၂၀၁၃ ခုနှစ် အစမှာ ကချင်ပြည်နယ် တိုက်ပွဲတွေ လေကြောင်းအသုံးပြုတဲ့ အထိ ပြင်းထန်လာတာ၊ တဖက်မှာ ကရင်အမျိုးသားအစည်းရုံး (KNU) ခေါင်းဆောင်သစ်တွေ နေပြည်တော် ရောက်လာပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံတာ၊ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ အစိုးရ-တပ်မတော်တို့ရဲ့ ကချင်အရေးကိစ္စ ကိုင်တွယ်မှု အခြေအနေတွေကို ဧရာဝတီ ဝိုင်းတော်သားတွေက ဆွေးနွေးထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ