ကတ္တီပါတော်လှန်ရေး ခေါင်းဆောင် သမ္မတဟောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ၏ ချက် နိုင်ငံက ဒုဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေး ဝန်ကြီး မစ္စတာ Karel Schwarzenberg က ယမန်နေ့ ညနေပိုင်း က နေပြည်တော် သင်္ဂဟ ဟိုတယ်၌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက် တွေ့ဆုံပြီး နှင်းဆီပန်း ခြောက် လက်ဆောင် ပေးသည်။ ယင်း နှင်းဆီပန်းသည် ချက်တွင် ရောက်ရှိနေသာ မြန်မာ့အရေးလှုပ်ရှားသူများက ၂၀၁၁ ခု ဒီဇင်ဘာ ၁၈ ရက်က အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် ဗားကလပ်ဗ် ဟာဗဲလ် ၏ ရုပ်ကလာပ်ပေါ် အမှတ် တရ ဂါရဝပြု တင်ခဲ့သည့် အဝါရောင် နှင်းဆီပန်းဖြစ်သည်။ ဗားကလပ်ဗ် ဟာဗဲလ်က သူရေးသား ခဲ့သည့် လွတ်လပ်ခြင်း နှင်းဆီ ဆောင်းပါး၌ ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီပန်း တပွင့်လက်ဆောင်ပေးချင်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ဖူးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။