Lifestyle

နှစ်နိုင်ငံ ပူးပေါင်းဖျော်ဖြေ တင်ဆက်မယ့် ဂျပန်-မြန်မာ ပွဲတော် 2017

Want create site? Find Free WordPress Themes and plugins.

ဂျပန် – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရည်ရွယ်ပြီး ဂျပန်-မြန်မာ ပွဲတော် 2017 ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း Outdoor Complex မှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့၊ စနေနေ့ နေ့လည် ၁၂ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမယ့် အဆိုပါ ဂျပန်-မြန်မာ ပွဲတော် 2017 ဟာ ဝင်ကြေးအခမဲ့ပွဲတော်ဖြစ်ပြီး လူကြီး လူငယ်မရွေး ပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာ Stage အစီအစဉ်များအနေနဲ့ နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ၊ ဂျပန်-မြန်မာ ဒေသခံများပါဝင်မယ့် ယဉ်ကျေးမှုဖလှယ်ပွဲ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံမှ နာမည်ကြီး အနုပညာရှင်များရဲ့ ဖျော်ဖြေမှုများ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဂျပန်-မြန်မာ နှစ်နိုင်ငံမှ နာမည်ကြီး အနုပညာရှင်များရဲ့ ဖျော်ဖြေမှုအနေနဲ့ မနှစ်က ဂျပန်-မြန်မာ ပွဲတော် စင်မြင့်ကို ပိုမိုအရှိန်မြှင့်ပေးနိုင်ခဲ့တဲ့ ဂျပန်အနုပညာရှင် Hirahara Ayaka နဲ့အတူ မြန်မာနိုင်ငံမှ ထိပ်တန်းအနုပညာရှင် အဆိုတော် နီနီခင်ဇော်တို့ရဲ့ ပူးတွဲဖျော်ဖြေမှုကို ဒီနှစ်မှာလည်း တဖန်ပြန်လည် တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်ဖွား ဂျပန်လူမျိုး Morisaki Win ပါဝင်တဲ့ ဂျပန်နာမည်ကြီး Dance Vocal Unit Prizma X အဖွဲ့နဲ့ မြန်မာနိုင်ငံမှ နာမည်ကြီး လူငယ် အမျိုးသမီးပေါ့ပ် အဆိုတော် အမွန်းတို့ရဲ့ နာမည်ကြီး သီချင်းများကို ပူးတွဲတင်ဆက်မယ့် အစီအစဉ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။

ပွဲတော်အတွင်းမှာ ပါဝင်ဖျော်ဖြေကြမယ့် ဂျပန် အနုပညာရှင်များကတော့ အဆိုတော် Hirahara Ayaka၊ ဂျပန်နာမည်ကြီး Dance Vocal Unit အဖွဲ့PrizmaX နဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ Street Dance ပေါင်းစပ်ထားပြီး ကမ္ဘာ့အဆင့်အတန်းမီ တင်ဆက်ပေးမယ့် Dancer Performer များလည်း ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာအနုပညာရှင်များအနေနဲ့ကတော့ အဆိုတော် ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အမွန်း၊ သားစိုးနဲ့ Myanmar Idol အစီအစဉ်မှ တေးသံရှင် စောလားထော်ဝါးတို့ ပါဝင်ဖျော်ဖြေကြမယ်လို့ သိရပါတယ်။ အဆိုပါ ဂျပန်-မြန်မာ ပွဲတော် 2017 ကို ဂျပန်-မြန်မာ ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့မှ စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading