ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ယမန်နေ့က တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ သွားရောက် လေ့လာခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သက်ဆင် ရှင်နာဝပ်သည် ရန်ကုန်မြို့မှ တဆင့် ထားဝယ်မြို့ကို ကိုယ်ပိုင်လေယာဉ်နှင့် ရောက်ရှိလာပြီး ရေဖြူမြို့နယ်ရှိ နဘုလယ် ဒေသတွင် အခြေစိုက်ထားသည့် Italian-Thai Development (ITD) ကုမ္ပဏီရုံးတွင် တည တည်းခိုသွားကြောင်း ထားဝယ်မြို့ဒေ သခံ ဦးဖိုးဇော်က ဧရာဝတီသို့ ပြောသည်။
ယခုခရီးစဉ်နှင့် ပတ်သက်၍ မသိရှိရသော်လည်း ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ် ပတ် သက် ဖွယ်ရှိနိုင်ကြောင်း သက်ရှင် ဆင်နာဝပ်နှင့် ITDကုမ္ပဏီမှ တာဝန်ရှိများက ထားဝယ်ရေနက် ဆိပ်ကမ်း အနီးဝန်းကျင်ရှိ ကျွန်း များကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကြည့်ရတာက ပင်လယ်ထဲမှာ ရှိတဲ့ ကျွန်းတွေမှာ အပန်းဖြေ လုပ်ငန်းတွေ လုပ်ဖို့ ရည်ရွယ်ချက် ရှိနိုင်တယ်”ဟု ဦးဖိုးဇော်က ဆက် ပြောသည်။
သက်ဆင်ကို ITDကုမ္ပဏီမှ တာဝန်ရှိများသူများက လေဆိပ်တွင် လာရောက်ကြိုဆိုသွားသည်ဟု အကြိုအပို့ တာဝန်ယူပေးရသူ တဦးကလည်း ပြောပြသည်။
ထားဝယ် ဒေသခံတချို့၏အဆိုအရ သက်ဆင်သည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းရှိရာသို့ တတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းကလည်း သက်ဆင် ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်း စိန်နှင့်တွေ့ဆုံခဲ့ပြီး နောက်တခေါက် ထပ်လာရန် ဖိတ်ကြားကြောင်း၊ သက်ဆင်ကို စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်ရဲမွဲတေမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ ဟောပြောပို့ချပေးရန် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆင်အနေနှင့် ထိုင်းဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံတွင် ထိုစဉ်က အာဏာရယူထားသည့် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေး လုပ်ငန်းတွင် ငွေ အလုံး အရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
သတင်းများအရ ၂၀၀၄ ခုနှစ်တွင် ထိုင်း အစိုးရက ယခင် မြန်မာ စစ်အစိုးရအာဏာပိုင်များကို ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင် ရွက်ရန် အမေရိကန် ဒေါ်လာ ၄၅ သန်းခန့် ချေးပေးခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်တွင်အာဏာ အလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် ခြစားမှု စသည့် စွပ်စွဲချက်များဖြင့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက် သက်ဆင်သည် ဒူဘိုင်း၊ မွန်တီ နီဂရိုး၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံများသို့ လှည့်လည် သွားလာနေထိုင်ခဲ့သည်။
ယင်းအမှုများကို ရင်ဆိုင်ရန် ထိုင်းတရားရုံးချုပ်မှ ဆင့်ခေါ်ထားပြီး အတိုက်အခံ အဖွဲ့တခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝကလည်း ဝရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်ကို ဖမ်းဆီးကာ ထိုင်း တရားဥပဒေ အတိုင်း ရင်ဆိုင် ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမ လက်ရှိဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရကို တိုက်တွန်းထားသည်။