ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ယမန်နေ့ကတင်သွင်း သည့် အဆိုကို ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လက်ရှိတရားစီရင်ရေး စနစ်တွင် အကျင့်ပျက်ခြစားမှုများ၊ မမျှတမှုများ စသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးကြခြင်း ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။ ယင်း အဆိုကို ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက တင်သွင်းခြင်း ဖြစ် ကြောင်း ယနေ့ ထုတ်အစိုးရ သတင်းစာများတွင်လည်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။