အမျိုးသားတွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ လိင်စိတ်က ရိုးရိုးရှင်းရှင်းပဲလို့ အမျိုးသမီးအများစုက ယူဆထားကြပါတယ်။ ဒါပေမယ့် တကယ်တော့ မျက်လုံးနဲ့ မြင်နိုင်တာထက်ပိုတာတွေ ရှိနေပါသေးတယ်။ တကယ်လို့ အမျိုးသမီး တယောက်က အမျိုးသားတယောက်အပေါ် လွှမ်းမိုးနိုင်တဲ့ ချစ်သူဖြစ်ချင်ရင်၊ သူ့ရဲ့ ပျော်ရွှင်မှုကိုပေးစွမ်းချင်ရင် အမျိုးသားတွေရဲ့ ခန္ဓာဗေ နဲ့ အဓိက ကျတဲ့ အချက်တွေကို သိထားရမှာ ဖြစ်ပါတယ်။ မျှတစွာပြောရမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အ ကြောင်း ကို နားလည်ဖို့ကလည်း လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အမျိုးသား အများစုအနေနဲ့ အချိန်ပေးပြီးလေ့လာနေကြ ရဆဲ ဖြစ်ပါတယ်။
အမျိုးသားတွေရဲ့ကိုယ်ခန္ဓာနဲ့ ပတ်သက်လို့ အမျိုးသမီးတွေ သိသင့်တဲ့ အချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကလေးရလာတဲ့ အချိန်မှာ အမျိုးသား ဟိုမုန်း (testosterone) ထုတ်လုပ်မှုကျဆင်းသွားတတ်ပါတယ်။ အဲဒါကြောင့် ရန်လိုမှုတွေ လျော့ကျသွားတတ်သလို လိင်စိတ်ဆန္ဒလည်း နည်းပါးသွားတတ်ပါတယ်။
(၂) အမျိုးသားအများအပြားဟာ ငယ်စဉ်ကထဲက လိင်တံရဲ့ထိပ်အရေပြားဖြတ်ခြင်းကို ဘာသာရေး အရဖြစ်စေ၊ ကျန်းမာရေး အရဖြစ်စေ လုပ်လေ့ရှိပါတယ်။ တချို့တွေက အရေပြား ဖြတ်မထားတဲ့ လိင်တံဟာ ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများတယ်လို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားကို ဖြတ်တောက်ဖယ်ရှားခြင်း ပြုမထားရင် သန့်ရှင်းဖို့ ခက်ခဲပြီး ဘက်တီးရီးယားတွေ ခိုအောင်းနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အရေပြားဖြတ်လိုက်ရင် နာ့ဗ်ကြောအချို့ ရဲ့ အဆုံးပိုင်းတွေပါသွားပြီး လိင်ဆက်ဆံတဲ့ အခါမှာ သာယာမှုကိုလျော့ကျစေပါတယ်။ ကမ္ဘာပေါ်က အမျိုးသား ၅၀ ရာခိုင်နှုန်း လောက်က အရေပြား မဖြတ်ကြပါဘူး။
(၃) အမျိုးသားတွေမှာလည်း အမျိုးသမီးတွေရဲ့ clitoris လို့ခေါ်တဲ့ အစေ့နဲ့ အလားတူတဲ့နေရာရှိပါတယ်။ အဲဒါကို frenulum လို့ခေါ်ပြီးတော့ အမျိုးသား လိင်တံထိပ်ဖူးရဲ့ အောက်ခြေပိုင်းမှာ ရှိပါတယ်။ တိတိကျကျပြောရရင် လိင်တံ ထိပ်ဖူးနဲ့ အရေပြား ဆက်နေတဲ့ နေရာဖြစ်ပါတယ်။ အာရုံခံစားမှုအပေါ် တုန့်ပြန်မှု အလွန်ကောင်းတဲ့ နေရာဖြစ်ပါတယ်။ တကယ်လို့ အမျိုးသားတယောက်က လိင်တံထိပ်အရေပြားကို ဖြတ်ထားမယ်ဆိုရင် သူ့ရဲ့ frenulum က လိင်ဆက်ဆံ တဲ့ အခါမှာ သာယာမှုကိုပေးနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။ အရေပြားဖြတ်မထားရင်တော့ သူက လိင်တံ ထိပ်ဖူးနဲ့ ဆက်နေပါ တယ်။
(၄) အမျိုးသားတွေရဲ့ ဝှေးစေ့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သုက်ရည်ကို ကိုယ်ခန္ဓာအပူချိန်ထက် နိမ့်တဲ့ အပူချိန်မှာ ထိန်းသိမ်းပေးထားလို့ ဖြစ်ပါတယ်။ သုက်ရည် ထုတ်လုပ်ဖို့ရော သိုလှောင်ဖို့အတွက်ပါ အဆင်ပြေတဲ့ အပူချိန် ကို သူကဖန်တီးပေးပါတယ်။ ဒီနေရာကို ထိတွေ့လှုံ့ဆော်ပေးတာကို အမျိုးသား အများစုက သဘောကျ ကြပါတယ်။
(၅) လိင်တံ အရွယ်အစားက အရေးမကြီးပါဘူး။ ပုံမှန်အနေအထား (တင်းမာခြင်းမရှိသေးတဲ့) မှာရှိတဲ့ လိင်တံရဲ့ ပျမ်းမျှ အ ရှည်က ၃ လက်မ ကနေ ၄လက်မ အတွင်းမှာ ရှိပြီးတော့ တင်းမာလာတဲ့ အချိန်ဆိုရင်တော့ ပျမ်းမျှ ၅ လက်မကနေ ၇လက်မ အတွင်းရှိတတ်ပါတယ်။ ဒါပေမယ့် အရွယ်အစားဆိုတာ ကိန်းဂဏန်းတခုသာဖြစ်ပြီးတော့ အမျိုးသား တယောက် ရဲ့ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို ပိုင်းဖြတ် မပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ ချစ်သူ အိမ်ထောင်ဘက်ကို ကျေနပ်နှစ်သိမ့်မှုပေး ချင်တဲ့ အမျိုးသားတယောက်ဟာ အမျိုးသမီးရဲ့ လိုအပ်ချက်နဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို နားလည်နိုင်ဖို့ပဲ လိုအပ်ပါတယ်။
(၆) လိင်ဆက်ဆံမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(၇) အမျိုးသားတွေကလည်း သူတို့ရဲ့ ရုပ်ရည်နဲ့ အသွင်အပြင်အတွက် စိုးရိမ်တတ်ကြပါတယ်။ အမျိုးသမီးတွေပဲ အလှကြိုက်ကြတာ ကြည့်ကောင်းချင်ကြတာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်လို အမျိုးသား အများစုက six-pack လို့ခေါ်တဲ့ ကြွက်သားတွေ ရှိချင်တတ်ကြတဲ့ အခါမျိုးမှာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရနိုင်ဖို့ အမျိုးသမီး တွေက ကူညီပေးသင့်ပါတယ်။
Source: everydayhealth.com