အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားပြည်နယ် အလယ်ပိုင်း၊ စလီမန် (Sleman) မြို့ ၂ နေရာမှာ တရားမဝင် ရောင်းချတဲ့ အရက်တွေ သောက်ပြီးနောက် စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအများစုက ကျောင်းသားတွေဖြစ်ကြောင်း ဆလီမန် ရဲတပ်ဖွဲ့ အကြီးအကဲ ယူလီယန်တိုက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး အဲဒီလို သေဆုံးမှုတွေ ပေါ်ပေါက်ခဲ့တာပါ။ လူ ၂၂ ဦးကို သေဆုံးစေခဲ့တယ်လို့ ယူဆရတဲ့ အီသနော၊ ရေနှင့် သစ်သီးများ ရောစပ်ထားတဲ့ ချက်အရက်ရောင်းချသူ လင်မယားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ် လူ ၄ ဦး သေဆုံးစေခဲ့တဲ့ ချက်အရက်ရောင်းသူ တယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
၂၀၀၉ ခုနှစ်ကလည်း ဘာလီကျွန်းမှာ မက်သနော ရောစပ်ထားတဲ့ ဝိုင်ကို သောက်ပြီးနောက် နိုင်ငံခြားသား ၄ ဦး အပါအဝင် လူ ၂၅ ဦးလည်း သေဆုံးခဲ့ဖူးပါတယ်။
မနှစ်တုန်းက အရက်ရောင်းချတဲ့ ဆိုင်ငယ်တွေကို အင်ဒိုနီးရှားအစိုးရက ပိတ်ပင်ခဲ့တဲ့အတွက် မှောင်ခိုဈေးကွက်ကနေ ဝယ်ယူအောင် တွန်းပို့လိုက်သလို ဖြစ်ခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်နေသူတွေက သတိပေးခဲ့ကြပါသေးတယ်။
ကိုးကား – AFP