“အချိန်နဲ့ ဒီရေသည် လူကိုမစောင့်” ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ပိုပြီး အရေးပါလာသလိုပါပဲ။ လူတိုင်းက ကိုယ်ရရှိထားတဲ့ ၂၄ နာရီ တရက် အချိန်ကို အသည်းအသန် အသုံးချနေကြရတာပါ။ ကျောင်းသား၊ ကျောင်းသူတွေဆိုလည်း ကျောင်းချိန်၊ ကျူရှင်ချိန်၊ စာကျက်ချိန်တွေကို အချိန်မီ ပြေးလွှားနေကြရ၊ ရုံးသမား၊ အလုပ်သမားတွေလည်း ဒီလိုပါပဲ။
မြန်မာပြည်ရဲ့ ကားလမ်းပိတ်မှု ပြဿနာနဲ့ ဆိုရင် ပိုလို့တောင် အချိန်ကို လေးစားမှ ဖြစ်ပါလိမ့်မယ်။
ဟိုးအရင် နာရီတွေ မပေါ်ခင်တုန်းကတော့ လူတွေက နေကိုကြည့်ပြီး အချိန်ကို သတ်မှတ်ခဲ့ကြတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ခေတ်တွေအမျိုးမျိုးပြောင်းလာတာနဲ့အမျှ အချိန်ကို သတ်မှတ်ကြည့်ရှုနိုင်မယ့် နာရီဆိုတဲ့ အရာတခုဟာလည်း ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့တာပါ။ အဲဒီထဲကမှ သွားလေရာ တပါတည်းရှိနေမယ့် လက်မှာပတ်တဲ့ လက်ပတ်နာရီဆိုတာလည်း အမျိုးမျိုးပါပဲ။
လူတိုင်းမှာ လက်ပတ်နာရီ တလုံးကတော့ ရှိသင့်ပါတယ်။ မိန်းကလေး၊ ယောကျာ်လေး၊ လူကြီး၊ လူငယ် အရွယ်အားလုံးအတွက် အရေးပါတဲ့ မရှိမဖြစ် ပစ္စည်းတခုပါ။ ဖက်ရှင်တမျိုးဆိုလည်း မမှားပါဘူး။ အရင်ကတော့ နာရီကို ဒီဇိုင်းခပ်ရိုးရိုးတွေသာ အသုံးများပေမယ့် ခုခေတ်မှာတော့ ဒီဇိုင်းဆန်းတဲ့ နာရီတွေ၊ ယောကျာ်လေး တွေအတွက်ဆိုရင်လည်း စမတ်ကျတဲ့ ဒီဇိုင်းမျိုးတွေ ရှိနေပါပြီ။
အခုတခါ ဈေးနှုန်းသင့်တင့်တဲ့ နာရီ ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တယောက်တည်း အတွက်ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ဆင်တူဝတ်ဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် မိတ်ဆွေ တယောက်ယောက်ကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေပြီး သင့်တော်တဲ့ ပစ္စည်းတွေထဲမှာ နာရီလည်း အပါအဝင်ပါ။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း ဒီလို ဆင်တူ နာရီတွေကို သူငယ်ချင်း ဒါမှမဟုတ် ချစ်သူ ခင်သူတွေနဲ့ အတူ ဝတ်ဆင်ချင်တယ်ဆိုရင် အဆင်ပြေမယ်လို့ ယူဆပါတယ်။
“နာရီတွေက များသောအားဖြင့်တော့ တရုတ်နိုင်ငံထုတ်တွေ များပါတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့မြို့တွေ မတူညီတာကြောင့် ဒီဇိုင်းနဲ့အရည်အသွေးတွေတော့ ကွာတာပေါ့။ ရေစိုခံတယ်၊ ရေစိမ်တော့ မခံပါဘူး။ ဈေးနှုန်းတွေက ၂ လုံးတွဲ ဈေးနှုန်းတွေဖြစ်တာမို့လို့ တလုံးပဲခွဲယူရင်တော့ ထက်ဝက် ကျသင့်မှာပါ။ မီးပါတာလေးတွေကတော့ ညဖက်အတွက် LED မီးလုံးပေါ့” လို့ Fashion City က တာဝန်ရှိသူမှ ရှင်းပြပါတယ်။
ဒီ နာရီများကို Fashion City online shopping မှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။