မြန်မာနိုင်ငံမှ တောင်တက်သမား ၂ဦး အောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့ ကမ္ဘာ့အမြင်ဆုံး ဧဝရက်တောင်မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှ စတင်ကာ ၃ရက်အတွင်း ဧဝရက်တောင်တက်သမား ၃ဦးဟာ ဆက် တိုက် ဆိုသလို သေဆုံးခဲ့တယ်လို့ CNN သတင်းက ဆိုပါတယ်။ အသက် ၂၅နှစ်အရွယ် လမ်းပြ ပူဘာဆိုသူ ဟာ တောင်ထိပ်နဲ့ မီတာ ၁၅၀ခန့် အရောက်မှာ ရုတ်တရက်သေဆုံးသွားသလို၊ နောက်တရက် သောကြာနေ့မှာတော့ ၃၆နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသား အဲရစ်အာနိုးဆိုသူဟာလည်း တောင် ထိပ်ကို အောင်မြင်စွာရောက်ရှိခဲ့ပြီး ပြန်အဆင်းမှာ နှလုံးရောဂါနဲ့ သေဆုံးတယ်လို့ သိရပါတယ်၊ ဒါ့အပြင် စနေနေ့မှာတော့ သြစတြေးလျ နိုင်ငံသူ မာရီယာ စတြီဒွန်ဆိုသူဟာလည်း အဖျားရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အလားတူ အိန္ဒိယနိုင်ငံသား တောင်တက်သမား ၂ဦးဟာလည်း ပျောက်ဆုံးနေတယ်လို့ CNN သတင်း က ဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာပဲ မြန်မာနိုင်ငံသား တောင်တက်သမား ၂ဦးဟာ အမြင့်ပေ ၂၉၀၂၉ (၈၈၄၈ မီတာ) ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို အောင်မြင်စွာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။