ကြိမ်ထိုးလုပ်ငန်းလုပ်ရာတွင် လက်ဝင်ခြင်း၊ အမြတ်ငွေအရနည်းခြင်းစသည်တို့အပြင် အသင့်ဝယ်ယူနိုင်သော အခြားသော ပရိဘောဂပစ္စည်းများ ဈေးကွက်အတွက် ပေါများလာခြင်းကြောင့် ကြိမ်ထိုးလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာသည်။ ထို့အပြင် ကြိမ်ထိုးပညာရပ်ကို စိတ်ဝင်တစား သင်ယူလိုသူ နည်းပါးလာသည့်အတွက် ကြိမ်ထိုးပညာ မျိုးဆက်ပျက်လုနီးပါးဖြစ်နေကြောင်း၊ ကြိမ်ထိုးပညာဖြင့် အသက်မွေးလုပ်ကိုင်သူ နည်းပါးလာနေကြောင်း မန္တလေးမြို့ရှိ ကြိမ်ထိုးလုပ်ငန်းမှ ကြိမ်ထိုးပညာရှင်များက ဆိုသည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်