စက အရေးကြီးတဲ့ မေးခွန်းပါ။ တခုက ပွင့်လင်းမြင်သာမှု မရှိတာပဲ။ အဓိက နောက်တခုကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ဥပဒေအပေါ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ သိမ်းထားတာတွေလည်း ရှိတယ်။ တကယ့်ကို ဝယ်ထားတာလည်း ရှိတယ်။ ဒါမျိုးတွေ ဖြစ်နေတာ၊ ကျနော်တို့က ဘာလဲဆိုတော့ land နဲ့ ပတ်သက် ပြီးတော့ land Policy ကျနော်တို့မှာ ရှိတယ်။ ဒါက ငါတို့ အရင်တုန်းက ဥပဒေနဲ့ ဒါတွေဝယ်ထားတယ်၊ ဒါတွေ ငါတို့ ငှားထားတယ်။ သို့သော်လည်း ဒါတွေသည် အရင်တုန်းက ပေါ်လစီဆိုပေမယ့် အရင်လူတွေအတွက် ထိခိုက် နစ်နာမယ်ဆိုရင် ညှိနှိုင်းတယ်၊ ပြန်ပေးလျော်တယ်။ တချို့ဟာတွေဆိုရင် ကျနော်တို့က ပြန်ဝယ်ပေးတယ်။
သူတို့ရဲ့ ဘဝ၊ တချို့ အိမ်တွေ ပြန်ပြီးတော့ ဆောက်ပေး တာမျိုး၊ တချို့ သူတို့ရဲ့ မိသားစုကလေးတွေအတွက် ပညာ ရေးကိစ္စ စဉ်းစားပေးတာမျိုး၊ ကျောင်းကိစ္စ စဉ်းစားပေးတာမျိုးပေါ့။ အဲလိုမျိုး စဉ်းစားပေးတဲ့ အခါကျတော့ သူတို့ ပိုင်ရှင်နဲ့ ကျနော်တို့နဲ့ မိသားစုသဘောမျိုး ဖြစ်လာတဲ့ အပိုင်းမျိုးတွေ ဖြစ်သွားပြီးတဲ့ အခါကျတော့ ဒီပေါ်လစီ အပေါ်မှာ ကျနော်တို့ အနေနဲ့ မြေယာအရှုပ်အရှင်းကိစ္စ လုံးဝမရှိတော့ဘဲ ဒီလိုမျိုး ဒေသခံတွေအနေနဲ့ ကျေးဇူးတင်တဲ့ အနေအထားမျိုးအထိ ဖြစ် သွားခဲ့တာမျိုးတွေ သာဓကတွေ အများကြီးရှိပါတယ်။ ဥပမာ ငွေဆောင်မှာ ကျနော်တို့ ဧက ၁၀၆ ဧက ပြန်လျော်ပေး လိုက်တယ်။
ချောင်းသာမှာ ကျနော်တို့ တကယ်တော့ အရင်တုန်း ကလည်း ကျနော်တို့ လျော်ခဲ့ပြီးသားပါ၊ လျော်ခဲ့တဲ့ဟာက နည်း နေတဲ့အတွက် ဒါကို ကျနော်တို့ ပြန်လျော်ပေးပြီး ကျေနပ်အောင် လုပ်ပေးတာပေါ့။ ချောင်းသာဆို ကျနော် မလုပ်တော့ဘူး ဆိုပြီး အကုန်လုံး ပြန်ပေးခဲ့လိုက်တယ်။ သူ့နေရာနဲ့ သူပေါ့။ တောင်ဒဂုံမှာ ဆိုလို့ရှိရင် စက်မှုလယ်ယာ ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့ နေရာမှာကျတော့ လယ်သမား အားလုံးကို အရင်တုန်းက သူတို့နဲ့ အတူတူ လုပ်နေတယ်။ နောက်အကုန် ပြန်လျော်ပေးလိုက်တယ်။ သို့သော် ကိုယ်ဝယ် ထားတဲ့ မြေကြီးပေါ့။ လေလံတို့ ဘာတို့က ဝယ်ထားပြီး တကယ်ပဲ အစိုးရက သတင်းစာထဲ ထည့်ပြီး ဝယ်တဲ့ဟာမျိုးကို တောင် ကျနော်တို့ အရင် နှစ် ၆၀ တုန်းက ပိုင်ပါတယ်။ နှစ် ၁၀၀ က ပိုင်ပါတယ်၊ ပြန်ပေးပါ ဆိုလို့ရင်တော့ ဒါကတော့ ဥပဒေကြောင်းအရ သွားရမယ့် ပေါ်လစီထဲမှာ ကျနော်တို့ ထည့်ထားတယ်။ ဒါမျိုးတွေ ကျနော်တို့ လွယ်လွင့်တကူ ရော့အင့် ဆိုပြီး ပြန်ပေးတာမျိုးတော့မရှိဘူး။ ဒီလိုမျိုး Clear လုပ်ထားတဲ့ အခါကျတော့ မြန်မာပြည် မှာရှိတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီးတော့ Research လုပ်လိုက်တဲ့အခါကျတော့ ဒီပေါ်လစီရှိတာ ကျနော်တို့ ကုမ္ပဏီ တခုပဲရှိတယ်။ သူတို့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။
ကျနော်တို့အနေနဲ့ ဒါကြောင့်မို့လို့ ဒီမြေယာအရှုပ်အရှင်းနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် ရှိပါတယ်။ ဒါ အရှုပ်အရှင်းကိစ္စတွေ ဖြေရှင်းတာ ဒါက တပိုင်းပေါ့နော်။ နောက်တခြား International company ဖြစ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အခါမှာကျတော့ အဓိက ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အရမ်း လိုတာ ပေါ့။ Accountability ဖြစ်ဖို့ လိုတာပေါ့။ ကျနော်တို့ ကုမ္ပဏီက ရှင်းရှင်း ပြောရရင်တော့ ကျနော်တို့ အကုန်လုံး Open Book ပေါ့။ ကျနော်တို့ အရင်က ဘာလုပ်ခဲ့တယ်။ ဘယ်က ပိုင်တယ်၊ ဘာတွေ ရတယ်။ ရှယ်ယာဝင်တာ ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်တို့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပေးလိုက်တဲ့အခါကျတော့ Deloitte လို International မှာ တကယ့်ကို နာမည်ရှိတဲ့ Audit လုပ်တဲ့ ကုမ္ပဏီက ကျနော်တို့ ငွေရေး ကြေးရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်က ရတယ်၊ ဘယ်မှာ မြှုပ်နှံတယ်၊ ဘာတွေရှိတယ်ဆိုတာကို ကျနော်တို့ ပွင့်လင်းမြင်သာမှုအရ ချပြတယ်။ ဒါက တပိုင်း ပါ။
နောက်တခုက အရေးကြီးဆုံးက ဘာလဲဆိုတော့ စီးပွားရေး လုပ်ငန်းလုပ်တဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အရေး ကြီးတယ်။ အခုဆိုလို့ရှိရင် ဟောင်ကောင် အခြေစိုက် BSR လို့ခေါ်တဲ့ Human Right တို့ CSR (Corporate social responsibility) တို့နဲ့ ပတ်သက်ပြီးတော့ Assessment လုပ်တဲ့ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီးတော့ နှစ်စဉ် ငွေရေးကြေးရေး တင်မဟုတ်ဘဲ CSR နဲ့ ပတ်သက်တဲ့ Report ပါ တွဲထွက်တယ်။ ကိုယ့်ကုမ္ပဏီတင် မဟုတ်ဘူး၊ ကိုယ့်ကုမ္ပဏီနဲ့ ဆက်စပ်ပြီး ချိတ်လုပ်တဲ့ ကုမ္ပဏီတွေကအစ ဒီအပိုင်း တွေကို စစ်ဆေးမှုတွေ ကျနော်တို့ လုပ်တယ်။ အဲလိုလေးတွေ ကျနော်တို့ နိုင်ငံတကာစံချိန်စံနှုန်း တွေကို ရအောင် လိုက်လုပ်တဲ့အချိန်မှာ ကျနော်တို့ နိုင်ငံတကာအဆင့်ကို မီတဲ့ ကုမ္ပဏီ ဖြစ်အောင် လုပ်နေတဲ့အခါမှာ အဲဒါတွေကိုလည်း Accor က မြင်ထားတယ်။ မြင်ထားတဲ့အခါကျတော့ ဒီကုမ္ပဏီနဲ့ ပေါင်းလို့ ရမယ်၊ ဒါက တချိန်ကျလို့ရှိရင် ငါတို့ ကုမ္ပဏီနဲ့ လက်တွဲလို့ ရမယ်။ ငါတို့မှာရှိတဲ့ ပေါ်လစီနဲ့ Inline ဖြစ်တယ်ဆိုပြီး ဒီလိုအခြေခံပြီး စဉ်းစားတာတွေလည်း ပါပါတယ်။
မေး။ ။ နှစ် ၂၀ ကျော် ကာလအတွင်း အခုဆိုလို့ရှိရင် အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်လာတဲ့အခါကျတော့ ကိုယ်လုပ်လာခဲ့ရတဲ့ ဟာတွေကို ပြန်သုံးသပ် ပြီးတော့ ဧရာဝတီ ပရိသတ်အတွက် စကားတခွန်း ပြောပါ။ ဒီအခြေအနေရောက်အောင် ဘာတွေက တွန်းပို့လိုက်တာလဲ။
ဖြေ ။ ။ ကျနော့်မှာ ညီအစ်ကို မောင်နှမ ၆ ယောက် ရှိပါတယ်။ ကျနော်တို့က ဧရာဝတီတိုင်း ရေကြည်ကပါ။ မိဘတွေကလည်း အဖေက အစိုးရ ဝန်ထမ်း၊ အမေက ကုန်ဈေးရောင်းပေါ့။ အဲလိုနဲ့ ထားခဲ့တာဆိုတော့ ရှင်းရှင်း ပြောရင်တော့ မပြည့်စုံဘူးလို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ကျနော်တို့ မိဘက ၆ ယောက် စလုံးကို အပင်ပန်းခံပြီးတော့ ကျောင်းပြီး အောင်ထားပေးခဲ့တယ်။ ကျနော် ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်တယ်။ ပြီးတော့ ကျနော် အရေးအခင်းပြီး တဲ့နောက်ပိုင်းမှာ ကျနော် သဘောၤတက်ပြီး စင်ကာပူ ထွက်ဖို့လုပ်တယ်။ စင်ကာပူကို သွားဖြစ်တယ်။ သွားဖြစ်တဲ့ အခါ ကျတော့ ရှင်းရှင်းပြောရရင် အကိုတယောက်ရဲ့အိမ်မှာ လိုတာတွေ အကုန်လုပ်ပေးပြီးနဲ့ သူက စီဒီစီတို့၊ ပတ်စ်ပို့စ်တို့ လုပ် ပေးတယ်။ ဒါပေမယ့် အိတ်ထဲမှာ ပိုက်ဆံက ၇၅ ကျပ်လောက်ပဲ ပါတယ်။ စင်ကာပူ သွားတော့ ကျနော် Bus Center မှာ အိပ်တယ်၊ နောက် ကျနော် ဘတ်စ်ကား မစီးနိုင်လို့ လမ်းလျှောက်ပြီး Peninsular Plaza မှာ အလုပ် သွားလျှောက်တယ်။
ကျနော်က အိပ်ချိန် နည်းတယ်။ အလုပ်တခုလုပ်ရင် ပြီးအောင် လုပ်တယ်၊ ပြီးတော့ ကျနော် လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ပါတယ်။ နေလဲနေပါတယ်။ ဆင်းရဲချမ်းသာ အယုတ်အလတ် အမြတ်မရွေး လူကိုလူလိုပဲ သဘောထားပါတယ်။ ဘဝရဲ့သင်ကြားရေးကတော့ အောင်မြင်တဲ့သူတွေအတွက် ကျနော်အရမ်း ရင်ထဲက ကျေနပ်ပီတိဖြစ်တယ်၊ ကျေနပ်တယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မဟုတ်တာ လုပ်ရင်လည်း အရမ်းရင်ထဲက ခံစားရပါတယ်။ ကျနော့် အနေနဲ့ကတော့ ဘာကို Massage ပေးချင်လဲဆိုတော့ အားလုံးကဏ္ဍတိုင်းမှာ ထူးချွန်နေမှ၊ တော်နေမှ သူများမကအောင် မချိမဆန့် အလုပ်လုပ်မှ ကျနော်တို့ နေရာတခုခု ရောက်မှာ။ ကျနော်တို့ မြန်မာလူမျိုးတွေ အားလုံးအလုပ်လုပ်ရမယ်၊ အားလုံး ကြိုးစားကြရမယ်။
အားလုံး မချိမဆန့်နဲ့ အခက်အခဲတွေကြားထဲက ရုန်းထွက်ရမယ်။ ဒါမှလည်း ကျနော်တို့ မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို လူတွေ လေးစားလာမှာ။ ကျနော့်အနေနဲ့ကတော့ ကျနော် ဒီလိုမျိုး ၇၅ ကျပ် ရှိတဲ့ဘ၀ ကနေပြီးတော့ ကျနော် ဖြတ်သန်း ခဲ့ရတာတွေက ကျနော်အရှင်းဆုံးပြောရရင် ကျနော် သင်္ဘောလိုက်တယ်။ ပြီးရင် ကျနော် ဘန်ကောက်ကနေ ဗီဇာ ယူပြီး ဂျပန်သွားတယ်၊ ကျနော် တနေ့ နာရီ ၂၀ လောက် အလုပ်လုပ်တယ်။ ခုနပြောတဲ့ ပန်းကန်ဆေး၊ အိုးတိုက်ပေါ့။ အဲဒါကနေမှ ရှင်းရှင်းပြောရင် စားပွဲထိုးပေါ့နော်။ အဲဒါမျိုးတွေ လုပ်လာခဲ့ပြီးတော့မှ ကားလုပ်ငန်း၊ ကားအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်း ကနေ တဆင့်ပြီးတဆင့် တက်လှမ်းပြီးတော့မှ ပြန်လာတဲ့အခါမှာ ကျနော် စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်ဖြစ်တယ်။
ဒီလိုပါပဲ တောက်လျှောက် ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ဆိုရင်တော့ ကိုယ့်တယောက်အတွက်တော့ ရှင်သန် လို့ရတယ်။ လွယ်ကူပါတယ်။ ဒါပေမယ့် ငါတို့မြန်မာတွေ ဘာလို့မလုပ်နိုင်လဲ။ ငါတို့ မြန်မာတွေ ဘာကြောင့် အထင်သေး လဲဆိုတဲ့အခါ ကျနော် နိုင်ငံတကာမှာ နေလာတဲ့အခါကျတော့ ခံစားချက်အပြည့်နဲ့ ပြန်လာတာ၊ ငါတို့ မြန်မာလူမျိုး မြန်မာနိုင်ငံမှာနေတာပဲ၊ သူတို့ နိုင်ငံသားတွေလိုမျိုး ဖြစ်ချင်ရင် ခံယူချက်တခုတည်းနဲ့ မရဘူး။ ဒေါသတခု တည်းနဲ့လည်း မရဘူး။ ကြိုးစားမှ ရမယ်ဆိုတဲ့အသိနဲ့ ကျနော် ဒီနေ့ဒီအချိန်အထိ ကြိုးစားနေတုန်းပါ။ ကြိုးစား နေသရွေ့ကတော့ လူတိုင်းမှာ ပန်းတိုင် ရှိပါတယ်။ ဒါလေးတခုပဲ ကျနော် ပေးချင်ပါတယ်။ အားလုံးကို Massage ပေးချင်တာက ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားရင်းနဲ့ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံအတွက် ကောင်းအောင် ကြိုးစားတဲ့ မြန်မာတွေ အများကြီးပေါ်ရင် မြန်မာနိုင်ငံ တိုးတက်မှာပါ၊
မေး။ ။ အခု Novotel ဟိုတယ်မှာ ဘယ်လောက် ရင်းနှီးမြှပ်နှံထားလဲ။ ခုနက Accor က စီမံခန့်ခွဲရေး လုပ်တယ်ဆိုတော့ သူရဲ့ စီမံခန့်ခွဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါ။
ဖြေ ။ ။ ရင်းနှီးမြှုပ်နှံမှုကတော့ ဒီအဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ အစလောက်က ဘီလီယံ ၆၀ ကျော်လောက် ဆိုရင် ပြီးမယ်လို့ ထင်တာပေါ့။ ကျနော်တို့ ဆောက်တဲ့အချိန်မှာ နိုင်ငံခြားချေးငွေ ဘီလီယံ ၃၀ ကျော်လောက် ရပါတယ်။ ကျနော်တို့ ပြည်တွင်းချေးငွေ ၁၅ ဘီလီယံကျော် လောက်ရပါတယ်။ ပထမတုန်းက ကျနော်တို့ ဘီလီယံ ၃၀ နဲ့ ကျနော့်မှာ ရှိတဲ့ ငွေနဲ့ ဘီလီယံ ၆၀ လောက်နဲ့ ပြီးအောင် ဆောက်ဖို့။ ဒါပေမယ့်ကျနော်တို့ ၆၀ ကျော်လောက်နဲ့ မပြီးနိုင်တဲ့ အခါ ကျတော့ အခု ၈၆ ဘီလီယံ ကျော်သွားတယ်။ ၈၆ ဘီလီယံကျော်မှာ ကျနော်တို့မှာ ဘီလီယံ ၃၀ ကျော်လောက် ချေးငွေနဲ့ ပြည်တွင်းဘဏ်နဲ့ ဆိုတော့ ဘီလီယံ ၄၅ ဘီလီယံနဲ့ ၄၆ ဘီလီယံလောက်က ကျနော်တို့ ချေးငွေ၊ ကျန်တဲ့ ဘီလီယံ ၄၀ လောက်က ကျနော်တို့ ကုမ္ပဏီက ပိုက်ဆံနဲ့ ဟိုတယ်ကိုလည်း ပြီးအောင်ဆောက်တယ်။ ဒီရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် ပြီးတော့လည်း ကျနော်တို့ ကြေညာချက်ထုတ်ထားပါတယ်။ ကျနော်တို့ ဘယ်လို ရင်းနှီးတယ်၊ ဘယ်ဘဏ်က ချေးထား တယ်။ ဒါကတော့ ကျနော်တို့ ဟိုတယ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းပေါ့။
Accor ကတော့ ဒီရင်းနှီးမြှပ်နှံမှု အပေါ်မှာ Management လုပ်တာပေါ့။ Accor မှ မဟုတ်ပါဘူး။ ဒီဟိုတယ်ထဲမှာ ရုံးခန်း တွေ ရှိသေးတယ်။ စားသောက်ဆိုင်တွေ ရှိတယ်။ စားသောက်ဆိုင်တွေဆိုရင် ဂျပန်နဲ့ ပေါင်းလုပ်တယ်၊ SPA ဆိုရင် ထိုင်းနဲ့ ပေါင်း လုပ်တယ်။ ကာရာအိုကေဆိုရင် ပြည်တွင်းက ကျွမ်းကျင်တဲ့ လူတယောက်နဲ့ ပေါင်းလုပ်တယ်။
မေး။ ။ မသန်စွမ်းတွေလည်း အလုပ်ခန့်ထားတာ ရှိတယ်လို့ သိရတယ်။ အလုပ်သမား ရေးရာ Policy နဲ့ CSR ပေါ်လစီ ပတ်သက်လို့ ရှင်းပြပေးပါ။
ဖြေ ။ ။ အဓိကကတော့ Accor နဲ့ ကျနော်တို့ အယူအဆ အတွေးအခေါ်ချင်း တူတာပေါ့။ ကိုယ့်ရှိနေတဲ့ ဝန်ထမ်း လုပ်နေတဲ့ သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုတင် မဟုတ်ဘဲနဲ့ CSR တပိုင်းဖြစ်တဲ့ မသန်စွမ်း ဝန်ထမ်းတွေကို အလုပ်ပေး လို့ရတဲ့ နေရာတွေ ရှာဖို့ပေါ့။ တွေ့ရင်တော့ အလုပ်ပေးရအောင်ဆိုပြီး ကျနော်တို့ စဉ်းစားပါတယ်။ ဥပမာ ကျနော်တို့ ပြောတာက Max Energy မှာ ဆိုလို့ရှိရင် တက္ကသိုလ် တက်နေတဲ့ ကလေးတွေကို Part Time လုပ်ပေးတာ အခုဆို ၁၀၀ ကျော် ကျနော်တို့ အလုပ်ခန့်ထားပါတယ်။
ကျနော်တို့တုန်းကလည်း ဒီလိုပဲ နိုင်ငံခြားမှာနေရင် Part Time အလုပ်လုပ်ပြီး ကျောင်းတက်ရတာပဲ။ ဒီဟိုတယ်မှာလည်း Accorနဲ့ တိုင်ပင်တဲ့ အခါကျတော့ ဒီမသန်စွမ်းတွေကို ပေးလို့ရတဲ့နေရာရှာမယ်။ အခု အလုပ်စဝင်ပြီး လုပ်နေကြတယ်။ သူတို့လည်း ပျော်နေကြတယ်။ သူတို့ရဲ့ day to day life လေးတွေက ကောင်းသထက် ကောင်းလာတယ်။ သူတို့ကို ကြည့်ပြီးတော့လည်း ပီတိ ဖြစ်စရာပါ။ ဒါကတော့ ရှင်းရှင်းပြောရင်တော့ လူ့ဘဝမှာ စီးပွားရေးလုပ်တာ တခုတည်း မဟုတ်ဘဲနဲ့ ကျန်တဲ့အပိုင်းတွေမှာ တာဝန်ယူတတ်မှု အပိုင်းတွေမှာ ကျနော်တို့က လူသားချင်းစာနာတဲ့အနေနဲ့ ဒါတွေ လုပ်နေတာပါ။
မေး။ ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားပိုင် ဟိုတယ်တွေ ပေါ်လာတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာကြတော့ နိုင်ငံခြားသားပိုင် သက်သက်ဟိုတယ် တွေ ဥပမာ ပတ်ရိုင်ရယ်၊ ဆူးလေရှန်ဂရီလာတို့လို အဲလိုမျိုး ဟိုတယ်တွေပဲ ပေါ်လာပြီးတော့ အခုမှ ဒါ ပထမဦးဆုံး ပြန်ပြီးတော့ ဦးဇော်ဇော်ပိုင်တဲ့ တိုင်းရင်းသားပိုင်တဲ့ ဟိုတယ်တွေ ပြန်ပြီးတော့ ပေါ်လာတဲ့အခါကျတော့ အဲဒီ တိုင်းရင်းသားတွေပိုင်တဲ့ ဟိုတယ်တွေနဲ့ ရှေ့ရေးကို ဘယ်လို မြင်လဲ။
ဖြေ ။ ။ အဓိကကတော့ စိတ်ကူးပေါ့နော်၊ ဂျပန်မှာ နေတုန်းကဆိုရင် ဟိုတယ်မှာ ဝင်အလုပ်လုပ်ကတည်းက ဒီဟိုတယ် မျိုး ငါပိုင်ရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးမျိုးတော့ ရှိတယ်။ ကျနော်တို့ ၉၃၊ ၉၄ ခုနှစ်လောက်တုန်းက တိုင်း ပြည်မှာ Investment တွေ နည်းနည်း ဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ မြန်မာပြည်မှာပဲ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် တုန်းက ဟိုတယ် တွေ ကြည့်လိုက်ရင် ဆီဒိုးနား၊ ထရိတ်ဒါး၊ အခုတော့ ရှန်ဂရီလာလို ဟိုတယ်တွေပေါ့။ အဲလို ဟိုတယ်တွေ တော်တော်များများက တိုင်းရင်းသားပိုင်တဲ့ ဟိုတယ် မဟုတ်ဘူး၊ နောက်တခုက မင်္ဂလာဆောင်တို့ ကျန်တဲ့ အခမ်းအနား တွေ လုပ်မယ်ဆိုရင် ဒီဟိုတယ်တွေမှာပဲ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လုပ်လာတာ အခုအချိန်အထိ၊ ကျနော်တို့ ဒီဟိုတယ် ပေါ်လာတဲ့အခါကျတော့ ကျနော့်အနေနဲ့ ရှင်းရှင်းပြောရရင် ဒီအပေါ်မှာ ဂုဏ်ယူတယ်လို့ပဲ ပြောရမှာပေါ့။
မဖြစ်ဖြစ်အောင် လုပ်ချင်တာက ငါတို့ တိုင်းရင်းသားပိုင်တဲ့ ဟိုတယ်။ တနိုင်ငံလုံးမှာ Foreign Investment တွေ ဖြစ် နေတဲ့ အခါကျတော့ ငါတို့နိုင်ငံသားတွေကရော မလုပ်နိုင်တော့ဘူးလား။ ထိုင်းတို့ ဗီယက်နမ်တို့တောင် ငါတို့ နိုင်ငံမှာ လာမြှုပ်နှံတယ်။ ငါတို့က ဘာလို့ သူများနိုင်ငံမှာ ဘာလို့ မမြှုပ်နှံနိုင်ရမှာလဲ ထားလိုက်တော့။ ကိုယ့်နိုင်ငံမှာ ကိုယ်မလုပ် နိုင်တာဆိုရင် ကျနော်တို့က တကယ်တော့ ကိုယ့်နိုင်ငံထဲမှာ ကိုယ်လုပ်နိုင်ဖို့ဆိုရင် Regional ဒါမှမဟုတ်ရင် Golobal ထွက်နိုင်တဲ့ လုပ်ငန်းရှင်တွေ တချိန်ချိန်မှာ အများကြီးလိုတယ်။
အခုမဟုတ်ရင်တောင် ကျနော်တို့လည်း ကြိုးစားဖို့ လိုတယ်၊ အဲလိုကြမှ ကျနော်တို့ တော်တဲ့လူတွေ နေရာတိုင်းမှာရှိနေမှ တိုင်းပြည်က အောင်မြင်မှာ၊ ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ Media ကဏ္ဍမှာပဲဖြစ်ဖြစ်၊ ကျနော်တို့အနေနဲ့ Manufacturing မှာပဲ ဖြစ်ဖြစ်၊ Production မှာပဲဖြစ်ဖြစ် အဲလို ကဏ္ဍ ပေါင်းစုံမှာ တကယ့်ကို အရည်အချင်းရှိတဲ့ တော်တဲ့သူ ရှိနေရင် ကျနော်တို့နိုင်ငံ သူများနိုင်ငံနဲ့ ယှဉ်လို့ရမယ်၊ ပြိုင်လို့ရမယ်။ ကျနော့်အနေနဲ့ သူတို့တွေလာ Investment လုပ်တယ်။ ကြိုဆိုပါတယ်။ သို့သော်လည်း Fair Competition နဲ့ဆိုရင် ငါတို့လည်း လုပ်နိုင်တယ်ဆိုတဲ့ ဆန္ဒ တခုနဲ့ ဒါလေးကို ကျနော်တို့ လုပ်နိုင်ခဲ့တာပေါ့၊ အဲဒီအတွက်ကြောင့် ကျနော်လည်း ပီတိ ဖြစ်ပါတယ်။