ဖေဖော်ဝါရီလထဲမှာ အားလပ်ရက်၊ ရုံးပိတ်ရက်က ၃ ရက် ဆက်တိုက်ပါပဲ။ အဲဒီ ရက်တွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ (ခေါ်) ပင်လုံစာချုပ် ချုပ်တဲ့နေ့၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ချစ်သူများနေ့ (Valentines’ Day) တွေပဲ ဖြစ်ပါတယ်။
ဒီတပတ် အားလပ်ရက် ၃ ရက်မှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ ဆိုင်ကောင်းကောင်းတွေမှာ သွားစားချင်သူတွေအတွက် Foodie Guide ကနေတဆင့် ဧရာဝတီအနေနဲ့ ရွေးချယ် ညွှန်းပေးချင်တဲ့ Valentines’ Day Special Discount ပေးတဲ့ စားသောက်ဆိုင် တချို့ကို ဖော်ပြလိုက်ပါတယ်။
YKKO
ရရှိနိုင်မယ့်နေရာ – YKKO ဆိုင်အားလုံး (ဈေးနှုန်း – ကျပ် ၁ သောင်းခွဲ)
YKKO ဆိုင်တိုင်းမှာ ငွေကျပ် တသောင်းခွဲဖိုး အထက် စားသုံးပါက ချစ်သူများအတွက် ကံစမ်းမဲ အဝိုင်းလှည့်ရွှေ့ ဗလာမပါ ဖောက်ပေးမှာ ဖြစ်ပါတယ်။ လက်ဆောင်လေးတွေ ကတော့ ချစ်သူနဲ့ ဆင်တူ အသုံးပြုခွင့်ရနိုင်မယ့် စုံတွဲဒိုင်ယာရီစာအုပ်၊ Discount Gift Voucher လေးများနဲ့ Gift Coupon လေးများ ဖြစ်ပါတယ်။
Lotteria
ရရှိနိုင်မည့်နေရာ – Lotteria ဆိုင်အားလုံး (ဈေးနှုန်း – ကျပ် ၅၀၀၀)
Lotteria ဆိုင်အားလုံးမှာ ကျပ် ၅ ထောင်နဲ့အထက် ဝယ်ယူသူတိုင်းကို ခေါင်းအုံးစွတ် လှလှလေးတွေကို ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်။
Swensen
ရရှိနိုင်မည့် နေရာ – Swensen ဆိုင်အားလုံး (ဈေးနှုန်း – ကျပ် ၅၂၀၀)
Swensen ဆိုင်တွေမှာတော့ Strawberry Nutella Waffle Sundae လို့ ခေါ်တဲ့ ဝေဖာကို Nutella ဆမ်း၊ စတော်ဘယ်ရီ ရေခဲမုန့် နှစ်လုံးပါ Sundae ကိုချစ်သူများအတွက် ချစ်သူများနေ့မှာ အထူးရောင်းချ ပေးမှာဖြစ်ပါတယ်။
Pizza Hut
ရရှိနိုင်မည့် နေရာ – အမှတ် ၄၀၃/အေ၊ ဓမ္မစေတီလမ်းနှင့် ရွှေတောင်ကြားလမ်း၊ ဗဟန်း။ (ဈေးနှုန်း – Set A – ကျပ် ၂၂၀၀၀, Set B – ကျပ် ၃၃၀၀၀)
ချစ်သူများနေ့အတွက် အထူးအနေဖြင့် Combo Set Menu နှစ်မျိုးကို ရောင်းချမှာ ဖြစ်ပါတယ်။ ပထမ Set ကတော့ နှစ်ယောက်စား အသည်းပုံပီဇာ (မိမိကြိုက်နှစ်သက်ရာ Topping)၊ အအေးနှစ်ခွက် နှင့် ဝက်သား Pasta တပွဲကို ၂၂၀၀၀ ကျပ်၊ ဒုတိယ Set က ၄ ယောက်စား၊ အအေး ၄ ခွက်၊ အသည်းပုံပီဇာ (မိမိကြိုက် နှစ်သက်ရာ Topping)၊ Garlic Bread ခေါ် ပေါင်မုန့် ၆ ခု၊ ပင်လယ်စာ စပါဂက်တီ တပွဲ၊ အသားလုံး စပါဂက်တီ တပွဲ ၃၃၀၀၀ ကျပ် နဲ့ သုံးဆောင်နိုင်ပါတယ်။
The Manhattan Fish Market
ရရှိနိုင်မည့် နေရာ – ကမ်းနားလမ်း၊ ၄၁ လမ်းထောင့်၊ အမှတ် ၄၄။၄၅၊ မြေညီထပ်၊ M.M.G. Tower (ဈေးနှုန်း ၁၈၉၅၀ ကျပ်)
ပုံမှန် စားသုံးနေကျ ၂၄၉၀၀ ကျပ် ကုန်ကျမယ့် Set တခုကို ၁၈၉၅၀ ကျပ်နဲ့ ချစ်သူများ နေ့မှာ သီးသန့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီ Set မှာ ပါဝင်တာကတော့ Shrimp Aglio Olio, Spicy Baked Fish, Chicken of Liberty နှင့် Manhattan Fish n’ Chips Dory တို့မှ ကြိုက်နှစ်သက်ရာ ၂ ပွဲ၊ Side Dish များအဖြစ် Soup of the Day ၂ ပွဲ သို့မဟုတ် House Salad ၂ ပွဲ၊ အအေး ၂ ခွက် အပြင် Tuscan Tiramisu ခေါ် ကော်ဖီအရသာနှင့် ကိတ်မုန့်တို့ပဲ ဖြစ်ပါတယ်။
ရှမ်းရိုးရာ
ရရှိနိုင်မည့် နေရာ – အမှတ် (၁၆၉)၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ် (ဈေးနှုန်း – ၁၅၀၀၀ ကျပ်)
ရှမ်းရိုးရာကတော့ ချစ်သူများနေ့ အတွက် သီးသန့် မဟုတ်ပေမယ့် သူ့ရဲ့ ဖေဖော်ဝါရီလ Set Menu လေးက အဲဒီနေ့ အတွက် သင့်တော်မယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်တာတွေကတော့ ခရမ်းသီး ဆန်လှော် ဟင်းချို၊ လွိုင်ဆမ်ဆစ် ကြက်သား၊ ရုံးပတီသီးကြော်၊ တိုဟူးအုံ၊ ဂေါ်ရခါးသီးကြော်၊ ထမင်းဖြူ နှင့် လက်ဖက်ရည်ကို ၁၅၀၀၀ ကျပ်နဲ့ ရရှိနိုင်ပါတယ်။
စားသောက်ဆိုင်နဲ့ အစားအသောက်မျိုးစုံကို ကဏ္ဍအစုံအလင်နဲ့ သိချင်တယ်၊ ဖတ်ရှုချင်တယ် ဆိုရင် Foodie Myanmar Application ကို ဒေါင်းလုဒ် ဆွဲထားပြီး အသုံးပြုနိုင်ပါတယ်။
http://bit.ly/InstallFoodieMyanmarOnAndroid