ရန်ကုန်မြို့တွင် AEC English Centre ကို ကြာသပတေးနေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Nicholas Coppel တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
နိုင်ငံခြားတွင်သွားရောက်ပညာသင်ယူရာမှာ အဆင်ပြေ လွယ်ကူစေဖို့နဲ့ လုပ်ငန်းခွင်တွင်အောင်မြင်မှုရရှိစေဖို့ အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်ပေးရန်အတွက် AEC English Centre ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်တယ် လို့သိရပါတယ်။ AEC English Centre ဆစ်ဒနီနည်းပညာတက္ကသိုလ် (UTS) ကို အင်္ဂလိပ် ဘာသာရပ် ဆိုင်ရာထောက်ပံ့မှုပေးတဲ့ UTS:INSEARCH နဲ့ ပူးတွဲဖွင့်လှစ်ထားတာပါ။
သင်ရိုးညွှန်းတမ်းကို ဘွဲ့လွန်ရရှိထားသူများနှင့် Cambridge တက္ကသိုလ်မှ အသိအမှတ်ပြုထားသော ဆရာများမှ ပြုစုထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ထို့အပြင် တရုတ်၊ အင်ဒိုနီးရှား၊ ကိုရီယား နှင့် ဗီယက်နမ်တို့ရှိ ကျောင်းတွေမှာလည်း အဲ့ဒီသင်ရိုးညွှန်းတမ်းနဲ့ပဲ သင်ကြားပြသနေတာပါ။
သင်တန်းများတွင် အသုံးပြုသည့် အထောက်အကူပစ္စည်းများသည် နိုင်ငံတကာအဆင့်မီဖြစ်ပြီး သင်ရိုး ညွှန်းတမ်းများကို ဒစ်ဂျစ်တယ်ပုံစံဖြင့် အွန်လိုင်း (သို့) အီးဘွတ်ခ်များမှ တဆင့်လည်း လေ့လာနိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ သင်ယူမှု လွယ်ကူ လျင်မြန်စေရန်အတွက် ကိုယ်တိုင်ပါဝင်သည့် ပုံစံဖြင့် လေ့လာနိုင်တဲ့ ဂိမ်း နှင့် လေ့ကျင့်ခန်းများပါရှိပါတယ်။
“AEC English Centre မှာဆိုရင် စာသင်ကောင်းပြီး အရည်အချင်းရှိပြီးတော့ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေ ရှိပါတယ်။ ပြီးတော့ သင်ရိုးအားလုံးကိုလည်း ဒစ်ဂျစ်တယ်အဖြစ်ပြုလုပ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်များနဲ့ ခိုင်မာတဲ့ချိတ်ဆက်မှုများ ရှိထားတဲ့အတွက်ကြောင့် ဒါဟာ မြန်မာကျောင်းသား များအတွက် ကမ္ဘာ့အဆင့်မီပညာရေးကို ပြည်ပမှာ သင်ယူခွင့်ကိုပါ တိုက်ရိုက်ရယူနိုင်စေမယ့် နည်းလမ်းပဲ ဖြစ်ပါတယ် ။ AEC English Centre ကအသုံးပြုတဲ့ သင်ရိုးညွှန်းတမ်းတွေဟာ နိုင်ငံခြားမှာ တက္ကသိုလ်ပညာ သင်ယူလိုတဲ့သူ ဒါမှမဟုတ် အလုပ်အကိုင်သွားရောက်လုပ်ကိုင်ချင်တဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသားတွေအတွက် ဖန်တီးထားတာဖြစ်ပါတယ်” လို့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr Alex Murphy မှ ပြောကြားခဲ့ပါတယ်။
AEC English Center ရှိအတန်းများအားလုံးပြီးမြောက်အောင်တက်ရောက်ပြီးပါက နိုင်ငံတကာတက္ကသိုလ်များ ဖြစ်တဲ့ ဆစ်ဒနီနည်းပညာတက္ကသိုလ်၊ ရှန်ဟိုင်းတက္ကသိုလ်၊ Macquarie တက္ကသိုလ်၊ Wollongong တက္ကသိုလ်၊ Western Sydney တက္ကသိုလ်၊ Newcastle တက္ကသိုလ် နဲ့ Griffith တက္ကသိုလ်တို့တွင် တက်ရောက်နိုင်ရန် အတွက် အင်္ဂလိပ်စာအဆင့် လိုအပ်ချက်များကို ပြည့်မီနိုင်မှာဖြစ်ပါတယ်။
AEC English Center ဟာ သြစတြေးလျမှာ နံပါတ်တစ်နေရာ၌ ရပ်တည်လျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ နှစ်ပေါင်း ၅၀ အောက်သက်တမ်းရှိ တက္ကသိုလ်ပေါင်း ၅၀ အနက် နံပါတ် ၁၄ အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။