မြန်မာနိုင်ငံတွင်း ကလေး စစ်သား စုဆောင်းမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ကို ကုလသမဂ္ဂနှင့် အစိုးရတို့ ယမန်နေ့က လက်မှတ် ရေးထိုးသည်။ ယင်း အခမ်းအနားသို့ အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထားခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ Children and Armed Conflict ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ကုမာရ ဆွာမိတို့ရောက် ၍ လက်မှတ်ရေးထိုးကြခြင်း ဖြစ် ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။