တကယ်တမ်း စျေးကွက်မှာ Q Series ကို လူကြိုက်များစေခဲ့တာ Q5 ကြောင့်ပါ။ ဒါပေမယ့် ကိုယ်ထည် အရွယ်အစား အနည်းငယ် ကြီးနေတာကြောင့် သူ့ထက် သေးငယ်ပြီး စွမ်းဆောင်ရည်လည်း မြင့်၊ မြို့တွင်းသုံးအတွက် ပိုပြီး အဆင်ပြေမယ့် Q3 ကို Audi က ထပ်ပြီး ပွဲထုတ်ပါတယ်။ အဲဒီကနေမှ ပုံမှန်ထက်ကိိုပဲ စွမ်းဆောင်ရည်မြင့်မားမယ့်၊ Sport တစီးလို စွမ်းဆောင်ရည်ပြနိုင်မယ့် RS တန်းဝင် Q3 ကို ဆက်လက် ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။
Drive Mode ရွေးချယ်မောင်းနှင်မှု အပိုင်းမှာ Noraml, Eco နဲ့ Sport တွေ အဖြစ် ခွဲခြားထားပြိီး အင်ဂျင် စွမ်းဆောင်ရည်ကို ပြောင်းလဲ မောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ Sport Mode က တောင်တက်လမ်း အတွက်ရော မြန်နှုန်းမြင့် မောင်းနှင်မှု အတွက်ပါ အထူးကောင်းမွန်တာ တွေ့နိုင်ပါတယ်။
စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်ဖြစ်လာတာကြောင့် ဆီစားနှုန်း ဒီလောက်ကြီး မချိုသာပေမယ့် Porsche ရဲ့ မော်ဒယ်တွေကိုပါ ယှဉ်နိုင်လောက်အောင် စွမ်းဆောင်ရည် အထူးကောင်းမွန်လာပါတယ်။ အတွင်းခန်းမှာ Display ပိုင်းနဲ့ Control ပိုင်းကို ခွဲခြားထားပြီး စနစ် နှစ်ခုလုံးက Touch နဲ့ သုံးနိုင်မှာပါ။
HDD စနစ်ကို အခြေခံထားတဲ့ Navigation စနစ်ကို သုံးချင်ပါသလား၊ ထည့်ချင်တယ်ဆိုရင် ဒေါ်လာ ၁၈၀၀ လောက်နဲ့ ထပ်ပေးရမှာပါ။ ဒါက ဝယ်ယူသူ့ စိတ်ကြိုက် ရွေးချယ်နိုင်မှုပါ။ ရှေ့ဖက်ထိုင်ခုံတွေကို လျှပ်စစ်စနစ်နဲ့ လုပ်ဆောင်မယ့် ထိုင်ခုံစနစ်တွေလည်း ရနိုင်ပြီး သူတို့က ဒေါ်လာ ၈၀၀ လောက်ရှိပါတယ်။
အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ မီးစနစ်က ပုံမှန် မီးအလင်း စနစ်ပဲ ဖြစ်ပြီးတော့ LED မီးစနစ်နဲ့ လိုချင်ရင်လည်း ရနိုင်တာ တွေ့ရပြီး Sunroof စနစ်ကိုလည်း Panoramic ပုံစံတွေ အဖြစ် ပြောင်းလဲ တပ်ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မှန်စနစ်ကိုပါ အပူပေးနိုင်မယ့် နောက်ထပ် အဆင့်မြင့် မှန်စနစ်လည်း ရနိုင်ပါသေးတယ်။ သူကတော့ မှန်တွေ အားလုံးကို လဲရမှာ မဟုတ်ဘဲ အပူပေးစနစ်ကလေး တခုပဲ ထည့်လိုက်ရမှာ ဖြစ်ကာ ဒေါ်လာ ၂၀၀ လောက်နဲ့ ရနိုင်ပါတယ်။
Transmission အပိုင်းမှာတော့ မော်ဒယ်က ဂီယာချက် ၇ ချက်နဲ့ Dual Clutch ဖြစ်ပါတယ်။ CVT နဲ့လည်း ရနိုင်ပြီး မြို့တွင်းသုံး မဟုတ်ရင်တော့ CVT ကို သိပ်မကြိုက်မိပါဘူး။ အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၃၀ နှုန်းကို အချိ်န် ၁.၉ စက္ကန့်တည်းနဲ့ ရောက်နိုင်မှာလည်း ဖြစ်သလို မိုင် ၆၀ နှုန်းကိုတော့ အချိန် ၅ စက္ကန့်် ယူမှာပါ။ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းဖြစ််တဲ့ တနာရီ မိုင် ၁၄၀ နှုန်းကို အချိန် ၃၂.၁ စက္ကန့်နဲ့ ရောက်ရှိမှာ ဖြစ်လို့ တစ်မိနစ် မကြာခင်မှာပဲ Top Speed ကို ခံစားရမှာပါ။
ရှေ့ဖက် အင်ဂျင်အထိုင် စနစ်နဲ့ ၂.၅ လီတာသုံး ၅ လုံးထိုး အင်ဂျင်ဖြစ်ပါတယ်။ အလူမီနီယမ်ကို ဦးစားပေး တည်ဆောက်ထားတဲ့ အင်ဂျင်တုံး ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မယ့် နှုန်းက တမိနစ်ကို အပတ်ရေ ၇၀၀၀ ထိအောင် ဖြစ်ပါတယ်။ အင်ဂျင်က ရုန်းအား အပိုင်းမှာ ၃၁၀ ပေါင်-ပေရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှု အပိုင်းမှာတော့ မြင်းကောင်ရေ ၃၀၆ ကောင် အားပါ။ အလေးချိန်နဲ့ စွမ်းအင် အချိုးကတော့ ကားရဲ့ အလေးချိန် တတန် အတွက် မြင်းကောင်ရေ ၁၈၅ ကောင်အား ဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကတော့ ပြိုင်ဖက်လို့ ဆိုနိုင်မယ့် BMW X3 တို့လို မော်ဒယ်တွေထက် အနည်းငယ် အားနည်းမှာ ဖြစ်ပေမယ့် စျေးနှုန်းအပိုင်းမှာတော့ ချိုသာပါလိမ့်မယ်။ ဆီစားနှုန်းက ဆီတဂါလံကို ပျမ်းမျှ ၂၇ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။
ဒါဆိုရင်တော့ မြန်နှုန်းမြင့် မောင်းနှင်နိုင်မယ့် ဇိမ်ခံ အသေးစား SUV မော်ဒယ်လိုချင်သူတွေ အတွက် စိတ်ဝင်စားစရာ မော်ဒယ်တခု မျက်စိရှေ့ရောက်လာတာ ဖြစ်တယ်လို့ ဆိုရမှာပါ။