ပါကစ္စတန် ရေတပ် ဖရီဂိတ် သင်္ဘော F-22P Zulfiquar ကို ပြန်ပေးဆွဲကာ အမေရိကန်ရေတပ် လောင်စာဆီတင်သင်္ဘောကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ပါကစ္စတန် ရေတပ်အရာရှိ ၅ ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း Daily Pakistan သတင်းကဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက အဆိုပါ အရာရှိတစုဟာ အာရေဗျပင်လယ်ကမ်းရိုးတန်းရှိ ကရာချိ ရေတပ်သင်္ဘောကျင်းက F-22P ဖရီဂိတ် စစ်သင်္ဘောတစီးကို ပြန်ပေးဆွဲပြီး အမေရိကန် စစ်သင်္ဘောကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ခြင်းဖြစ်ပြီး၊ သူတို့က အစ္စလမ်အစွန်းရောက်ဝါဒီ IS အဖွဲ့နဲ့ အချိတ်အဆက်ရှိသူတွေလို့ သိရပါတယ်။ သူတို့ကို
အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ လက်နက်ကိုင် ပုန်ကန်မှု တို့နဲ့ တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်ရန် ကြံစည်မှုတွင် လုံခြုံရေးအရာရှိများနှင့် တိုက်ပွဲဖြစ်ပွားရာ ယင်းကြံစည်မှုတွင် ပါဝင်သူ အရာရှိ ၂ ဦးသေဆုံးကာ ၄ ဦးအဖမ်းခံခဲ့ရပါတယ်။