ထွက်ရှိထားသမျှ ရုပ်ရှင်ကားတွေထဲကနေ ဘယ်ဇာတ်ကားတွေကို ကြောက်လန့်စရာအကောင်းဆုံးလို့ ယူဆပါသလဲ ဆိုတာကို ဗြိတိန်မှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။
The Exorcist ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ကြောက်လန့်စရာအကောင်းဆုံး ဇာတ်ကားအဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။
ဒီဇာတ်ကားကို ဗြိတိန်နိုင်ငံသား အယောက် ၂၀၀၀ ထဲကမှ ၂၄ ရာခိုင်နှုန်းက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဒီဇာတ်ကားဟာ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကြောက်လန့်စရာအကောင်းဆုံး ဇာတ်ကားတကားဖြစ်ပါတယ်။
ဒီ ဇာတ်ကားကို ဒါရိုက်တာ ဝီလီအမ် ဖရက်ကင်း က ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ နတ်ဆိုးဝင် အပူးခံရတဲ့ ၁၂ နှစ်အရွယ် ရီဂန်မက်နေး (Regan MacNeil) အကြောင်း ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး မဲပေးရွေးချယ်ထားတဲ့အထဲ ထိပ်ဆုံးစာရင်းမဝင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကား တချို့ကိုလည်း ဖော်ပြချင်ပါတယ်။
၁၉၉၇ မှာ သေဆုံးသွားခဲ့တဲ့ တော်ဝင်မင်းသမီး ဒိုင်ယာနာအကြောင်း ရိုက်ကူးထားတဲ့ Beyond the Grave က မဲ ၁၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန် ပရိသတ်က အဲလ်ဘတ် အိုင်းစတိုင်းနဲ့ အယ်လ်ဗစ် (Albert Einstein and Elvis) ဆိုတဲ့ ကားကို ၇ ရာခိုင်နှုန်း မဲပေးခဲ့ကြပါတယ်။
ဖရက်ဒီမာကျူရီ (Freddie Mercury)က ၆ ရာခိုင်နှုန်း၊ ဂျက်သည်ရစ်ပါး (Jack the Ripper) က ၅ ရာခိုင်နှုန်း၊ အဲ့ဒီနောက်မှာတော့ အဒေါ့ဖ်ဟစ်တလာ (Adolf Hitler), ဒေးဗစ်ဘိုဝီ (David Bowie)နဲ့ ဂျွန်လင်နွန် (John Lennon) စတဲ့ ဇာတ်ကားတွေကတော့ မဲ ၄ ရာခိုင်နှုန်းစီ ရရှိခဲ့ကြပါတယ်။
ကြောက်စရာအကောင်းဆုံးအဖြစ် မဲပေးရွေးချယ်ကြတဲ့ ထိပ်တန်း ဇာတ်ကား ၅ ကားကတော့
(၁) The Exorcist
(၂) The Shining
(၃) The Silence of the Lambs
(၄) The Blair witch Project
(၅) The Birds
Ref: The mirror