မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ MPT ဆင်းမ်ကတ် သုံးစွဲသူပြည်သူများအတွက် လန်ခရူဇာကား အပါအဝင် အခြား ဆုမဲပေါင်း ၇သောင်း ပါဝင်တဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” ကံစမ်းမဲ အစီအစဉ်ရဲ့ နောက်ဆုံး ကံထူးရှင်ရွေးချယ်ပွဲ ကြီးကို ဒီကနေ့ စနေနေ့၊ မနက် ၁၁ နာရီကနေ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ Junction Square မှာကျင်းပ ပြုလုပ်မှာပါ။
MPT ရဲ့ ကံစမ်းမဲ အစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်း ကားတစီးနဲ့ iPad, TV အစရှိတဲ့ အခြားဆုမဲပေါင်းများစွာကို ကံထူးရှင်များ ရွေးချယ်ပေးခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့ မှာတော့ နောက်ဆုံးဆုကြီးဖြစ်တဲ့ လန်ခရူဇာကားနဲ့ အခြားသော ဆုမဲတွေကို ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
Junction Square မှာ ပြုလုပ်သွားမယ့် MPT ရဲ့ ကံထူးရှင်ရွေးချယ်ပွဲကြီးမှာတော့ အဆိုတော် Rဇာနည်၊ ဝေလနဲ့ နီနီခင် ဇော်တို့ကလည်း လာရောက်အားပေးကြည့်ရှုတဲ့ ပရိသတ်များကို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေမှာဖြစ်ပြီး MPT မှလည်း စိတ်လှုပ်ရှားစရာ ဂိမ်းအစီအစဉ်တွေနဲ့ အတူ MPT ကံထူးရှင်တွေကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး မဲနှိုက်ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့ စနေ့နေ့မှာ MPT ဖုန်းဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ ဖုန်းတွေကို ဖွင့်ထားပြီး ကိုယ်တိုင် ဘယ်သူ ကံထူး ရှင်ဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်စားနိုင်သလို Junction Square ကို ကိုယ်တိုင်သွားရောက် ပြီးတော့လည်း MPT နဲ့အတူ ဂိမ်းတွေဆော့ပြီး အဆိုတော်တွေရဲ့ သီဆို ဖျော်ဖြေမှုတွေကိုလည်း ခံစားနားဆင်နိုင်တာကြောင့် ဒီတပတ် အားလပ်ရက်မှာ ဘယ်သွားမလဲ၊ ဘာလုပ်မလဲ ကဏ္ဍကနေ တဆင့် မိတ်ဆက်ပေးလိုက်ပါတယ်။