မော်ဒယ်က ပြည်တွင်းမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ် Toyotaရဲ့ မော်ဒယ်ဖြစ်သလို ၂၀၀၀ပြည့်နှစ် လောက် ကတည်းက ပြည်တွင်းမှာ လူကြိုက်များနေခဲ့ပြီးသား မော်ဒယ်ပါ။ ဒါပေမယ့် ၂၀၀၅ခုနှစ်နဲ့ နောက်ပိုင်း မှာ မော်ဒယ်ရဲ့ နည်းပညာအဆင့်မြင့် ထုတ်လုပ်နိုင်မှု အားနည်းသွားတာကြောင့် ဈေးကွက်မှာ လူကြိုက်နည်း သွားပြီး သူ့အစား Alphardလို မော်ဒယ်တွေ နေရာရလာတာ တွေ့ရပါတယ်။
ဒီနေ့ ပြည်တွင်းမှာလည်း Hiaceဆိုရင် ဦးစားပေး အကြိုက်ဆုံး မော်ဒယ်မဟုတ်တော့ဘဲ Alphardကို လူပိုကြိုက် တာ တွေ့ရပါတယ်။ ဒါကလည်း သူ့ အသုံးနဲ့သူ မှန်ကန်အောင် ရွေးချယ်မယ် ဆိုရင်တော့ Hiace မှာလည်း သဘောကျစရာ အချက်တွေ ရှိနေပါတယ်။ အလွယ်ဆုံး ပြောရမယ် ဆိုရင်ပဲ အတွင်းခန်း ကျယ်ဝန်းမှု၊ ဈေးနှုန်းနဲ့ ခရီးဝေး မောင်းနှင်နိုင်မှုတွေက Hiaceရဲ့ သဘောကျစရာ အားသာချက်တွေပါ။ Alphard ဆိုတာ ကတော့ ဇိမ်ခံ မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဈေးလည်း မြောက်ပါတယ်။
ဒါဆို Hiaceကို ဘယ်နေရာတွေမှာ အကောင်းဆုံး သုံးနိုင်ပါ့မလဲ။ အသေးစား ကားအငှားလုပ်ငန်းတွေ၊ မိသားစုလိုက် အပျော်ခရီးထွက်တတ်သူတွေ၊ လုပ်ငန်းတွင်း ခရီးဝေး သွားရတဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။
စွမ်းဆောင်ရည်ခြင်း သိပ်မကွာပေမယ့် အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းတွေကို Alphard သုံးမယ်ဆို အဆင်မပြေပါဘူး။ အဓိကအနေနဲ့တော့ ဈေးနှုန်းကြောင့်ပါ။ Alphardက လုပ်ငန်းသုံး အနေနဲ့ သုံးမယ် ဆိုရင် ဈေးနှုန်းနဲ့တင် သုံးဖို့ ပြေမှာ မဟုတ်ပါဘူး။ နောက်ထပ် Hiaceရဲ့ အားသာချက် တစ်ခုက ရွေးချယ်နိုင်စရာ မော်ဒယ်နှစ် အများအပြား ဈေးကွက်မှာ ရနိုင်နေတာပဲ ဖြစ်ပါတယ်။ Brand Newအနေနဲ့ လိုချင်တယ် ဆိုရင်လည်း Toyotaအရောင်းပြခန်းမှာ ရနိုင်နေသေးတယ်။ ဒါမှမဟုတ် ပြင်ပ ဈေးကွက်မှာ ဆိုရင်လည်း ၂၀၀၅ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်ကနေ ၂၀၁၁ခုနှစ်ထုတ် ထိအောင် အဆင့်မြင့် မော်ဒယ်တွေကို ရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း ၁၉၉၇ခုနှစ်ဝန်းကျင်ထုတ် Hiaceကိုလည်း ဈေးချိုချိုနဲ့ ရနိုင်တာတွေက Alphardထက် ရွေးချယ်စရာ ပိုများနေစေတာပါ။
တပ်ဆင် အင်ဂျင်က ၂ဒသမ ၅လီတာသုံး အင်ဂျင်တွေပဲ ဖြစ်ပြီး သူက ဖျော်ဖြေရေးနဲ့ အကူစနစ်တွေထက် လိုက်ပါ ခရီးသည် အရေအတွက် များများကို ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်အောင် ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။
မောင်းနှင်ပြီး ကီလို ၈သောင်းလောက်နဲ့ကိုပဲ ရနိုင်ပြီး Autoစနစ်နဲ့ သွားမယ်၊ ညာမောင်း ဖြစ်မယ်၊ Gasoline သုံးမယ်၊ Keylessစနစ်နဲ့ ရမယ်၊ အသက်ကယ် လေအိတ်စနစ်ပါရှိမယ်၊ အတွင်းခန်း တပ်ဆင် ပစ္စည်း Original အနေနဲ့ အပြည့်အစုံပါရှိမယ်၊ တကယ်လို့ TV/DVDတွေက သုံးရတာ နိမ့်နေလို့ ပြန်ထည့်မယ် ဆိုရင် ဒီလောက် ကြီး ထပ်ကုန်စရာ မရှိပါဘူး၊ ပြီးတော့ လူကြိုက်များပြီးသား အဖြူရောင် အနေနဲ့လည်း ရနိုင်ပြီး အရောင်ကြောင့် ဈေးစကား သိပ်မပြောတာ တစ်ချက်လည်း ကောင်းပါတယ်။
၂၀၀၅ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေကိုတော့ ပျမ်းမျှ ၂၈၅သိန်းလောက် ဈေးခေါ်ပေမယ့် Alphardတွေလည်း ရှိနေတယ်၊ မော်ဒယ်မြင့်တွေလည်း ရနိုင်နေတာကြောင့် ဈေးမမာပါဘူး။ အကျဘက်မှာ ရှိနေသလို တကယ်လို့ ပျမ်းမျှ ကီလို ၈သောင်းနဲ့ အထက်ဖြစ်နေမယ် ဆိုရင်လည်း ဈေးပိုချိုသွားနိုင်ပါတယ်။ ပြီးတော့ အဖြူရောင်ကလွဲရင်လည်း ဈေးပျော့တတ်ပါတယ်။ ၂၀၁၁ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ ဆိုရင်တော့ Smart Keyနဲ့ပါ ရလာနိုင်ပြီး သိန်း ၃၇၀လောက်ထိ ခေါ်ဈေးရှိပါတယ်။
သူတို့ကတော့ မော်ဒယ်မြင့်တာကြောင့် ဈေးမာချင်ပါတယ်။ အဖြူနဲ့လည်း ရနိုင်ပေမယ့် ငွေရောင်တွေ ပါလာတတ်ပြီး ဈေးက အကျဘက်မှာ မရှိတတ်ပါဘူး။