အိန္ဒိယ နိုင်ငံမှာ အစိုးရက အပြာဇာတ်ကားတွေကို တားမြစ်လိုက်တဲ့အခါမှာ တတိုင်းပြည်လုံး ဆူဆူညံညံ ဖြစ်သွားပါတယ်။ ဘောလီးဝုဒ် နာမည်ကြီးတွေကနေ တွစ်တာ သုံးစွဲတဲ့ သာမန်လူတွေ အထိ ဒီလို ပိတ်ပင်ခြင်းကို အပြစ်တင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာကို မဆို ကြည့်တတ်ရင် တောက်ပတဲ့ အစိတ်အပိုင်းတခု ရှိပါတယ်။ အဲဒီလိုပါပဲ လူတွေက ဒါတွေကို မကြည့်ရလို့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားလို့ စိုးရိမ်နေချိန်မှာ တခြားဘက်မှာ ညစ်ညမ်းရုပ်ရှင်တွေ၊ ရုပ်ပုံတွေ ကြောင့် ကိုယ့်ရဲ့ဘဝကို ထိခိုက်စေမယ့် အကြောင်း အရာတွေလျော့ကျသွားတာတွေလည်း ရှိပါတယ်။ အပြာကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ခြင်းကြောင့် ကြုံတွေလာရနိုင်တာတွေကတော့ ….
အပြာ ရုပ်ရှင်တွေက ဦးနှောက်မှာ စွဲလမ်းမှုတွေ တိုးလာအောင် လွှမ်းမိုးနိုင်ပါတယ်
မစွဲလမ်း အပ်တဲ့ တစုံတရာ (မူးယစ်ဆေး၊ အရက်၊ ညစ်ညမ်းရုပ်ရှင်) ကို စွဲလမ်းမှုရှိနေသူတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် ရွက် မှုတွေကို ပြောင်းလဲသွားစေတယ်လို့ လေ့လာမှုတွေက တွေ့ရှိခဲ့ရပါတယ်။ အပြာရုပ်ရှင်ကြည့်တာကို စွဲလမ်း သူတွေ ဟာ ဒါကို ဖြတ်နိုင်ဖို့ အတွက် မူးယစ်ဆေး စွဲသူတွေလိုပဲ ခက်ခဲမှုတွေရှိပါတယ်။ ပိုပြီး အရေးကြီးတာက စွဲလမ်းခြင်း က အလိုဆန္ဒနဲ့ တောင့်တမှုတွေကို ဖြစ်စေပြီးတော့ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ အကျိုးစီးပွားတွေကို ထိ ခိုက်စေပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းကြောင့် အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး ပြဿနာတွေရှိလာနိုင်ပါတယ်
အပြာကားတွေ အတွက် အမျိုးသား သရုပ်ဆောင်ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ပြီးတော့ ရွေးချယ်တာ မဟုတ်ပါဘူး။ တခုကိုပဲကြည့်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြာကားတွေ ဆက်တိုက်ကြည့်တဲ့ အမျိုးသား တွေဟာ သူတို့ ထက်ပိုကြီးတဲ့ သရုပ်ဆောင်တွေရဲ့ လိင်အင်္ဂါတွေကို ကြည့်ရင်း ကြည့်ရင်းနဲ့ သူတို့ကိုယ် သူတို့ သိမ်ငယ် စိတ်တွေ တဖြည်းဖြည်းနဲ့ ဝင်လာကြပါတယ်။ ဒါ့အပြင် အပြာကားတွေကို စွဲနေတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ အလုပ်ကို လျစ်လျူရှုလာကြတယ်၊ ပိုက်ဆံတွေပိုဖြုန်းလာကြတယ်၊ တခြားသူတွေနဲ့ ကင်းကွာလာကြတယ်ဆိုတာကို သု တေသီတွေ တွေ့ရှိခဲ့ရပါတယ်။ စိတ်ကျရောဂါနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေလည်း ဖြစ်နိုင်ပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းက အမှန်တကယ်မရှိတဲ့ ကမ္ဘာတခုထဲကိုရောက်သွားစေပါတယ်
အပြာရုပ်ရှင်ဆိုတာ အစစ်အမှန်မဟုတ်ပါဘူး။ ရုပ်ရှင်ကားတွေလိုပါပဲ အပြာကား သရုပ်ဆောင်တွေက သူတို့ သရုပ် ဆောင် တဲ့ ဇာတ်ကောင် စရိုက်ဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို အနည်းငယ်ပဲ ဂရုစိုက်ကြပါတယ်။ အပြာကား တိုင်း လိုလိုမှာ ဇာတ်ဆောင်တွေက စိတ်ခံစားမှုရဲ့ ကျေးကျွန်တွေ အဖြစ်နေထိုင်ပြကြပါတယ်။ အဲဒါတွေကို ကြည့်ဖန် များ လာတဲ့ အခါမှာ ကြည့်သူတွေဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် အားနည်းမှာကို စိုးရိမ်လာကြပါတယ်။
အပြာကားထဲက အမျိုးသား သရုပ်ဆောင်တွေက လိင်ဆက်ဆံချိန် ကြာမြင့်အောင်ထိန်းချုပ်ထားရတာ သူတို့အတွက် အ ခက်အခဲမရှိသလိုမျိုး သရုပ်ဆောင်ပြတတ်ကြပါတယ်။ သူတို့ ဆန္ဒရှိသလောက် ထိန်းချုပ် ထားနိုင်တဲ့ ပုံမျိုးပါပဲ။ ဒါပေမယ့် သိထားရမှာက ဒါတွေက ကြည့်ကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ အမှန်တကယ်လက်တွေ့နဲ့ လုံး၀ ကွာခြားမှု ရှိ မှာ အသေအချာပါပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက အဲဒါကို တကယ်ထင်ပြီးတော့ အပြင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာစေတာပါပဲ။ အဲဒါက စုံတွဲတွေ၊ လင်မယားတွေကြားထဲက ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ နောက် ပိုင်းမှာ ကိုယ့်မှာရှိတဲ့ ဆက်ဆံရေးအပေါ် ကျေနပ်နှစ်သိမ့်မှုမရှိတာ တွေ ဖြစ်လာနိုင်ပါတယ်။
အပြင်က အမျိုးသမီးတွေနဲ့ အပြာရုပ်ရှင်ထဲက အမျိုးသမီးတွေ မတူပါဘူး
အပြာကားတွေထဲက အမျိုးသမီး သရုပ်ဆောင်တွေက ကြည့်ရှု့သူတွေရဲ့ စိတ်ကို နှိုးဆွလှုံ့ဆော်ပေးနိုင်ဖို့ လေ့ကျင့်ထားသူ တွေ ဖြစ်ပါတယ်။ တကယ့်အပြင်မှာ တွေ့ဖူးတဲ့ အမျိုးသမီးတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပြီးတော့ ပိုပြီး ကြည့်ကောင်းနေ တတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမှာက အပြာကားတွေဟာ သရုပ်ဆောင် အမျိုးသမီးတွေကို ကြည့်ရှု့သူ အမျိုး သားတွေ စွဲမက်စေဖို့ ဦးတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမျိုးသမီးမျိုး၊ သူတို့တွေ သရုပ်ဆောင် ပြသလိုမျိုးကို လက်တွေ့ အပြင်မှာ တွေ့နိုင်မယ် မဟုတ်ပါဘူး။ လက်တွေ့ ဘဝမှာ ကိုယ့်ရဲ့ ချစ်သူ သို့ မဟုတ် အိမ်ထောင်ဖက်ဟာ အပြာကားထဲက အမျိုး သမီး သရုပ်ဆောင်တွေလို တုန့်ပြန်ကြမှာ မဟုတ်ပါဘူး။
အပြာရုပ်ရှင်တွေက ကြိုတင်ကာကွယ်မှုတွေကို ဂရုမစိုက်တတ်တဲ့ အလေ့အကျင့်ကို ပေးပါတယ်
သူတို့က ပဋိသန္ဓေတားဆီးဖို့ကို ဂရုမစိုက်ပါဘူး။ လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ တခြား လူမှု ရေး အရှုပ်အထွေးကိစ္စတွေကိုလည်း ထည့်မတွက်ပါဘူး။ ဒီလို အဆင်အခြင် ကင်းမဲ့မှုက စွဲစွဲလမ်းလမ်း ကြည့်ရှုသူတွေကို လည်း ကူး စက်ပြီးတော့ သူတို့ရဲ့ လက်တွေ့ လိင်မှုဘဝမှာလည်း အလားတူလုပ်လာတတ်ပါတယ်။
အပြာရုပ်ရှင်တွေက လက်တွေ့ လိင်ဆက်ဆံမှုဘဝကိုလည်း ထိခိုက်စေပါတယ်
အပြာကားတွေထဲမှာ အစစ်အမှန်မဟုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ လိင်ဆက်ဆံပြကြပါတယ်။ ဒါတွေကို ကြည့်ရင်းနဲ့ မြင်သား ကျလာတဲ့ အခါ လက်တွေ့လုပ်ရင် ပြဿနာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြာကားတွေက ကြည့်ကောင်းရုံ သက်သက်ရိုက်ပြကြတာဖြစ်ပါတယ်။ လက်တွေ့မှာ အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် အဲဒါတွေရဲ့ လွှမ်းမိုးမှုကြောင့် မိမိရဲ့ ပုံ မှန် လိင်ဆက်ဆံမှု ပုံစံကိုလည်း ပျင်းရိငြီးငွေ့လာစေနိုင်ပါတယ်။
မိမိရဲ့ လိင်ဆက်ဆံမှုဘဝမှာလည်း ရင်းနှီးမှုတွေ ပျောက်ဆုံးသွားစေနိုင်ပါတယ်
စိတ်ကျေနပ်စရာ အကောင်းဆုံး လိင်ဆက်ဆံခြင်းမှာ အမှန်တကယ် ဆက်ဆံမှုမပြုလုပ်ခင် ကြိုတင် နှိုးဆွမှုတွေ၊ ထိတွေ့ မှုတွေ ပါဝင်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အပြာကားတွေမှာတော့ အားလုံးက အဲဒီကိစ္စအတွက် အမြဲတမ်း အသင့်ဖြစ် နေ တတ်ကြပါတယ်။ ဒါကြောင့် အပြာကားတွေကိုပဲ စွဲစွဲလမ်းလမ်းကြည့်နေသူ တယောက်အနေနဲ့ သူ့ရဲ့ အဖော်ကလည်း ရမ္မက်ဆန္ဒ တွေ အလို အလျောက် နိုးကြားလာမယ်လို့ ထင်တတ်ကြတဲ့ အတွက် ကိုယ့်ရဲ့သာယာမှုကိုသာ ကြည့်တတ်လာ ပြီး သူတပါးရဲ့ သာယာမှုကို ထည့်မတွက်တဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။
အပြာကားကြည့်ခြင်းကို စွဲလမ်းခြင်းက အကြမ်းဖက် ရမ်းကားမှုတွေကို ပြုမိစေပါတယ်
အပြာ ရုပ်ရှင်ကားတွေကြည့်သူတွေဟာ လိင်ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ အဖော်ကို ကြမ်းတမ်းစွာပြုမူကြတယ်လို့ တော့ တိုက်ရိုက် မဆိုနိုင်ပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ အကြမ်းဖက်ရယူမှုတွေပြု တတ်ကြတယ်လို့ ပြောရင်လည်း မမှားနိုင် ပါ ဘူး။ ကြည့်ထားတဲ့ ဇာတ်လမ်းတွေ၊ အကြောင်းအရာတွေရဲ့ လှုံ့ဆော်မှုကြောင့် သည်းခံနိုင်စွမ်း မရှိတော့ဘဲ အခွင့် အရေး ရတဲ့ အချိန်မှာ သူတို့လိုချင်တာကို ဖြစ်တဲ့ နည်းနဲ့ ရယူချင်လာကြပါတယ်။