NAC ခုခံအားကျဆင်းမှုရောဂါ ပြုစုစောင့်ရှောက်ရေး ဂေဟာ ဟာ အရှေ့ဒဂုံမြို့နယ်ထဲမှာ ရှိပြီး ရောဂါသည်တွေ နဲ့အတူ သူတို့ရဲ့မိသားစုတွေ ဟာ အတူလိုက်နေလျက်ရှိပါတယ် ။ လူဦးရေ ၁၆၀ မှာ တဝက်ကျော်က ရောဂါ ရှိနေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အေအာရ်တီ အသက်ကယ်ဆေး စားပြီး အသက်ရှည်နေကြသူတွေ ဖြစ်ပါတယ်။ ဒီ ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေရာထိုင်ခင်းပြည့်ပြည့်စုံစုံ မရှိသလို့ အာဟာရ အတွက်လည်း နေ့စဉ်အလှူ ရှင် တွေ လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြု ပြင်ပြောင်းလဲရေးအတွက် လက်မှုလုပ်ငန်းလေးတွေ ပြုလုပ်ပေးထားပြီး အများစုက ကလေးသူငယ်တွေပဲ ဖြစ်ပါတယ်။ ယနေ့ကျရောက်သော ကမ္ဘာ့ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့World AIDS Day မှာ အရှေ့ဒဂုံမြို့နယ်မှ NAC ခုခံအားကျဆင်းမှုရောဂါ ပြုစုစောင့်ရှောက်ရေး ဂေဟာ အကြောင်း တင်ပြလိုက်ရပါတယ် ။
ကမ္ဘာမှာ HIV ၊ AIDS ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံများ
ဆွာဇီလန်နိုင်ငံရဲ့ အမျိုးသမီးအများစုမှာ AIDS ရောဂါကူူးစက်နေရတဲ့ အကြောင်းကတော့ လိင်အကြမ်းဖက်ခံရမှု၊ မိန်းမ အများအပြားယူမှုနဲ့ အသက်ကြီးသူတွေနဲ့ စောစော အိမ်ထောင်ပြုမှုတွေကြောင့် ဖြစ်ပါတယ်။