၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗဲလ်ဆု ချီးမြှင့်ခံခဲ့ရသူကတော့ ကမ္ဘာကျော် အဆိုတော်၊ တေးရေးဆရာ ဘော့ဘ် ဒီလန် (Bob Dylan) ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘော့ဘ် ဒီလန်ကို အမေရိကန်နိုင်ငံ၊ မင်နီဆိုတာ ပြည်နယ်၊ ဒါးလတ်မှာ ၁၉၄၁ ခုနှစ်၊ မေ ၂၄ က မွေးဖွားခဲ့ပြီး အမည်ရင်းက အလန် ဇင်းမားမန်း (Allen Zimmerman) ဖြစ်ပါတယ်။
“လွတ်လပ်မှုနဲ့ အတူပါလာတဲ့ တာဝန်ယူ တာဝန်ခံမှုကို နားလည်တာဟာ သူရဲကောင်းပဲ” လို့ ပြောခဲ့ဖူးတဲ့ သူဟာ တက္ကသိုလ် တက်နေတဲ့ ကာလကတည်းက ဘော့ဘ် ဒီလန် ဆိုတဲ့ အမည်ကို ယူပြီး ကျေးလက် သီချင်းတွေ ရေးခဲ့တာပါ။
၁၉၆၁ ခုနှစ်က စပြီး အမေရိကန် ကျေးလက်ဂီတ လောက သမိုင်းတလျှောက် လွှမ်းမိုး အားကောင်းတဲ့ ထင်ရှားတဲ့ သီချင်းတွေ ရေးဖွဲ့ ဖန်တီးလာတဲ့ အထဲမှာဆိုရင် Blowin’ in the Wind နဲ့ The Times They Are a-Changin’ ဆိုတဲ့ သီချင်းတွေဟာ အမေရိကန် လူ့အခွင့်အရေးနဲ့ ပြည်တွင်းစစ် ဆန့်ကျင်ရေးတို့ အတွက် အထင်ကရ သီချင်းတွေပါ။
Blowing In The Wind သီချင်းကိုတော့ အဆိုတော်တူးတူးက ‘ချိုမြိန်ဒုက္ခ’ အမည်နဲ့ သံစဉ်ယူ သီဆိုထားတာ ရှိပါတယ်။