ဟိုးရှေးခေတ် နည်းပညာတွေ မထွန်းကားသေးတဲ့ အချိန်တုန်းက အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိ မရှိ/ဘယ်လို သိအောင်လုပ်ခဲ့ကြသလဲ ဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ နည်းလမ်း တခုခုတော့ ရှိနေပါလိမ့်မယ်။ အဲဒီတုန်းက အမျိုးသမီးတွေဟာ အိမ်သုံးပစ္စည်းတွေ သုံးပြီး ကိုယ်ဝန်ရှိမရှိ စမ်းသပ်ခဲ့ကြပါသတဲ့။
အခုခေတ်မှာ နည်းပညာတွေ တိုးတက်နေပြီ ဆိုပေမယ့် ကိုယ်ဝန် ရှိ/ မရှိ သိနိုင်ဖို့ ဆေးခန်းဆေးရုံ သွားရတဲ့ အလုပ်၊ ဆရာဝန်တွေ၊ နာ့စ်မတွေရဲ့ မွေးခွန်းတွေ ဖြေနေရတဲ့ အလုပ်တွေကို မိန်းကလေး အတော်များများ မလိုလားကြပါဘူး။ ဒါကြောင့် သင့်မှာ ကိုယ်ဝန် ရှိ/မရှိ သင့်အိမ်မှာရှိနေတဲ့ အိမ်သုံးပစ္စည်းတွေ သုံးပြီး သင်ကိုယ်တိုင် စမ်းသပ်နိုင်ဖို့ onlymyhealth.com မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေ ဖော်ပြပေး လိုက်ပါတယ်။
အစွန်းချွတ်ဆေးနဲ့ ကိုယ်ဝန် ရှိမရှိ စမ်းသပ်ခြင်း
အစွန်းချွတ်ဆေးကို မူလ အသုံးပြုကြတာက အဝတ်အစားတွေကို ဖြူစင်စေပြီး အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီ အစွန်းချွတ်ဆေးကိုပဲ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ရာမှာ သုံးနိုင်ပါတယ်။ အစွန်းချွတ်ဆေး ထည့်ထားတဲ့ ခွက်ထဲကို သင့်ရဲ့ ကျင်ငယ်ရေ ထည့်ပြီး စမ်းသပ်ရမှာ ဖြစ်တယ်။ တကယ်လို့ ရေမြှုပ်တွေလို အမြှုပ်တွေထလာတာ တွေ့ရင်တော့ သင်ကိုယ်ဝန် ရှိနေပါပြီ။ သတိပြုရမှာက ဒီ စမ်းသပ်ချက်ကို မွန်းလှောင်နေတဲ့ အခန်းထဲမှာ လုပ်ရမှာမဟုတ်ဘဲ လေဝင်လေထွက်ကောင်းတဲ့ နေရာဝန်းကျင်မှာ လုပ်ရမှာ ဆိုတာပဲ။
သွားတိုက်ဆေးနဲ့ ကိုယ်ဝန်ရှိမရှိ စမ်းသပ်ခြင်း
အိမ်တိုင်းသုံး လူတိုင်းသုံး ဖြစ်တာကြောင့် အလွယ်ဆုံး ရနိုင်တဲ့ သွားတိုက်ဆေးကို သုံးပြီး သင့်မှာ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်နိုင်ပါတယ်။ ယခင်က သက်ကြီးရွယ်အို အမျိုးသမီးတွေကြား လူသိများတဲ့ နည်းတမျိုး ဖြစ်တာကြောင့် ဖော်ပြပေးပါမယ်။ ကျင်ငယ်နဲ့ သွားတိုက်ဆေး ရောလိုက်တဲ့အခါ အမြှုပ်တွေ တစီစီတက်လာတယ်၊ ဒါမှမဟုတ် ပြာတာတာ အရောင်ကို တွေ့ရတယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။
Pine Sol ဘက်တီးရီးယား ကာကွယ်ဆေးရည်နဲ့ ကိုယ်ဝန် ရှိမရှိ စမ်းသပ်ခြင်း
အိမ်တွင်း အခန်းတွေ ပရိဘောဂတွေကို သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ပြီး၊ ချောဆီအဖြစ်လည်း အသုံးပြုနိုင်တဲ့ ထင်းရှူးဆီနဲ့ ပြုလုပ်ထားတဲ့ Pine Sol ဖြင့် ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်လို့ ရပါတယ်။ သင့်ရဲ့ကျင် ငယ်နဲ့ Pine Sol ကို ခွက်တခုထဲမှာ ရောထည့်လိုက်ပါ။ ပြီးတော့ အရောင် ပြောင်းလဲမှု ရှိ/ မရှိ စစ်ဆေးပါ။ အရောင်ပြောင်းတယ်ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပါပြီ။
ဒန်ဒယ်လီယွန် ရွက်များနဲ့ ကိုယ်ဝန်ကို စမ်းသပ်ခြင်း
ဒန်ဒယ်လီယွန် (အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျ အပင်တမျိုး)ရဲ့ အရွက်ကို ခြွေယူပြီး ပလပ်စတစ် အခင်းတခုပေါ် တင်ထားလိုက်ပါ။ နေရောင်နဲ့ တိုက်ရိုက်မထိပါစေနဲ့။ ပြီးတော့ အဲဒီ ဒန်ဒယ်လီယွန် အရွက်တွေကို ကျင်ငယ်ဖြင့် ထိတွေ့အောင်လုပ်ပါ။ ယင်း ကျင်ငယ်ရေနဲ့ အရွက်တွေကို ရွှဲရွှဲစိုနေပါစေ။ ဒန်ဒယ်လီယွန် အရွက်တွေကို ၁၀ မိနစ်ကြာ တကြိမ် စစ်ဆေးပါ။ အဲဒီလို စစ်ဆေးတဲ့အခါ အရွက်တွေပေါ်မှာ နီကြင်ကြင် ဖောင်းထလာတဲ့ အဖုအပေါက်လေးတွေကို ရှာဖွေပါ။ အဲဒီမှာ အဖုလေးတွေ တွေ့ရရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုတာ ပြပါတယ်။
အခု တင်ပြခဲ့တဲ့ နည်းစနစ်တွေက ကိုယ်ဝန်ဆောင်သူရဲ့ ကျင်ငယ်မှာ human chorionic gonadotropin (hCG) လို့ ခေါ်တဲ့ ဟော်မုန်း တမျိုးပါဝင်မှုနဲ့ စမ်းသပ်တာပါ။ ဘယ်လောက် တိကျမှု ရှိမယ် ဆိုတာတော့ သုံးစွဲတဲ့ အိမ်သုံး ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ သက်ဆိုင်နေတတ်သလို၊ စနစ်တကျ လုပ်ဆောင်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
သကြားနဲ့ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ခြင်း
သင့်မှာ ကိုယ်ဝန် ရှိ/မရှိ စမ်းသပ်ဖို့ သကြားကိုလည်း အသုံးပြု နိုင်ပါတယ်။ သကြားကို သုံးပြီး စမ်းသပ်မယ် ဆိုရင်တော့ မနက်စောစော အိမ်ရာနိုးနိုးချင်း ပထမဆုံး ပေါက်တဲ့ ကျင်ငယ်နဲ့ စမ်းသပ်ရမှာပါ။ စမ်းသပ်ပုံ စမ်းသပ်နည်းက ဒီလိုပါ။ ဇောက်နက်ခွက် တခု သို့မဟုတ် ဇလုံတခုကို ယူပါ၊ အဲဒီထဲကို သကြား နှစ်ဇွန်း သုံးဇွန်းလောက်ထည့်ပါ။ မနက် အိပ်ရာက နိုးနိုးချင်း ကျင်ငယ်သွားတဲ့အခါ အဲဒီထဲကို ပန်းထည့်လိုက်ပါ။ သကြားနဲ့ ကျင်ငယ် ဘယ်လို တုံ့ပြန်မှု ရှိသလဲ ဆိုတာ ကြည့်ပါ။ တကယ်လို့သာ သကြားက ကျင်ငယ်ထဲကို ပျော်ဝင်သွားတယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် မရှိပါဘူး။ ဒါပေမယ့် ကျင်ငယ်ထဲကို သကြားတွေ လွယ်လွယ်ကူကူ ပျော်ဝင်မသွားဘဲ သဏ္ဌာန်မမှန်တဲ့ ပုံတွေတွေ့ရမယ် ဆိုရင်တော့ သင့်မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာ ပြပါတယ်။
Ref: onlymyhealth.com