ဒီတပတ် ဒိတ်လိုင်း ဧရာဝတီမှာတော့ မြန်မာနိုင်ငံက ခရိုနီလို့လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အတိုက်အခံတွေကြား ဆက်ဆံရေးတွေ နီးစပ်လာပြီး ဝေဖန်မှုတွေ ကျယ်လောင်လာတာကြောင့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးပြုနိုင်သလဲ ၊ အတိုက်အခံတွေက ခရိုနီကြီးတွေကို ဘယ်လို ထိန်းကြောင်းသင့်လဲ စသဖြင့် ဧရာဝတီ ဝိုင်းတော်သားတွေ ဆွေးနွေးထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ