ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖရဲစစ်ရှောင်စခန်းသည် တရုတ်-မြန်မာနယ်စပ် စည်းမျဉ်း မိုင်တိုင် ၆ တွင် တည်ရှိပြီး ဒီဇင်ဘာမှ စတင်ပြီး မတ်လအထိ ဆီးနှင်းများ ရံဖန်ရံခါ ကျလေ့ရှိသည်။ မိုးရာသီနှင့် ဆောင်းရာသီ နှစ်ခုသာ ရှိပြီး အအေးချိန် ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ်အထိ အေးသည့် ကာလများလည်း ရှိသည်။ ဖရဲစစ်ရှောင်စခန်းတွင် ကချင်မျိုးနွယ်ဝင် လချိတ်လူမျိုးများ အများဆုံး နေထိုင်ပြီး လူဦးရေ ၁၂၀၀ ခန့်ရှိသည်။ လူသူ အရောက်အပေါက်နည်းကာ ကေအိုင်အေတပ်မဟာ ၇ ထိန်းချုပ်ရာ နယ်မြေတခု ဖြစ်သည်။ ဇခုံတိန်ယိန်း၏ နယ်ခြားစောင့် တပ်၊ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ရာကြားတွင် တည်ရှိသည်။ ဖရဲစစ်ရှောင် စခန်းသို့ ကယ်ဆယ်ရေး ပစ္စည်းများ ဆေးဝါး၊ အစားအစာ၊ အနွေးထည်နှင့် စောင်များ၊ ကျောင်းသုံးပစ္စည်းများ ပို့ဆောင်ရန် ခက်ခဲပြီး တရုတ်ပြည် ယူနန်ပြည်နယ်ကို ဖြတ်ကာ အကူအညီများ ပေးပို့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။